သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, March 8, 2026

သဏ္ဍာန် နဲ့ သဏ္ဌာန်

 

သဏ္ဍာန် နဲ့ သဏ္ဌာန်

ဒီစကားစုလေး‌မှာ ဏအောက်က အက္ခရာလေးက ဘာဖြစ်မလဲစဉ်းစားဖူးကြလားဗျ ဘယ်ဟာကမှန်မလဲဆိုတာကောပေါ့


ဏ္ဍ မှာက ဏအောက်က ဍရင်ကောက်ဖြစ်ပြီး

ဏ္ဌ မှာတော့ ဏ အောက် ဌဝမ်းဘဲပါ

ဋတလျင်းချိတ်မပါဘူးပေါ့ 


ဖြည်လိုက်ရင်တော့ 

သဏ်ဍာန် နဲ့ သဏ်ဌာန်ပေါ့ဗျာ 

ဒါပေမယ့်ဖတ်ရင် သဏ် ကိုအသံဝက်နဲ့ 

(သတန် နဲ့ သထန် ပေါ့)


မြန်မာအဘိဓာန်မှာတော့ ဏ္ဍ ရေးထုံးသာရှိပြီး ဏ္ဌ ရေးထုံးမပါဝင်ဝာာတွေ့ရတယ် App ဆိုတော့ ကျန်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ g board မှာတော့ စာဆင့်နှစ်ခုစလုံးကို ထည့်သွင်းပေးထားတယ်


မြန်မာလိုဆိုရင်တော့ ပုံပန်း အသွင်အပြင်တဲ့


ဒီနေရာမှာ တချို့က ဏ္ဌ ဒီရေးထုံးကိုပိုသဘောကျကြတာတွေ့ရတယ် 


နှစ်ဖက်စလုံးက ပါဠိ သဏ္ဍာန / သဏ္ဌာန ကနေလာတယ်လို့ ကိုယ်စီအခိုင်အမာဆိုကြပြန်ပါတယ်  


ဒီတော့ဂွပဲ 


တခုမှန်ရင်တခုမှားရတော့မယ်မဟုတ်လား

နှစ်မျိုးစလုံးကလည်း အသုံးတွင်နေပြန်တော့ ကိုယ့်မူနဲ့ကိုယ် အမှန်ဖြစ်နေကြတော့ အဘိဓာန်ပဲလွှင့်ပစ်ရမလိုလို အများသုံးပဲလိုက်ရမလိုလိုရယ်


ဒီလိုစိတ်ထဲကလိကလိဖြစ်နေသမျှ ai ကိုမေးကြည့်မှပဲ ဘဝင်တကျရှိသွားတော့တယ် 


သူကမျက်စိနဲ့မြင်ရတဲ့ အပြင်ပန်းဆိုရင် ဏ္ဍ နဲ့ရေးပြီး

စိတ်အတွင်းပိုင်းမှာဖြစ်ပေါ်တာဆိုရင် ဏ္ဌ နဲ့ရေးပါတယ်တဲ့

(ပုံသဏ္ဍာန် နဲ့ အတွင်းသဏ္ဌာန်ပေါ့ဗျာ)


ဒီတော့ တခုစီကသီးခြားအဓိပ္ပာယ်ဖော်ဆောင်တဲ့သဘောမို့ နှစ်ခုစလုံးကို အမှန်ပေးလို့ရတာမို့ ကျေနပ်သွားတာပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ 



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အခွီးအကယ်ဒမီ

 အခွီးအကယ်ဒမီ ။ ကျွန်တော်တို့ငယ်စဉ်က လူရွှင်တော်ကြီး ဦးမိုးဒီ ကိုးဆယ်ဆသာလိမ့်မယ်ဆိုတဲ့ဇာတ်ကားနဲ့ အကယ်ဒမီရတော့ သူ့ဇာတ်ရုပ်နဲ့ဇာတ်ကြောင်း ကိုယ...