။
ဒီစကားလုံးလေးက မြင်တွေ့နေကျဆိုပေမယ့် ရေးထုံးမှားတတ်တယ်
ရှေ့ဆုံးက ဥ နော် ဉ လေးမဟုတ်သလို့ ကျွန်တော်တို့တခါတခါနောက်သလို့ ငှ ငှက္ကဋ္ဌလည်းမဟုတ်ဘူး
ပြီးတော့ ကနှစ်လုံးဆင့် အဲ့နောက်က ဌဝမ်းဘဲမဟုတ်ဘူးနော် ဌ ဝမ်းဘဲလိုမဟုတ်ဘဲ ငအောက်မှာ လည်ရစ်လေးပါတာ သတိထားမိလား ဋ္ဌ သူက ဋ နဲ့ ဌ နှစ်လုံးဆင့်ထားတဲ့သဘောပါ
ဒီတော့ဖြည်လိုက်ရင်
ဥက် ကဋ် ဌ (အုပ်ကထ) ပေါ့ဗျာ
ပါဠိကနေတိုက်ရိုက်မွေးယူထားတာပါ
မြန်မာလိုဆိုရင်တော့
အဖွဲ့အစည်းတခုရဲ့ အကြီးအအကဲ ၊ အကြီး အမှူးပါတဲ့
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment