သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, April 2, 2026

သူတို့နဲ့စာရင် ...


 သူတို့နဲ့စာရင် ...

ဒီစကာလုံးလေးက ပြင်ဆင်နိုင်ခွင့်မရှိတာ ရွေးချယ်ခွင့်မရှိတာတွေမှာ စိတ်ပျက်အားငယ်နေမှုကိုလျှော့ချဖို့ အတော်အသုံးဝင်တယ်


ဥပမာ


အိပ်ယာထဲပက်လက်နေရသူလူမမာကိုကြည့်ပြီး ကိုယ်အင်္ဂါချို့ယွင်းသူက ယခင်အကြီးမားဆုံးချို့ယွင်းမှုအဖြစ်မှတ်ယူနေမိခဲ့တဲ့ သူ့အားနည်းချက်ကိုဖြေသိမ့်လို့ သူနဲ့စာရင် ငါကတော်သေးရဲ့ဆိုတာမျိုး


ထိုကိုယ်အင်္ဂါချို့ယွင်းသူကိုကြည့်ပြီး ဆင်ရဲသားမိဘကပေါက်ဖွားလာသူက သူနဲ့စာရင် တော်သေးတာပဲဆိုပြီး ဖြေသိမ့်မိတာမျိုး


စသည်စသည်ဖြင့် ပြင်ဆင်နိုင်ခွင့်မရှိတာ ရွေးချယ်ခွင့်မရှိတာတွေမှာ စိတ်ပျက်အားငယ်နေမှုကိုလျှော့ချဖို့ အတော်အသုံးဝင်တယ်

ဒါပေမယ့် ရွေးချယ်လို့ရတဲ့ကိစ္စတွေမှာတော့ ကိုယ့်ရဲ့တိုးတက်မှုကို တန့်သွားစေအောင် သူကတာစီးနေတတ်ပြန်တယ်


ဥပမာ

ကျွန်တော်တို့က အမှားတခု အပြစ်တခုလုပ်ပြီးရင် ကိုယ့်ထက်မှားသူကိုဖွေရှာလက်ညှိုးထိုးလို့ ကိုယ်အမှားကိုပေါ့သွားဖော့ပြစ်ဖို့ အရင်ဆုံးကြိုးစာတတ်ကြတယ်


ငါကမှတော်သေး ဘယ်သူတွေဖြင့်ဘယ်လို

ဘယ်သူတွေနဲ့စာရင် စသည်ဖြင့်ပေါ့


လုပ်ရမယ့်တာဝန်မှာလည်း ကိုယ့်ထက်အားစိုက်မှု‌နည်းသူတွေကို ဖွေရှာလို့ သူတို့နဲ့စာရင် ငါအတော်ပါဝင်လုပ်ဆောင်ခဲ့တာပဲဟာ သူတို့နဲ့စာရင်ငါကတာဝန်ပိုကျေပါတယ်စသည်ဖြင့် ကိုယ့်ရဲ့လျော့ပါးလာတဲ့ ဝီရိယကိုအကာကွယ်ပြုဖို့ ကိုယ့်စိတ်ကိုလှည့်စားဖြေဖျောက်ဖို့ ကြိုးစားကြတယ်ဟုတ်


ဒါကြောင့်ပဲ အတွေးအခေါ်ပညာရှင်တို့ကဆိုကြတာနေမှာ 


လူဆိုတာ သတ္တလောကမှာ စဉ်းစားဆင်ခြင်ဉာဏ်အမြင့်ဆုံးသတ္တဝါလို့မည်မျှပင်ဆိုစေ ထိုဉာဏ်ပညာကို ကိုယ်မှန်ကြောင်းသက်သေပြဖို့နဲ့ ကိုယ့်အမှားကိုဖြောက်ဖျက်ပြစ်ဖို့ ဆင်ခြေရှာဖို့သက်သက်ပဲအသုံးပြုနေရင်တော့ တယ်ဟန်မကျလှဘူးတဲ့


ဟုတ်တယ်ဗျ အမှန်တော့ ဉာဏ်ပညာကို ကောင်းတာကိုပိုမိုတိုးတက်များပြားလာစေဖို့နဲ့ မကောင်းတာဆိုလျော့ပါးကွယ်ပြောက်အောင်ပြုမှုအားထုတ်ဖို့အတွက်ပဲ အသုံးပြုသင့်တာမဟုတ်လား


သူ့အမှားကိုထောက်လို့ ကိုယ့်အမှားကိုဖော့ဖို့ စကားတန်ဆာဆင်လို့ စိတ်ကိုလှည့်စားလို့ရကောင်းရမယ် ဒါပေမယ့် အမှားကအမှားသာပါပဲ အားနည်းချက်ကအားနည်းပါပဲ 


ဘယ်တော့မှအမှန်ဖြစ်လာမှာမဟုတ်သလို့ အားနည်းချက်ကလည်း ပြောက်ပျက်သွားတာမှမဟုတ်တာ


ဒါကြောင့်ပဲသူတို့နဲ့စာရင် သူတို့နဲ့စာရင်ဆိုပြီး ကိုယ့်အားနည်းမှုကို ပြင်ဆင်ပြုပြင်ခြင်းမရှိပဲ ဖြေသိမ့်နေမယ်ဆိုရင် တိုးတက်မှုဆိုတာ တန့်သွားပြီပေါ့လို့ ဆိုချင်တာပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

သူတို့နဲ့စာရင် ...

 သူတို့နဲ့စာရင် ... ။ ဒီစကာလုံးလေးက ပြင်ဆင်နိုင်ခွင့်မရှိတာ ရွေးချယ်ခွင့်မရှိတာတွေမှာ စိတ်ပျက်အားငယ်နေမှုကိုလျှော့ချဖို့ အတော်အသုံးဝင်တယ် ဥပ...