.
ကျွန်တော်တို့က တခါတခါ သိပ်နီးနီးစပ်စပ်ရှိတာလေးတွေက သိသလိုလိုနဲ့ တကယ်စစ်မေးလိုက်တော့ ဝေဝေဝါးဝါးဖြစ်နေရပြန်တယ်
ဥပမာဆိုပါတော့
ကျွန်တော်တို့ မြန်မာပြည်သားတို့ရဲ့သည်းခြေကြိုက်ဖြစ်တဲ့ ဘောလုံးအားကစား
သူ့ရဲ့ကစားကွင်းမှာ ရေးခြစ်သတ်မှတ်ထားတဲ့ အဖြူရောင်လိုင်းတွေရဲ့ အသုံးဝင်မှုပေါ့
ကိုယ်လည်းစဉ်းစားဖူးတယ်
ကွင်းအနားသတ်စည်းတို့ ထောင့်ကန်ကွေးတို့ ဂိုးဧရိယာလေးထောင့်ကွက်တို့ ဂိုးလွန်ဘောတည်ကန်တဲ့အကွက်သေးတို့ ပင်နယ်တီအမှတ်အသားတို့က ရှင်းလင်းတယ် ပြီးတော့ ပွဲတိုင်းနီးပါးမပါမဖြစ်ဆိုလိုအသုံးပြုနေတာမို့ ဒီအားကစားကို တီးမိခေါက်မိရုံလောက်သိသူဆိုရင်တောင် ဒီအမှတ်အသားတွေအကြောင်းသိပါတယ်
ဒါပေမယ့် ဒီကစားကွင်းမှာ လေးထောင့်ကွက်တွေ အစက်အပြောက်တွေသာမက စက်ဝိုင်းတွေစက်ဝိုင်းခြမ်းတွေလည်းပါနေသေးတယ်
ကွင်းလည်စက်ဝိုင်းကတော့ထားပါ ကစားပွဲစတင်တိုင်းမှာ စတင်တဲ့အသင်းက ကစားသမားကလွဲလို့ ပြိုင်ဘက်အသင်းကမည်သည့်ကစားသမားမှဝင်ရောက်ခွင့်မရှိသတ်မှတ်ထားတဲ့ ဧရိယာပဲ သိတာပေါ့
ဒါပေမယ့် နှစ်ဖက်ဂိုးဧရိယာထိပ်က စက်ဝိုင်းခြမ်းလေးတွေကကော ဘာအတွက်လဲစဉ်းစားဖူးလား
တခြားစည်းတွေလို ထိုဘီးကုတ်စက်ဝိုင်းခြမ်းလေးက ပွဲစဉ်တိုင်းမှာအသုံးဝင်နေတာမဟုတ်တော့လည်း အမှတ်မထားမိကြတာ သူ့ကိုအသုံးပြုပြန်တော့လည်း သတိလေခဖြစ်ပြီး မျက်စိလျှမ်းနေခဲ့တာမို့ သညာမထားမိဖြစ်နေရပြန်တာပါ
ကိုယ်ဖြင့် ထိုစက်ဝိုင်းခြမ်းလေးအတွင်းမှာ ဂိုးသမားကဘောလုံးကိုလက်နဲ့ထိပိုင်ခွင့်ရတာမဟုတ်ဘဲ အလကားသက်သက် ဘာကြောင့်ပါနေရလဲ အလှသက်သက်လာလို့ထင်မိတယ်
ဒီလိုဗျ ပွဲချိန်အတွင်း ပင်နယ်တီပေးတယ်ဆိုပါတော့ ကန်မယ့်သူ ဖမ်းမယ့်ဂိုးသမားနဲ့ ကွင်းလယ်ဒိုင်ကလွဲလို့ ဂိုးဧရိယာလို့သတ်မှတ်ထားတဲ့ လေးထောင့်ကွက်အကြီးအပြင် ထိုဘီးကုတ်စက်ဝိုင်းအတွင်းမှာပါ မည်သည့်ကစားသမားမှ ဝင်လို့မရပါဘူး
ဘာကြောင့်လဲဆိုတော့ ကန်မယ့်ကစားသမားအတွက် အရှိန်ယူဖို့ဧရိယာကျယ်ဝန်းသွားဖို့နဲ့ ပြိုင်ဖက်တို့စိတ်ဓာတ်စစ်ဆင်နှောက်ယှက်လာမယ့် စကားသံတွေကနေလည်းအထိုက်အလျှောက်ကင်းဝေးစေဖို့ ဒီလိုစက်ဝိုင်းခြမ်းသဏ္ဍာန်အခုံးကိုတမင်ရည်ရွယ်ဖန်းတီးထားတာပါတဲ့
သဘောက ဒီဘီးကုတ်စက်ဝိုင်းခြမ်းလေးက ပွဲချိန်အတွင်းပင်နယ်တီကန်သွင်းသူအတွက်ပေါ့
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ




No comments:
Post a Comment