သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, May 4, 2026

ကျွန်စိတ် (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၂)


 ကျွန်စိတ် (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၂)

.

ဗုဒ္ဓဒေသနာမှာရှိတယ် အတ္တဟိအတ္တနော နာထော တဲ့

ဘာသာပြန်တော့ မိမိကိုယ်သာကိုးကွယ်ရာတဲ့ 


ဆိုလိုတာက မိမိကြုံတွေ့ရတဲ့အခက်အခဲအတားအစီးတွေကို မိမိရဲ့ဉာဏ်ဝီရိယတို့နဲ့စိုက်ထုတ်ဖြေရှင်းဖို့ပါ ဒါမှမိမိစွမ်းရည်အရည်အချင်းက မိမိအတွက်ကိုးရာဖြစ်လာမှာပေါ့ 


ခေတ်စားခဲ့တဲ့သီချင်းတပုဒ်လို 

ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာသခင်ဖြစ်မယ်ပေါ့


အကယ်၍သူတပါးအကူအညီနဲ့ဖြေရှင်းလို့ ပြဿနာပြေလည်သွားတယ်ဆိုပါတော့ အဲ့ဒါကယာယီပြေလည်ခြင်းသဘောသက်သက်မျှသာဖြစ်ပြီး ကိုယ်တိုင်ဖြေရှင်းကျော်ဖြတ်ခဲ့တာမဟုတ်လေတော့ အလားတူပြဿနာနောက်တခါကြုံတွေ့ရချိန်မှာလည်း ကိုယ်တိုင်မဖြေရှင်းတတ်သေးဘဲ အကူအပံ့ကိုမျှော်လင့်နေရပြန်တာပဲ အားကိုရာရှာရပြန်တာပဲမဟုတ်လား


ကျွန်တော်တို့ရဲ့ ကိုလိုနီလွတ်လပ်ရေးကိုဦးဆောင်ခဲ့ကြတဲ့ လူငယ်တွေကိုကြည့်လေ တပါးအားကိုးနဲ့ပြဿနာကိုရင်ဆိုင်တော့ အောင်နိုင်လို့တော့သွားပေမယ် အစစ်အမှန်အောင်နိုင်မှုကိုမရဘူး ဒီတော့ဂျပန်ကိုပြန်တိုက်ရပြန်တယ် နောက်ဆုံး သခင်စိတ်သန်သန်နဲ့ ကိုယ့်အားကိုယ်ကိုးလိုက်မှ အစစ်အမှန်အောင်နိုင်ခြင်းကို ခံစားခဲ့ကြရတာမဟုတ်လား


နောက်ပိုင်းမတော့ ဒီ ထက်သန်နေတဲ့သခင်စိတ်ကို စစ်အာဏာရှင်အဆက်ဆက်ပြန်လည်းချိုးနှိမ်ခဲ့ကြတယ် ဒါကအထိုက်အလျှောက်လည်းအောင်မြင်မှုရသွားတယ်လို့ဆိုနိုင်ပါတယ် 


ဘာကြောင့်ဒီလို‌ပြောရလဲဆိုတော့ ငတိုလှိုင်အာဏာသိမ်းစက ဟိုကလာကူမလို့ ဒီကလာဖြေရှင်းပေးမလို သူရဲကောင်းမျှော်ဝါဒသဘော မျှော်လင့်တောင်းတခဲ့ကြသေးတာမဟုတ်လား


တနည်းအားဖြင့်ဒါက ကျွန်စိတ်ပါ

လူထုအကြားအာဏာရှင်တွေ ရှင်သန်စေချင်အရာပေါ့


ခုလည်းကြည့်လေ စစ်အာဏာရှင်ကိုတန်ပြန်အနိုင်ယူဖို့ကိစ္စမှာ ငါတို့အရေးအရာ ငါတို့အနာဂါတ်နဲ့ဆိုင်တဲ့အရေးမို့ ကိုယ်နိုင်ရာနိုင်ရာစုပေါင်းဖြေရှင်းကြမယ်မတွေးဘဲ မပါဝင်ဘဲ NUG ရဲ့အလုပ်သက်သက် PDF တွေပဲယူပေးရမယ့်အရာ သူတို့နဲ့သာဆိုင်တဲ့ဝတ္တရားတခုလိုယူဆ ကိုယ့်လည်းပါရမယ့်ဝန်တာကိုမယူဘဲ သူတို့ပုခုံးပေါ်ချည်းပစ်တင်တာ  


ဒါတွေကကျွန်စိတ်ပဲမဟုတ်လား 


ဒါကြောင့် ဂေါတမဗုဒ္ဓ ပြောခဲ့တဲ့ အတ္တဟိအတ္တနော နာထော ဆိုတဲ့အတိုင်း သခင်စိတ်ပျိုးထောင်ကြပါစို့လို့ တိုက်တွန်းချင်တာပါ

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ကျွန်စိတ် (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၂)

 ကျွန်စိတ် (ငတိုလှိုင်ရဲ့အဆုံးသတ် / ၅၂) . ဗုဒ္ဓဒေသနာမှာရှိတယ် အတ္တဟိအတ္တနော နာထော တဲ့ ဘာသာပြန်တော့ မိမိကိုယ်သာကိုးကွယ်ရာတဲ့  ဆိုလိုတာက မိမိ...