သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, March 9, 2026

အခွီးအကယ်ဒမီ


 အခွီးအကယ်ဒမီ

ကျွန်တော်တို့ငယ်စဉ်က လူရွှင်တော်ကြီး ဦးမိုးဒီ ကိုးဆယ်ဆသာလိမ့်မယ်ဆိုတဲ့ဇာတ်ကားနဲ့ အကယ်ဒမီရတော့ သူ့ဇာတ်ရုပ်နဲ့ဇာတ်ကြောင်း ကိုယ့်အစ်ကိုကိုပြောပြတော့ သူကရယ်တယ် 


သူသာ မိုးဒီဆိုရင် အကယ်ဒမီတက်မယူဘူးတဲ့ 


သူကဟာသသမားလေကွာ ဟာသဇာတ်ရုပ်အပြီပြင်ဆုံး အထူးချွန်ဆုံးဆုကမှ သူ့အတွက်တကယ်ဂုဏ်ယူစရာကောင်းမှာ ခုတော့ မြန်မာ့အကယ်ဒမီထူးချွန်ဆုကို အရည်အသွေးသတ်မှတ်ရာမှာ သက်ဆိုင်ရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်မနိုင်သူကို ပေးတာမျိုးမဟုတ်ဘဲ ငိုအောင်လုပ်နိုင်မှ အရမ်းကာရောအနစ်နာခံနေတဲ့ ထိုဇာတ်ရုပ်မှ အကယ်ဒမီပေးတဲ့သဘောဖြစ်နေတယ်တဲ့


ဟုတ်တော့လည်းဟုတ်တယ် ကိုယ်တွေနိုင်ငံမှာ ကိုယ်တွေမြင်ခဲ့ဖူးသမျှ ဒီသဘောချည်းပါပဲ


နိုင်ငံတကာက ဆုတွေကိုငဲ့ကြည့်ရာမှာလည်း သိပ်တော့မထူးခြားလှတာကိုတွေ့ရတယ်

သူတို့ကတော့ ငိုရမှပေးတယ်ရယ်တော့မဟုတ်ပါဘူး ဒါပေမယ့် ဖောက်ထွက်တယ် ဆန်းသစ်တယ် ဆိုတဲ့ ဂုဏ်ကြီးကို ဖက်တွယ်လို့ သူ့တို့အော်စကာဆုရဇာတ်ကားတွေကြည့်ရင် တယ်လှကြိုက်လှတယ် သိပ်မရှိပါဘူး


မင်းသားကြီး ဘရန်ဒန်ဖရေဆာ ဆိုရင်ကြည့်လေ တသက်တာလုံး ဒိတ်ဒိတ်ကြဲကားတွေရှိခဲ့ပါရဲ့နဲ့ ပေးမယ်ပေးတော့ the whale ဆိုတဲ့ကားနဲ့မှ အော်စကာဆုရတော့တယ် ဇာတ်ရုပ်က ကာလအလျှောက် ထိုသူတို့အပေါ်နားလည်မှုပေးဖို့ တောင်းဆိုနေချိန် ခါတော်မီပေးလိုက်သလိုချည်းခံစားရတယ်


ပြီးတော့ လီယိုနာဒို ဒီကာပရီယို ကြီးဆိုရင်ကြည့်လေး ဝင်ငွေအရကော တခေတ်မှာတကားဆိုသလို မှတ်တမ်းထိုးနိုင်ခဲ့တဲ့ကားတွေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် ထိုကျော်ကြားမှုတွေကပဲ အော်စကာရွေးချယ်ရေးအဖွဲ့အတွက် မျက်စိစပါးမွှေးစူးစေသလားမသိ တမင်ကိုမပေးတာလို့ထင်ရလောက်အောင်ကို လွဲပြီးရင်လွဲနေခဲ့တာ


Blood Diamond (2006) ဆိုရင် ရှေ့အားတွေမှာ နုနုနယ်နယ်ချောမောတဲ့ ဇာတ်ရုပ်တွေနဲ့အသားကျနေတဲ့သူ့ကို ကြမ်းကြမ်းတမ်းတမ်းခက်ခက်ရော်ရော် ညစ်ညစ်ပတ်ပတ်ဇာတ်ရုပ်ကြီးနဲ့မြင်လိုက်ရတော့ အကြမ်းထည်ကြီးနဲ့ အသားကျမှုကိုမြင်ရတော့ အတော်ကိုနှစ်ထောင်းအားရဖြစ်ခဲ့ကြတာ


အော်စကာဆုနဲ့ဘယ်လိုမှမလွဲလောက်ဖူးရယ် မှတ်ချက်ပြုကြပေမယ့် လွဲမြဲလွဲစဲ ရမယ်ရတော့ သိပ်မျှော်လင့်မထားတဲ့ The Revenant ဆိုတဲ့ကားနဲ့မှတဲ့ အဲ့ကားက လူသားတယောက်ရဲ့ ရှင်သန်နိုင်ဖို့ကြိုးစားရုန်းကန်ရခြင်း အကြောင်းပါ 


အဲ့ကာလတုန်းက အဲ့ဒီအတွေးအခေါ်တွေခေတ်စားနေတာကလည်း ဆုရခြင်း အကြောင်းအရင်းတရပ်ဖြစ်ဟန်တူပြီး နောက်အကြောင်းတခုကတော့ အော်စကာဆုရစာရင်းမှာ သူလိုလူမျိုးမပါဝင်တာက တနည်းအားဖြင့် အော်စကာဆုရဲ့အရည်အသွေးကလည်း မေးခွန်းထုတ်စရာဖြစ်နေသွားနိုင်တယ်လိုယူဆရမလို


ဒါကြောင့် မပေးလိုက်ရဘူးမဖြစ်ရလေအောင် တက်သုတ်ရိုက် ကြုံရာကားနဲ့ပေးလိုက်သလိုကြီးခံစားရတယ်


မော့စ်လိုပေါ့ တွဲဖက်မိုးဒီကြီးက တော်တော်စောစောကတည်းက ရထားပြီးဆိုတော့ မဆုံးပါးခါနီး အချိန်မီပေးလိုက်သလိုမျိုးကြီးပေါ့


ဒါကြောင့် မြန်မာတင်မက နိုင်ငံတကာဘယ်နေရာကဖြစ်ဖြစ် ရုပ်ရှင်အညွှန်းရေးသူတွေက ဆုဘယ်နှစ်ရထားတာ ratings သတ်မှတ်ချက်ဘယ်လောက်တောင်ရှိတာ စသည်ဖြင့်စွတ်ညွှန်းနေရင် မကြည့်ဖြစ်တာများတယ်


တခါတခါကြတော့ ဆုတံဆိပ်တွေဆိုတာက ခေတ်ကာလအရ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် ပေးတာမျိုးရှိတတ်တာကိုး


ဒါကြောင့် အခွီးအကယ်ဒမီလို့ ဆိုချင်တာ

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အခွီးအကယ်ဒမီ

 အခွီးအကယ်ဒမီ ။ ကျွန်တော်တို့ငယ်စဉ်က လူရွှင်တော်ကြီး ဦးမိုးဒီ ကိုးဆယ်ဆသာလိမ့်မယ်ဆိုတဲ့ဇာတ်ကားနဲ့ အကယ်ဒမီရတော့ သူ့ဇာတ်ရုပ်နဲ့ဇာတ်ကြောင်း ကိုယ...