သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, September 4, 2025

လွမ်းစေတီ

 

လွမ်းစေတီ

.

ကိုယ်တွေခေတ် မျိုးဆက်တွေနဲ့မစိမ်းတဲ့ 

လွှမ်းမိုးခဲ့တဲ့ 

အမည်တခု ဝေါဟာရတခုပါ


ဘယ်လောက်တောင်လဲဆိုရင် 

လူခြေတိတ်တိတ် ဆိတ်ဆိတ်ငြိမ်ငြိမ်နေရာက 

အမည်မထင်ရှားတဲ့ စေတီငယ်လေးများတွေ့ရင် 

ကိုယ့်ဖာသာ ဒီအမည်သမုတ်ပေးမိသည်အထိ

သညာထားမိသည်အထိ


ကိုယ်တော့ဖြင့် 

တဏှာရာဂတို့ပယ်သတ်ပြီး 

ကိလေသာအနှောင်အဖွဲ့တို့မှလွတ်အောင် 

ကြိုးစားဖောက်ထွက်သွားသူတယောက်ကို 

ရည်ညွှန်းဦးခိုက်ရာ သည်ဌာနလေးကို 


ဒီလိုရာဂနံ့တသင်းသင်းနဲ့ အမည်ပေးထားတာ

တယ်လည်းသဘောမကျလှဘူး


ပြီးတော့

လိုခြင်ရခြင် အကျိုးမျှော်ကိုးလို့ လောဘစိတ်အခြေခံ ကဗျည်းထိုးကင်မွန်းတပ်ထားတာမျိုးတွေကောပေါ့

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Gargi (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  Gargi (2022) (ဇာတ်ကား🖊 တွေး၊ညွှန်း) Https://youtube.com/@thantunlayinde  .... သားသမီးယုံစုံလုံးကန်း ဆိုတဲ့စကားရှိတယ် အမှန်က မိဘနဲ့သားသမီက...