ဧ ၊ ၌ ၊ ဤ ၊ ၍ ၊ ၏ ၊ ဩ ၊ ဪ ( ကျွန်ုပ် ၊ ၎င်း )
။
ဒီစာလုံးတွေကို အသံထွက်ပြီးဘယ်လိုဖတ်ရလဲ ဘယ်လိုသင်ခဲ့ဖူးလဲ ပြန်တွေးကြည့်ရအောင်
ကကြီးတို့ ခခွေးတို့လိုမဟုတ်ဘဲ
ရှေ့မှာ အက္ခရာ ဆိုတဲ့ဝေါဟာရလေးခံခံပြီး အသံထွက်ဖတ်ခဲ့ကြတယ်ဟုတ်
အက္ခရာ ဧ
အက္ခရာ ၌ စသည်ဖြင့်ပေါ့
ဒီလိုရွတ်ဆိုကြတော့ သူ့ရဲ့အသံထွက်ကိုက အက္ခရာ ဧ ၊၌ လို့မှတ်ယူမိမှာပဲပေါ့
ဒီမှာပုဒ်တိုင်းရဲ့ရှေ့မှာ အက္ခရာဆိုတဲ့ဝေါဟာရက ဘာကြောင့်ပါနေရတာလဲ အက္ခရာဆိုတာ အဆိုပါစာလုံးတိုင်းရဲ့ စာလုံးပေါင်းလား အက္ခရာရဲ့အဓိပ္ပာယ်ကဘာလဲ စဉ်းစားစရာဖြစ်လာတယ်
👉 အဘိဓါန်မှာတော့ အသံကိုကိုယ်စားပြုရေးသားသောသင်္ကေတတွေကို အက္ခရာလို့ခေါ်တယ်လို့ဆိုတယ်
ဥပမာ A ဒီလှည်းဦးထောက်သဏ္ဍာန်အက္ခရာလေးက အေဆိုတဲ့အသံအတွက် ရိုမန်တို့ ကိုယ်စားပြုဖန်တီးထားတဲ့ သင်္ကေတပေါ့
ဒီနည်းတူ ဝ ကို အောက်ခြေမဆက်တဲ့ (ဂ) ဒီအက္ခရာလေးက ဂ ဆိုတဲ့အသံအတွက် ဗမာတို့ဖန်တီးထားတဲ့သင်္ကေတပါ
က ကြီးဆိုတဲ့ ဝလုံးနှစ်လုံးပူးရက်အောက်ခြေဖက်ကမဆက်တဲ့ ဒီသဏ္ဍာန်လေး က ဆိုတဲ့အသံကို ကိုယ်စားပြုရေးသားတဲ့သင်္ကေတအက္ခရာပေါ့
သူတို့ကိုတော့ အက္ခရာ / ကကြီး ၊ ခခွေး ၊ ဂငယ် မဖတ်ဘဲ
ဒီအက္ခရာတွေကိုမှ အက္ခရာ / ဧ ၊ ၌ ၊ ဤ ၊ ၍ ၊ ၏ ၊ ဩ လို့ဖတ်ကြတာတယ်လည်း ဘဝင်မကျချင်ဘူး
အမှန်တော့ သူတို့လိုပဲ (ဧ) ဒီအက္ခရာလေးက အေးဆိုတဲ့အသံအတွက် ဖန်တီးတားတဲ့ သင်္ကေတပါ
ဒီတော့ အသံထွက်ဖတ်ချင်ရင်
❌ အက္ခရာ / ဧ ၊ ၌ ၊ ဤ ၊ ၍ ၊ ၏ ၊ ဩ ၊ ဪ
စသည်ဖြင့် ရွတ်ဆိုဖတ်ပြတာထက်
✔️ ဒီအက္ခရာ ဒီသင်္ကေတလေးက / ဧ လို့ခေါ်တယ် ၌ လို့ခေါ်တယ် ဤ လို့ခေါ်တယ် စသည်ဖြင့်သင်ပြသင့်တယ်လို့ထင်တယ်
____________________________________
အတိုချုံ့သင်္ကေတတွေဖြစ်တဲ့ ကျွန်ုပ် ၊ ၎င်း တို့ဆိုရင်လည်း
❌ကကြီးယပင့်ဝဆွဲနငယ်တချောင်ငင်သတ်ပသတ် ကျွန်ုပ်
❌လေးငသတ်ဝစ္စနှစ်လုံးပေါက် ၎င်း စသည်ဖြင့်ချဲ့ဖတ်နေရင်မှားတယ်
သူတို့က အတိုချုံ့ထားတဲ့သင်္ကေတသက်သက်မို့ အသံတိုက်ရိုက်ထွက်ရမှာပါ
မဖြစ်မနေ သင်ပြပြောဆိုရမယ်ဆိုရင်တော့
✔️ ဒီက္ခရာလေးကတော့ ကျွန်ုပ် ၊ ၎င်း စသည်ဖြင့်သာ ပြောဆိုသင်ပြသင့်တယ်လို့ ယူဆမိပါကြောင်း
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment