သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, May 5, 2026

နိဗ္ဗာန်


 နိဗ္ဗာန်

ဘာသာတရားတို့ရဲ့ အဆုံးပန်းတိုင် အန္တိမရည်ရွယ်ချက်နဲ့ပတ်သက်ရင် သေလွန်ပြီးနောင်မှ ခံစားရယူနိုင်တာမျိုးအဖြစ်တည်ရှိနေတာများတယ်ဟုတ် 


ဥပမာ ထာဝရကောင်းကင်ဘုံတို့ ထာဝရဝိညာဉ်တော်နဲ့ပေါင်းဖက်မှုတို့ မဟာဗြဟ္မာကြီးထံရောက်ရှိမှုတို့ စသည်ဖြင့်ပေါ့


ဗုဒ္ဓဘာသာရဲ့ နိဗ္ဗာန်ကိုလည်း ဘာသာဝင်များကိုယ်တိုင်က ထိုကဲ့သို့ သေလွန်မှစံဝင်နိုင်မယ့်နေရာအဖြစ် မှတ်ယူကောင်းယူနိုင်တယ်


အမှန်တော့ဒီလိုမဟုတ်ဘူးဗျ


ဂေါတမဗုဒ္ဓဟာ ငါတွေ့ရှိခဲ့တဲ့လမ်းစဉ်အတိုင်း သင်လည်းလိုက်ပါကျင့်ကြံကြည့်ပါ ငါပြောတဲ့ ငါတွေ့တဲ့ နိဗ္ဗာန်ဆိုတာ သေပြီးနောက်မှ ရောက်မယ့်ရမယ့်ခံစားရမယ့်အရာမဟုတ်ဘူး မသေချာတဲ့ သင်မသိနိုင်တဲ့အရာတွေနဲ့ မက်လုံးပေးဖျားယောင်းတာမဟုတ်ဘူး ဒီဘဝဒီခန္ဓာနဲ့ပဲ သင်ကိုယ်တိုင်လက်တွေ့မျက်တွေ့ ထိတွေ့ခံစားနိုင်မယ်ဆိုတာ အာမခံတယ်တဲ့


သွာက္ခာတော ဘဂဝတာ ဓမ္မော

သန္ဒိဋ္ဌိကော

အကာလိကော

ဧဟိပဿိကော

ဩပနေယျိကော

ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ ဆိုတာလေ 


ဒါကိုတရားဂုဏ်တော်လို့ခေါ်တယ် အမှန်တော့ ဘုရားက သူ့စကားနဲ့ပတ်သက်ပြီးအာမခံတဲ့သဘောပါ ငါပြောတဲ့အတိုင်းလုပ်ကြည့် ငါပြောတဲ့အေးငြိမ်းချမ်းသာကို မင်းလည်းလက်တွေ့မျက်တွေ့ သိမြင်ခံစားနိုင်မယ်ဆိုတာ အာမခံတယ်ဆိုတဲ့သဘောပါ


နိဗ္ဗာန်ဆိုတာက သီးခြား‌ဘုံဌာနမဟုတ်ဘဲ ဝါနဆိုတာက တပ်မက်မှုတဏှာ နိဆိုတာက ကင်းဆိတ်တာ ချုပ်ငြိမ်းတာ ပယ်သတ်နိုင်တာ ဒီတော့ ဒီကိလေသာအနှောင်အဖွဲ့တို့ ဖယ်ခွာလို့ ပကတိတည်ငြိမ် အေးချမ်းတဲ့ သန္တတိသုခကိုပြောတာပါ


ဒါကြောင့်ပဲစာတွေမှာ ဘုရားလက်ထက်က ရဟန္တာတွေကိုတွေ့မှာပေါ့ ဆွမ်းကိစ္စပြီးတာနဲ့ တပါးတည်းဆိတ်ငြိမ်ရာချဉ်းကပ် အရဟတ္တမဂ်ဖိုလ်ဝင်စားလို့ ချမ်းသာစွာနေတယ်ဆိုတာလေ


ဒါကပြောရမယ်ဆိုရင် လက်ရှိဘဝလက်ရှိခန္ဓာနဲ့ နိဗ္ဗာန်ကိုစံဝင်တဲ့သဘော နိဗ္ဗာန်ရဲ့အရသာကိုထိတွေ့ခံစားတဲ့သဘောလို့ဆိုရမှာပါ့


ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာရဲ့ နိဗ္ဗာန်ဆိုတာက သေလွန်မှသာရမယ့် ရောက်မယ့်အရာအဖြစ် ရောက်မရောက်ရမရကိုယ်မသိနိုင်တဲ့အရာနဲ့ မက်လုံးပေးစွဲဆောင်တဲ့အရာမဟုတ်ဘူးလို့ဆိုချင်တာပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆရာဆန်းလွင် - ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ

  YouTube မှာ နားစဉ်ရန်နှိုပ်ပါ