သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, September 2, 2025

VAR (သို့) အကူအညီမှမှီခိုခြင်းသို့


 

Https://www.youtube.com/@thantunlayinde 

ဘောလုံးပွဲတွေမှာ VAR စတင်အသုံးပြုတော့ FIFA ရဲ့ ကြေညာမှုမှာ ဒိုင်လူကြီးတို့ရဲ့ အမှားကိုလျှော့ချနိုင်ဖို့နဲ့


လူသားတို့ရဲ့ပကတိမျက်စိနဲ့ မမြင်လိုက်တဲ့ မမြင်နိုင်တဲ့အရာတွေအတွက် ထောက်ပြကူညီဖို့လို့ဆိုတယ်


သူ့ကြောင့်ပဲ ဝိဝါဒကွဲစရာ ကြီးမားတဲ့အမှားတွေကိုရှောင်လွှဲနိုင်ခဲ့တာလည်းကျေနပ်စရာ


ဒါပေမယ့် ဒီနည်းပညာကို အကူအညီပေးဖို့ဆိုတဲ့ သူ့ရဲ့မူလရည်ရွယ်ချက်ထက်ပိုလို့ အလွန်အမင်းမှီခိုလာတာခပ်စိတ်စိတ်တွေ့ရတယ်


ကိုယ့်ရှေ့မှောက် ကိုက်အနည်းငယ်အကွာက ဖြစ်ရပ်လေးကိုတောင် ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်တာမျိုးမလုပ်ဘဲ


အင်မတန် မှရှင်းလင်းတဲ့ လွယ်ကူတဲ့ဖြစ်ရပ်လေးတွေမှာတောင် ကစားပွဲကိုရပ်တန့်လို့ မိနစ်အတော်ကြာ VAR အထပ်ထပ်ကြည့်နေပြန်တော့ ပွဲရဲ့အရှိန်နဲ့ရသကို အတော်လေးကိုထိခိုက်စေတာပါ


နည်းပညာကို လိုအပ်လို့အကူအညီယူရာက 

လူသားတို့ရဲ့ကိုယ့်စွမ်းရည်အပေါ် ယုံကြည်မှုလျော့လို့ အလွန်အမင်း မှီခိုခြင်းသဘောကို ရွေ့လျားသွားတာ 

ရင်နာစရာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကနောင်မင်းသားကြီး စနည်းနာထွက်ခြင်း - ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ(ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉)

  ဒီမအေဘေးမျိုးတွေက ဒီအချိုးချည်းပါပဲ (ငတိုလှိုင်ရဲ့အဆုံးသတ် / ၃၉) ။ မအလ အတင်းအဓမ္မအာဏာသိမ်းစဉ်ကာလအစောပိုင်းက ကိုယ့်တိုင်းပြည်အရေးအရာကို လာရ...