သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, November 7, 2025

သမိုင်းကို ဖျောက် တဲ့ နိုင်ငံ


 သမိုင်းကို ဖျောက် တဲ့ နိုင်ငံ


မူရင်း status

ကမ္ဘာပေါ်မှာ နိုင်ငံတွေဟာ သုံးစွဲဖို့

ကိုယ်ပိုင် ငွေကြေးကို ရိုက်နှိပ်ရတယ်။


နိုင်ငံတိုင်း သူတို့ နိုင်ငံရဲ့ ‌ခေါင်းဆောင် အာဇာနည် သူရဲကောင်းတွေကို

ပိုက်ဆံတွေပေါ်မှာ ရိုက်နှိပ်ကြတယ်။ 


မရိုက်နှိပ်တဲ့ နိုင်ငံဆိုတာ လက်တစ်ဆုပ်ပဲ ရှိတယ်။

ဥပမာ ဖီဂျီ၊ ဖာရိုး ကျွန်း နိုင်ငံ

ဖာရိုး ကျွန်းနိုင်ငံက ဘာလို့ မရိုက်လဲ ဆို သူက ဒိန်းမတ် လက်အောက်ခံ။ 


ဘာလို့ သူတို့ရဲ့ သူရဲကောင်းတွေကို ပိုက်ဆံပေါ်မှာ ရိုက်နှိပ်တာလဲ ဆိုတော့

သမိုင်း အစဉ်အလာ ကြောင့်ပဲ။

နိုင်ငံတိုင်း လူမျိုးတိုင်းဟာ သူတို့ နိုင်ငံရဲ့ သမိုင်းအစဉ်အလာ ကြီးမားပုံ

မှီတင်းနေထိုင်ကြတဲ့ လူတွေရဲ့ ရဲစွမ်းသတ္တိ၊ကြီးကျယ်တဲ့ သမိုင်းကြောင်း၊

ဒါတွေရဲ့ ပြယုဂ် အဖြစ် နိုင်ငံကို အကျိုးပြုခဲ့တဲ့ သူရဲကောင်းတွေကို 

ပိုက်ဆံတွေပေါ်မှာ ရိုက်နှိပ် ဂုဏ်ပြု ကြတယ်။


ကမ္ဘာပေါ်မှာ မြန်မာ တနိုင်ငံပဲ လူ လုံးဝ မပါပဲ၊

ခြေင်္သေ့တွေ ဆင်တွေ ကို ပိုက်ဆံ အဖြစ်ရိုက်နှိပ်ထားတယ်။


မြန်မာပြည်မှာ သမိုင်း မရှိလို့လား။ 

ကျနော်တို့ ဆယ်နှစ်လုံးလုံး သင်ထားခဲ့တဲ့ မြန်မာ့သမိုင်းဆိုတာတွေက ဘာတွေလဲ။ မြန်မာ့သမိုင်းမှာ ဟိုးရှေးခေတ်က သူရဲကောင်းတွေကိုထားလိုက်ဗိုလ်ချုပ်အောင်ဆန်းနဲ့ နောက်ပိုင်းမှာကို သူရဲကောင်းတွေ အများကြီးရှိတယ်။

ကျနော်တို့ ပြည်သူတွေလက်ခံထားတဲ့ သူရဲကောင်းတွေဆိုတော များလွန်းလို့

ရွေးရမယ်ဆိုရင်တောင် မဲခွဲ ဆုံးဖြတ်ရလောက်အောင် ရှိတယ်။


ဒါပေမယ့် ဘာကြောင့် အဲ့ဒီလူတွေရဲ့ ပုံကို ပိုက်ဆံ ပေါ်မှာ မရိုက်နှိပ် နိုင်ရတာလဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရဲ့ သူရဲကောင်း အာဇာနည် အဖြစ် တနိုင်ငံလုံးက လက်ခံထားတာပဲ။

သက်ဆိုင်ရာ တိုင်းရင်းသားတွေမှာလဲ သူတို့ရဲ့ သူရဲကောင်းတွေ ရှိကြတာပဲ။ 

ဘာလို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပုံကို ပိုက်ဆံ ပေါ်မတင်ရဲ ကြတာလဲ။


အရှင်းဆုံးပြောရရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်း အစစ်ကို မဖော်ထုတ်ရဲလို့၊

သမိုင်းမှာ တော်လှန်ခဲ့တဲ့ ခေါင်းဆောင်တွေကို မဖော်ပြရဲလို့

သမိုင်းက လက်ခံထားတဲ့ တော်လှန်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်

သူ့ သမီး အထိ တော်လှန်နေရတဲ့ နိုင်ငံ ဖြစ်နေလို့ပဲ။ 


ကဲ ဒါဆို ငါတို့လက်ထဲမှာ ဗျောက်ရှိတယ်၊ ငါတို့ ထင်ရာလုပ်မယ်။

ငါတို့ရဲ့ ဘိုးအေကြီး နေဝင်းပုံကို ရိုက်မယ်၊ သန်းရွှေပုံကို ရိုက်မယ်။ 

ဘာလို့ မလုပ်ရဲ ကြတာလဲ။ 

သူတို့ အားလုံး သိတယ်။ 

ဒီ အာဏာရှင်တွေ အားလုံး တစ်ယောက်မှ သမိုင်း မကောင်းခဲ့ဘူး။

ပြည်သူကလဲ မချစ်ခဲ့ဘူး။ သူတို့ နဲ့ ပတ်သတ်ရင် ရင်ထဲမှာ ခါးသီးမှုတွေပဲ ရှိတယ်။

အဲ့ဒါကို သူတို့ ကိုယ်တိုင်သိတယ်။ 


အဆိုးဆုံးကတော့ အခု အချိန်ထိ ကျနော်တို့ ဟာ 

ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်ပိုင် ပြဌာန်း ခွင့် မရှိသေးလို့ဖြစ်တယ်။


ကျနော်တို့ နိုင်ငံသမိုင်းဟာ 

တိုင်းရင်းသား အားလုံး ပါဝင်မှုနဲ့ အတူ ကြိုးပမ်းမှုတွေ ရဲရင့်မှုတွေနဲ့ အကျည်းတန်စွာ လှပနေမြဲ ဖြစ်တယ်။


နောင်တချိန်မှာ နိုင်ငံရဲ့ ငွေကြေးပေါ်မှာ 

နိုင်ငံသမိုင်းက သူရဲကောင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့ 

ရိုက်နှိပ် နိုင်တဲ့ ပီပီ သသ နိုင်ငံ ဖြစ်ကိုမှ ဖြစ်ရမယ်။


ဓါတ်ပုံ နွေဦး page

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ထားထက်ထက် 17 April 2025 ၊ 17 April 2

  သင်္ကြန်ဆိုတာ ဘာမှန်းမသိရတော့လောက်အောင် ခံစားချက်တွေ ထုံနေတဲ့ အချိန်မှာ မြန်မာနှစ်သစ် အတွက် ဆုတောင်းကတော့ တလရကြီး အမြန် အောင်၊ ကိုယ့်အိမ်က...