သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, December 2, 2025

ပြာသိုအိုး = သဲအိုး


 ပြာသိုအိုး = သဲအိုး

.

ရွာမှာတော့ ခုချိန်အထိ မြေအိုးတွေသုံးတုန်းပဲဗျ


အခြား အဝတ်လျှော်ရာ ရေ ဆီ သိုလှောင်ရာ ထမင်း ဟင်းချက်ရာမှာ ဒီမြေအိုးတွေထက် အကြမ်းခံတဲ့ပေါ့ပါးတဲ့ တာယာခွက်‌တွေ

ကော်ဇလား ကော်ခွက်တွေ 

ဒန်ဇလား ဒန်ခွက်တွေ  

သံအိုးတွေ သံဇလုံတွေ တဖြည်းဖြည်းနေရာဝင်ယူ စိုးမိုးလာပေမယ့် 


သောက်ရေအိုးတွေရဲ့နေရာ အစားထိုးဝင်ရောက်နိုင်အောင်အထိတော့ ဒီအရာတွေက တောသားတွေရဲ့စိတ်နှလုံးကို မစွဲဆောင်နိုင်သေးဘူးထင်ပါရဲ့



ကိုယ်တွေငယ်ငယ်က ကိုယ်တွေရွာဖက်မှာ အိုးကဆယ့်နှစ်ရာသီဝယ်လို့ရနိုင်တာမျိုးမဟုတ်ဘူး 


မြို့တက်ဝယ်ရင်ဝယ်လို့တော့ရတယ် ဒါပေမယ့် စိတ်ကြိုက်ရဖို့ရွေးဖို့ကျ အင်မတန်နည်းတယ်


ဒါကြောင့်တနှစ်မှတခါနှစ်ခါပေါ်လာတတ်တဲ့ အထမ်းနဲ့လည်ရောင်းသူတွေနဲ့ လှည်းနဲ့လာရောင်းသူတွေရှိမှ တနှစ်တာအတွင်းအသုံးလိုသမျှ မျဉ်းနန်းအိုး မြည်အိုး အိုးတုတ် သောက်ရေအိုး ချက်ဖို့ပြုတ်ဖို့ ထမင်းအိုးဟင်းအိုး ဝယ်ကြတာ 


တနည်း ကိုယ့်ဒေသထွက်သီးနှံလေးတွေနဲ့လဲယူကြတာ


ပြီးတော့ နောက်ထပ်ဒေသခံတို့ တကူးတကမျှော်ရတဲ့ ပြာသိုလ်လအတွင်းဖြစ်တဲ့ ကြောင်ပန်းပွဲမှာလည်း ဝယ်ကြတယ်


ထားပါတော့


ဒီမှာပြောလိုတာက သောက်ရေအိုးအကြောင်း 

အိုးရွေးရင်စာဆိုတော့ရှိရဲ့ ဒေါင်ဒေါင်မြည်မှအိုးတဲ့ 

 

သောက်ရေအိုးကျတော့ ဒီလောက်နဲ့မရဘူး ပညာတဆင့်တက်ရတယ် သာမန်ရေသိုလှောင်ရုံ ဟင်းချက်ရုံသက်သက်မဟုတ်တော့ ကြံ့ခိုင်မှုပဲစစ်လို့မရဘူး


ရေအေးနိုင်ရဲ့လား 

ရေစိမ့်အားအလားအလာမှန်းဆရတယ်


ရွာတွေမှာ ကိုယ်တွေငယ်ငယ်ကသောက်ရေအိုးစင်ဆိုတာ အပေါ်တအိုးအောက်တအိုးကို 


ဘာကြောင့်ဒီလိုထားရလဲဆိုရင် အပေါ်အိုးကနေစိမ့်ပြီးကျလာတဲ့ရေကို အောက်အိုးကခံထားတဲ့သဘောပေါ့


သောက်ပြီးအကြွင်းအကျန်တွေသွန်ဖို့မဟုတ်ဘူးနော် တမင်ကို အပေါ်ကစိမ့်ကျလာမယ့်ရေအတွက် ခံထားတာမို့ အောက်အိုးကရေရဲ့သန့်ရှင်းမှုကိုစဉ်းစားကြည့်ပေါ့ 


ဒီတော့အပေါ်အိုးရွေးချယ်မှုကပညာပါတယ်

စိမ့်ဖို့လိုတယ် 


ဒါပေမယ့်စိမ့်မစိမ့်ဆိုတာက ရုတ်တရက်ကြည့်ရုံနဲ့မသိနိုင်ဘူး


ဒီတော့ဘယ်လိုရွေးကြလဲဆိုတော့ သောက်ရေအိုးအတွက် တချို့ကသဲအိုးလို့ခေါ်တဲ့ ပြာသိုအိုးကိုရွေးကြတယ်


အဲ့ဒါကိုဘယ်လိုသိနိုင်လဲဆိုရင် အိုးဖင်ဘက်အတွင်းအပြင်ကိုကြည့်ရင် သဲကြောင့်ဝင်းဝင်းလက်လက်ဖြစ်နေပါတယ် 


ဒီသဲအိုးကိုပဲဘာကြောင့် ပြာသိုအိုးလို့ခေါ်ရလဲဆိုရင် အလွယ်‌ပြောရရင် ပြာသိုလမှာလုပ်တာမို့ပါ 


တနည်းအားဖြင့် ဆောင်းတွင်းပေါ့ဗျာ 

နေ့ဝါဆိုညပြာသိုရယ်လို့အဆိုရှိတယ်မဟုတ်လား 


ပြာသိုလကနေ့တာတိုတယ် 

ဒီတော့ နေရောင်သိပ်မရဘူးပေါ့ 


ဒါကြောင့်အိုးလုပ်ပြီးနေလှန်းရာမှာ ခြောက်ဖို့အတွက်အတော်အချိန်ယူရမှာမို့ ခြောက်လွယ်အောင် အိုးလုပ်မယ့်မြေမှာသဲပိုစပ်ထားတာ 


ဒါကြောင့်ပြာသိုအိုးဆိုတာနဲ့ အခြားလမှာလုပ်တဲ့အိုးထက် သဲပိုပါနိုင်တယ်ပေါ့ဗျာ


သူကသောက်ရေအိုးအတွက်တော့ရှယ်

ဒါပေမယ့် တခြားနေရာတွေသုံးဖို့အတွက်တော့သိပ်မကောင်းဘူး 



သဲကြောင့် ကြံ့ခိုင်မှုနည်းတယ် 

သိပ်စိမ့်လွန်းနေတော့ သိုလှောင်ရာမှာအဆင်မပြေတာလည်းတပြစ်ပေါ့

 

ပြောလိုရင်းကတော့ ခုတော်လှန်ရေးက သဲအိုးနဲ့ရေခံသလို စိမ့်တာနဲ့ကုန်နေမှာစိုးလို့ပါ 😄

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...