သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, September 4, 2025

လွမ်းစေတီ

 

လွမ်းစေတီ

.

ကိုယ်တွေခေတ် မျိုးဆက်တွေနဲ့မစိမ်းတဲ့ 

လွှမ်းမိုးခဲ့တဲ့ 

အမည်တခု ဝေါဟာရတခုပါ


ဘယ်လောက်တောင်လဲဆိုရင် 

လူခြေတိတ်တိတ် ဆိတ်ဆိတ်ငြိမ်ငြိမ်နေရာက 

အမည်မထင်ရှားတဲ့ စေတီငယ်လေးများတွေ့ရင် 

ကိုယ့်ဖာသာ ဒီအမည်သမုတ်ပေးမိသည်အထိ

သညာထားမိသည်အထိ


ကိုယ်တော့ဖြင့် 

တဏှာရာဂတို့ပယ်သတ်ပြီး 

ကိလေသာအနှောင်အဖွဲ့တို့မှလွတ်အောင် 

ကြိုးစားဖောက်ထွက်သွားသူတယောက်ကို 

ရည်ညွှန်းဦးခိုက်ရာ သည်ဌာနလေးကို 


ဒီလိုရာဂနံ့တသင်းသင်းနဲ့ အမည်ပေးထားတာ

တယ်လည်းသဘောမကျလှဘူး


ပြီးတော့

လိုခြင်ရခြင် အကျိုးမျှော်ကိုးလို့ လောဘစိတ်အခြေခံ ကဗျည်းထိုးကင်မွန်းတပ်ထားတာမျိုးတွေကောပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Wednesday, September 3, 2025

သင်္ဂဇာဆရာတော်


သင်္ဂဇာဆရာတော်

စကားပုံနှင့်ပုံပြင်များ

စကားအရာတွင် တင်္ခဏုပ္ပတ္တိဉာဏ်ထက်မြက် တော်မူသော 

သင်္ဂဇာဆရာတော် (မြန်မာ ၁၁၇၇-၁၂၄၈) (A.D. 1815 - 1887) သည် 

ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း ဟူသော မင်းသုံးဆက်တိုင်တိုင် ထင်ရှားတော်မူခဲ့သည်။ 


ဆရာတော်ကို စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျေးလက်ပေါက်ချောင်းရွာတွင် 

မြန်မာသက္ကရာဇ် ၁၁၇၇-ခုနှစ် (ခရစ်နှစ် ၁၈၁၅) နယုန်လဆန်း ၁၄ရက် 

တနင်္ဂနွေနေ့တွင်ဖွားမြင်သည်။ ငယ်မည်မောင်ပို ဖြစ်၏။


မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ် (ခရစ်နှစ် ၁၈၈၇) ဝါခေါင်လဆန်း ၁ဝ ရက်

နာရီပြန် ၂ ချက်တီး အချိန်တွင် ဝါတော် ၅၂ သက်တော် ၇၂တွင် 

မန်ကျည်းတော ကျောင်းတိုက်၌ပျံလွန်တော်မူသည်။

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


သန်းထွန်းလေး☆ အင်းတဲရွာ


မြက်ရိုင်းများ


 မြက်ရိုင်းများ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၃)

....

အာဏာရှင်ဆိုတာ မြက်ရိုင်းပင်လိုပဲ

တပင်ပေါက်တာနဲ့ တရုံဖြစ်ဖို့သိပ်မကြာ


ပြီးတော့ ...

ကမ္ဘာကြီးရဲ့အကြောင်အကြား ဘယ်နားကဖြစ်ဖြစ် ဖက်လဲတကင်းလဲရှိသလို တတ်စွမ်းတာထက်ပိုလို့ အချင်းချင်းနွေးထွေးကြတယ် ကူညီကြတယ် 


ဆရာနေဝင်းမြင့်ရဲ့ 

မင်္ဂလာမရှိတဲ့သူဆိုတဲ့ ဝတ္ထုတိုလေးအတိုင်းပေါ့


တရားပါတယ် မျှတပါတယ်လို့ 

တွင်တွင်ဟစ်အော်နေသူတွေကြားမှာသာ ...

....

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



Tuesday, September 2, 2025

Yamakaathaghi (2025) အလောင်းရဲ့ဆန္ဒ


 

Https://www.youtube.com/@thantunlayinde 

ကောင်မလေးတယောက် ကိုယ့်ကိုယ်ကိုသတ်သေသွားတယ်တဲ့


ဒီလိုသတ်သေသူတွေရဲ့ခန္ဓာဟာ သူတို့မတရားညှင်းပန်းအနှိုပ်စက်ခံခဲ့ရတာတွေအတွက် တရားမျှတမှုကိုတောင့်တပြီး 

မရမခြင်းအိမ်မှသယ်ထုတ်လို့ မရနိုင်ဘူးလို့ ထိုရွာသားတို့ ယုံကြည်ကြတယ်


ကျွန်တော်တို့ရိုးရာမှာလည်း ဒါမျိုးရှိတယ်မဟုတ်လား

အစိမ်းသေလို့ခေါ်တဲ့ ရုတ်တရက်သေဆုံးခြင်းမျိုးတွေမှာ အကျွတ်မလွတ်နိုင်ဘဲရှိတယ်ဆိုမျိုးပေါ့


ကျွန်တော်တို့မှာတော့ ဝိညာဉ်ကခြောက်လှန့်တာမျိုးဖြစ်ပြီး

သူတို့ရိုးရာမှာတော့ အလောင်းကောင်ကိုက ပါဝါရှိတဲ့သဘောမျိုးပေါ့ 


ဖုတ်ဝင်တယ်ဆိုတာနဲ့ နီးစပ်ပေမယ့် တူတော့မတူပါဘူး

ကိုယ်တွေရိုးရာမှာဖုတ်က သွားလာလှုပ်ရှားစားသောက်ခြင်းသဘောရှိတာကိုး


ခုဟာကထိုကဲ့သို့လှုပ်ရှားမှုမရှိသည့်တိုင် အားကောင်းမောင်းသန်ယောက်ျားများစွာ သယ်မထုတ်ယူဖို့ကြိုးစားကြပေမယ့် မြေကမကြွ 


အတင်းကာရောလုပ်ပြန်တော့ ရုန်းထွက်ကာနံရံမှာကပ်လျှက် မတ်တပ်အနေအထားမို့ ထိပ်ထိပ်ပြာပြာဖြစ်ကြရ


သူမအပေါ်မှားမိသူတို့တောင်းပန်မှ 

သယ်မခွင့်ပြုမယ့်သဘော လိုက်ပါမယ့်သဘော

 

ဒီကားလေးက သရဲကားမဟုတ်ဘူးနော် 

ဆန္ဒတခုကြောင့် သဂြိုလ်ဖို့ခက်နေတဲ့ အလောင်းကောင်အ

ကြောင်းပါ

Directed by Peppin George Jayaseelan

Starring Roopa Koduvayur

ကြည့်ရန်

https://t.me/kolayinde1/115

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


Am I Next (2023) တနေ့ကိုယ့်အလှည့်


 

Https://www.youtube.com/@thantunlayinde 

.

ဒီကားလေးက မတရားမှုကို ငုံ့မခံဖို့ 

ကံကိုယိုးမယ်ဖွဲ့ပြီး လက်မခံလိုက်ဖို့

နှုတ်ဆိတ်မနေဘဲ တန်ပြန်ရင်ဆိုင်လို့ ကျော်ဖြတ်အနိုင်ယူဖို့ပါ


မတရားမှန်သိသိကြီးနဲ့ ငုံ့ခံနေရင် 

အသံတိတ်နှုတ်ဆိတ်နေရင်ဘာဖြစ်မလဲ...?


ထိုအရာက လွတ်လပ်စွာလှည့်လည်ကျက်စားခွင့်ရလို့ 

ကိုယ့်လို နစ်နာရသူတွေများစွာ ပေါ်ပေါက်လာစေမယ့်လမ်းကို ဖြတ်သန်းခွင့်ပေးလိုက်တာပဲမို့ 


နောက်ကြုံရမယ့် နစ်နာရမယ့်သူအတွက် 

ကိုယ့်မှာလည်း တနည်းတဘာသာတာဝန်ရှိပါတယ်


လူမှုအသိုင်းအဝိုင်းက

ရှုံ့ချဖို့ပျက်ကွက်ရင်ကောဘာဖြစ်မလဲ...?


ဇာတ်ကားအမည်လိုပဲ


တချိန်ချိန်မှာ ကိုယ့်ဆီရောက်လာမှာ

ငါ့အလှည့်ဘယ်တော့ကျမလဲလို့ 

စိုးတထိတ်ထိတ်နဲ့ ကြောက်နေရမှာပါ


အမိမြေရဲ့ဒီကနေ့လက်ရှိအခြေအနေလိုပေါ့

ဘယ်မှာတော့ အလုပ်သွားရင်းဆွဲစိခံရတယ်

ဘယ်မှာတော့ အိမ်ထဲအထိဝင်ခေါ်သွားတယ် 


စသည်စသည်ဖြင့် မတရားသဖြင့် အတင်းအဓမ္မလုပ်ဆောင်မှုတွေကို သဘောတူသည်မဟုတ်သည့်တိုင် ကန့်ကွက်ဖို့ ရှုံ့ချဖို့ ပျက်ကွက်ရင် နေသာသလိုနေနေရင် တနေ့နေ့မှာ သင့်အလှည့် ကျရောက်လာမှာမုချ


မင်းသမီးရဲ့အဖေပြောတဲ့စကားလေးက သိပ်လှတယ်


သမီးကို ပြဿနာမဖြစ်အောင် မကြုံရအောင် 

ရှောင်ကွင်းနေထိုင်တတ်ဖို့ပဲ သင်ပေးခဲ့ဖူးတာ


သတ္တိက အနိုင်ယူနိုင်တယ် 

ရင်ဆိုင်ကျော်ဖြတ်ဖို့ သတ္တိရှိရမယ်လို့ ပြောမပြမိခဲ့ဘူးတဲ့

directed and produced - Rahhat Kazmi ရာဟစ် ကာဇမီ

Anushka Sen အနွတ်ရှ်က ဆင်န်

ကြည့်ရန်

https://t.me/kolayinde1/228

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



VAR (သို့) အကူအညီမှမှီခိုခြင်းသို့


 

Https://www.youtube.com/@thantunlayinde 

ဘောလုံးပွဲတွေမှာ VAR စတင်အသုံးပြုတော့ FIFA ရဲ့ ကြေညာမှုမှာ ဒိုင်လူကြီးတို့ရဲ့ အမှားကိုလျှော့ချနိုင်ဖို့နဲ့


လူသားတို့ရဲ့ပကတိမျက်စိနဲ့ မမြင်လိုက်တဲ့ မမြင်နိုင်တဲ့အရာတွေအတွက် ထောက်ပြကူညီဖို့လို့ဆိုတယ်


သူ့ကြောင့်ပဲ ဝိဝါဒကွဲစရာ ကြီးမားတဲ့အမှားတွေကိုရှောင်လွှဲနိုင်ခဲ့တာလည်းကျေနပ်စရာ


ဒါပေမယ့် ဒီနည်းပညာကို အကူအညီပေးဖို့ဆိုတဲ့ သူ့ရဲ့မူလရည်ရွယ်ချက်ထက်ပိုလို့ အလွန်အမင်းမှီခိုလာတာခပ်စိတ်စိတ်တွေ့ရတယ်


ကိုယ့်ရှေ့မှောက် ကိုက်အနည်းငယ်အကွာက ဖြစ်ရပ်လေးကိုတောင် ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်တာမျိုးမလုပ်ဘဲ


အင်မတန် မှရှင်းလင်းတဲ့ လွယ်ကူတဲ့ဖြစ်ရပ်လေးတွေမှာတောင် ကစားပွဲကိုရပ်တန့်လို့ မိနစ်အတော်ကြာ VAR အထပ်ထပ်ကြည့်နေပြန်တော့ ပွဲရဲ့အရှိန်နဲ့ရသကို အတော်လေးကိုထိခိုက်စေတာပါ


နည်းပညာကို လိုအပ်လို့အကူအညီယူရာက 

လူသားတို့ရဲ့ကိုယ့်စွမ်းရည်အပေါ် ယုံကြည်မှုလျော့လို့ အလွန်အမင်း မှီခိုခြင်းသဘောကို ရွေ့လျားသွားတာ 

ရင်နာစရာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


သန်းထွန်းလေး (အင်းတဲရွာ)

ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ ‌မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်မြေအောက်တိုင်းပြည် နဲ့ Journey to the Center of the Earth (2008)

  ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ ‌မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်မြေအောက်တိုင်းပြည် နဲ့ Journey to the Center of the Earth (2008) ။ ဒီစာအုပ်နဲ့ ဒီဇာတ...