သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, March 28, 2026

ဒါယကာ နဲ့ ဒါယိကာ

 

ဒါယကာ နဲ့ ဒါယိကာ

.

ပါဠိဘာသာအသုံးဖြစ်ပြီး မြန်မာလိုအဓိပ္ပာယ်ကတော့


ဒါယကာဆိုတာက 

၁။ပေးကမ်းလှူဒါန်းသူ ယောက်ျား

၂။ရဟန်းကလူယောက်ျားကို ခေါ်ဝေါ်တဲ့အသုံးအနှုုံး 


ဒါယိကာဆိုတာက

၁။ပေးကမ်းလှူဒါန်းသူမိန်းမ

၂။ရဟန်းကလူမိန်းမကိုခေါ်ဝေါ်တဲ့အသုံးအနှုံး


ဒီမှာ ဒါယကာဆိုတဲ့ဝေါဟာရကိုတော့ ပါဠိအသုံးအတိုင်းတိုက်ရိုက်မွေးယူအသုံးပြုပြီး ဒါယိကာဆိုတာကိုတော့ နောက်မှာ မ ဆိုတဲ့စကားလုံးလေးချိတ်ဆက်လို့ ဒါယိကာမ ရယ်လို့ ပြုပြင်အသုံးပြုကြတယ်


နှစ်မျိုးလုံးကို ဒါယကာဆိုပြီးခေါ်တယ်ဆိုရင်တော့ ဒါယကာ နဲ့ ဒါယကာမ ရယ်လို့ လိင်ခွဲခြားမှုပြတဲ့စကားလုံးထပ်ဖြည့်ဖို့လိုနိုင်ပေမယ့် မူလပါဠိမှာက လိင်ကွဲပြားမှုကို ဒါယကာ (ယောက်ျား) နဲ့ ဒါယိကာ (မိန်းမ) ဆိုပြီး ကွဲပြားတဲ့အသုံးရှိပြီးမို့မှားစရာမှာမရှိဘဲ ဘာ့ကြောင့် ဒါယကာဆိုတာကိုတော့ ဒါယကာထီးရယ်လို့လုပ်မနေဘဲ တိုက်ရိုက်မွေးယူပြီး ဒါယိကာဆိုတာကိုမှ မ ထထည့်လို့ထပ်ကွန့်ကြလဲ ဘဝင်မကျနိုင်အောင်ပါပဲ


ပြီးတော့ အလှူမဏ္ဍပ်တွေမှာ အလှူ့ဒါယကာ အလှူ့ဒါယိကာမဆိုပြီး ရှေ့မှာ အလှူ့ဆိုတဲ့ဝေါဟာရထပ်တပ်လို့ ကဗျည်းထိုးတတ်ကြတယ်မို့လား


တကယ်တော့ ဒါယကာဆိုတာကိုက အလှူ့ရှင်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပြီးမို့ အလှူ့ဒါယကာဆိုတဲ့ စကားလုံးကိုဖြည်လိုက်ရင် အလှူ့အလှူရှင်ယေက်ျားရယ်လို့ စကားလုံးထပ်လိုမပြေမပြစ်ဖြစ်သွားတယ်မဟုတ်လား ဒါကြောင့်ထပ်ဖြည့်စရာမလိုဘူးလို့ယူဆမိတယ်


ဒါယကာဘယ်သူ ဒါယိကာဘယ်သူဆိုပြီး ရိုးရိုးလေးပဲ ကဗျည်းထိုးတာက ပိုပြီးလေးနက်လှပစေလိမ့်မယ်လို့ လည်းထင်ပါတယ်

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ညွှန်းလွန်းတော့ ပေါ့

  ညွှန်းလွန်းတော့ ပေါ့ . ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ နတ်ရဲတောင်လျှို့ဝှက်ချက်ဆိုတဲ့ စာအုပ်က ဇာတ်သွားကကျယ်ပြန့်ပြီး အတော့်ကိုသဘောကျစရာကောင်းတယ် ခ...