သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, November 17, 2025

Konda Polam (2021) ဆိတ်ကျောင်းသား ပျော်ပါးပါတဲ့သိုက်မြုံ

 

Konda Polam (2021)
ဆိတ်ကျောင်းသား ပျော်ပါးပါတဲ့သိုက်မြုံ
https://t.me/kolayinde1/318
.
ဒီကားကြည့်နေရင်း ချက်ချင်းစိတ်ထဲရောက်လာတာက 
ဦးကြင်ခဲ ရေးထားတဲ့ သီချင်းလေး
နွားကျောင်းသား ပျော်ပါးပါတဲ့ သိုက်မြုံ၊ 
ကျည်း သားတွင်းရယ် ကန်သင်းမှာ ဓားစာဝပ်တယ်ကွယ် 
မီးပွတ်တဲ့ဖို
မိုးခေါင်ရေရှားဖြစ်လို့ သာမန်မနက်သွားညနေပြန်ကျောင်းနေရာက ရပ်ဝေးရေရှိရာဒေသတွေအထိ ညအိပ်ညနေ ရက်ရှည်လများသွားကျောင်းမယ့် ဆိတ်ကျောင်းသားတဖွဲ့

သူတို့သွားကျောင်းမယ့်တောအုပ်တောင်တန်းမှာ သစ်ခိုးထုတ်နေကြတဲ့ သဘာဝကိုအမဲလိုက်နေကြတဲ့ လူ့မိစ္ဆာတွေနဲ့အတူ 

အသက်ဇီဝိန်ကို လွယ်လွယ်လေးချေမွပြစ်နိုင်တဲ့ ကျားဆိုးကြီးလည်း စိုးမိုးလို့နေပြန်တယ်

ဒီအန္တရာယ်တွေနဲ့ရောပြွန်းနေတဲ့ ခရီးလမ်းမှာ အလုပ်ရှာမရလို့ သိမ်သိမ်ငယ်ငယ် လည်တယ်တယ်နဲ့ရွာပြန်ရောက်နေတဲ့ ခေတ်ပညာတတ်လူငယ်လေးတယောက် ပါလာတယ်

ဒီကောင်လေး မကျွမ်းကျင်တဲ့နယ်ပယ်မှာ သဘာဝတရားကြီးဆီက ဘာတွေများသင်ယူသွားနိုင်မလဲဆိုတာကို Director: Krish Jagarlamudi က တောတောင်အလှတွေနဲ့ ဆိတ်ကျောင်းသားဘဝကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတာပါ

ကျွန်တော်နိုင်ငံက ရုပ်ရှင်ဖန်တီးသူတွေ ခုထိမရိုက်နိုင်သေးတဲ့ကားမျိုးဆိုရင်လည်း မမှားဘူးပေါ့ 
မင်းသမီးလေးကတော့ Rakul Preet Singh
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ


No comments: