လူမျိုးရေးခွဲခြားစိတ်
.
ဒီ၂၁ရာစုမှာတော့ အသားအရောင် ရုပ်ရည်သွင်ပြင် မတူကွဲပြားမှုတွေက မျိုးရိုးဗီဇအရ ဖြစ်တည်ခြင်းသဘောရယ်လို့ လက္ခံပြီး
ခွဲခြားတဲ့ နှိမ်ချတဲ့အမြင်မျိုးကို ဒီကနေ့ခေတ် ယဉ်ကျေးတဲ့
လူမှုအသိုင်းအဝိုင်းကလက်မခံတော့ဘူး ပြင်းပြင်းထန်ထန်လည်းကန့်ကွက်ရှုံ့ချလာကြတယ်
ဒါကမြင်သာတဲ့ရုပ်ရည်သွင်ပြင်ကိစ္စပါ
အရည်အချင်းနဲ့ စွမ်းရည်သတ္တိရေးရာတွေမှာလည်း ခွဲခြားရှုမြင်မှုတွေရှိတာ သတိထားမိကြလားမသိဘူး အဲ့ဒါကိုနောက်မှပြောပါ့မယ်
ပထမဆုံးအနေနဲ့ ဒီခွဲခြားခြင်းနဲ့ နှိမ်ချခြင်းတွေ ဘာကြောင့်ဖြစ်လာရလဲလို့သုံးသပ်ရရင် ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့စကားလိုပေါ့
ဇာတိမာန်ဖောင်းပွခြင်းနဲ့ ပိန်ရှုံ့ခြင်းကြောင့်ပါ
ဇာတိမာန်ဖောင်းပွသူက ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ့်လူမျိုးသာအမှန် ဒါမှမဟုတ် အမှားလုပ်သူကို လူပဲမှားတတ်တယ်ရယ်လို့မမြင်ဘဲ ဒီလူမျိုး ဒီဘာသာဝင် ဒီတိုင်းသားတွေကဒီလိုဘဲ ညံ့တယ် လက်ပေါက်ကပ်တယ် သိပ်စိတ်ပျက်စရာကောင်းတယ် စသည်ဖြင့်မြင်တယ်
ဇာတိမာန်ပိန်ရှုံ့သူကကျတော့ ငါတို့လူမျိုးကသိပ်ညံ့တာ ဘယ်လူမျိုးတွေများကြည့် ဘယ်လိုတော်တာ စသည်ဖြင့်ပေါ့
အမှန်တော့လူပါပဲ ဘယ်လူမျိုးကတော့သိပ်တော်တယ်လို့ထင်ရင် နဲနဲချဲ့ကြည့်လိုက်ပါ
သူတို့လူမျိုးစုအားလုံး ချမ်းသာသလား
အဆင်ပြေသလား တော်ကြတတ်ကြသလားဆိုတာ
ကိုယ့်မှာညံ့သူရှိသလို သူတို့လူမျိုးမှာလည်း ညံ့သူတွေတပုံတပင်ကို သူတို့မှာတော်သူတွေရှိသလို ကိုယ့်လူမျိုးမှာလည်းတော်သူတွေရှိတာပါဘဲ
ဘာကြောင့်လဲဆိုတော့ လူခြင်းတူတူပဲမို့ပါ
ဘယ်လူမျိုး
ဘယ်ဘာသာဝင်
ဘယ်နိုင်ငံသားဖြစ်ဖြစ်
လူသားတယောက်မှာဖြစ်တတ်တဲ့ လောဘ ဒေါသ မောဟ ဆိုတဲ့မကောင်းစိတ်
မေတ္တာ ကရုဏာ မုဒိတာဆိုတဲ့ ကောင်းမြတ်စိတ်တွေဖြစ်ပေါ်နိုင်တာပါပဲ
တခုတော့ရှိတယ် ပြည့်စုံကြွယ်ဝတဲ့ပတ်ဝန်းကျင်မှာနေသူနဲ့ ချို့တဲ့စွာယှဉ်သန်ခဲ့ရသူနဲ့က ငွေကို ရုပ်ဝတ္ထုပစ္စည်းကို တန်ဖိုးထားတာ စီစစ်သုံးစွဲတာခြင်းတော့ မတူနိုင်ဘူးပေါ့
နောက်ဆုံးအနေနဲ့ ဦးတင့်ဆန်းရဲ့ဇာတ်လမ်းကို ဂီတစာဆိုမောင်ကြေးမုံက အသံဇာတ်လမ်းအဖြစ်ဖန်တီးထားတဲ့ ကပ္ပိယစုံထောက်ကြီးဦးဖြူသီးဆိုတဲ့ ဇာတ်လမ်းထဲက မြေပြန့်နဲ့တောင်ပေါ်သားတွေ အစေးမကပ်ကြဘဲ သူ့ကိုယ်မယုံ ကိုယ့်သူစိတ်မချနဲ့ ခွဲခြားတတ်တဲ့စိတ်ကလေးကို ယထာဘူတကျကျသုံးသပ်ပြထားတာသိပ်လှတယ်
အဲ့ခေတ်က မြေပြန့်ကသူခိုးဓားပြတွေ တရားဥပဒေစိုးမိုးမှုအလှမ်းဝေးတဲ့ တောင်ပေါ်ဒေသကတွေဆီ တက်တက်ဒုက္ခပေးတတ်တော့ တောင်ပေါ်သားတွေက မြေပြန်သားဆိုဘယ်သူမှမယုံတော့ဘဲရှိနေတယ်တဲ့
ဒီတော့သူတို့ကို သူ့တို့သမီးပျိုတွေကို အလွယ်တကူဒုက္ခမပေးနိုင်အောင် ဇာတ်လမ်းတချို့ဖန်တီးကြတယ်
ဘယ်လိုလဲဆိုတော့ တောင်ပေါ်မှာပညာသည်တွေရှိတယ် တောင်ပေါ်သူများသွားမစမ်းနဲ့ သူတို့ကပညာနဲ့ဖမ်းစားတတ်တယ် စသည်ဖြင့်ပေါ့
ကိုယ်တောင်ပေါ်မြို့တခုကိုသွားတုန်းက ကိုယ့်နယ်ကလူတွေကလည်း အဲ့ဒါလေးတခုတ်တရမှာတာသတိထားမိတယ်
ဪ ခွဲခြားစိတ် ခွဲခြားစိတ်
အရည်အချင်းနဲ့ ကိုယ်ကျင့်တရားကောင်းခြင်းကိုသာတည်လို့ နေရာပေးလာတဲ့ ၂၁ရာစုမှာတော့
လူကိုလူအဖြစ်မြင်လို့
လူမျိုးရေးခွဲခြားစိတ် ဘာသာရေးခွဲခြားစိတ်
ဇာတိမာန်ပိန်ရှုံ့ခြင်း ဇာတိမာန်ဖောင်းပွခြင်းတွေ မရှိကြတော့ဘူးထင်ပါရဲ့ဗျာ
။
။
။
ကပ္ပိယစုံထောက်ကြီးဦးဖြူသီး အသံဇာတ်းလမ်း
https://youtu.be/3sdxhfLxsWU?si=h7a014_MTr-cXpba
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment