.
ငယ်ငယ်က သေရွာပြန်ဇာတ်လမ်းတွေကို တကူးတကရှာဖတ်ခဲ့ဖူးတယ်
ဒီမှာတွေးဖူးတာက
ဟုတ်ပြီ တို့နိုင်ငံကလူတွေမေ့မျောသွားစဉ်
ကောင်းသောလားရာအတွက်ဆိုရင် ဇာတ်ထဲကလို
ဘုရားကျောင်းတန်ဆောင်းပန်းချီတွေထဲကလို ရွှေရောင်ပြိုးပျက် အချွန်အတက်ပုံသဏ္ဍာန်အဝတ်အစားနဲ့သူတွေကလာခေါ်တယ် သူတို့ရဲ့နေရာ စုလစ်မွမ်းချွန်နဲ့ဘုံဗိမ္မာန်တွေ
ဆီရောက်သွားတယ်
မကောင်းသောလားရာအတွက်ဆိုရင် ခွေးနက်ကြီးတွေနဲ့ တင်းပုတ်ကြီးကိုင်ထားတဲ့ ကြမ်းကြုပ်အရုပ်ဆိုးတဲ့ ဧရာမသတ္တဝါကြီးတွေက အတင်းအဓမ္မဆွဲခေါ်တယ်
အခြားနိုင်ငံတွေမှာကော ဘယ်လိုရှိမလဲစိတ်ဝင်စားမိတယ်
ဒါကြောင့် သူတို့ဖန်တီးထားတဲ့
ပန်းချီ
ပန်းပု
ဗီဒီယို
စာပေ စတာတွေ ရှာဖွေကြည့်ဖြစ်တယ်
ဒီမှာတည်နေရာရဲ့ အခြေခံသဘောတရားချင်းက အားလုံးတူကြတာကို တွေ့ရတယ်
ကောင်းသောလားရာအတွက်ဆိုရင်
စိတ်တိမ်းမူးဖွယ်နိမိတ်ပုံဖြစ်တွေဖြစ်တဲ့
သာယာကြည်နူးဖွယ် လင်းထင်းကြည်လင်တဲ့ပတ်ဝန်းကျင်
ဆန်းကျယ်လှပတဲ့ အဆောင်အဦနဲ့
အစွမ်းတန်ခိုးရှိတယ်
တိမ်လိုလေမှာမျောလွင့်သွားလာနိုင်ကြတာမျိုး
မကောင်းသောလားရာအတွက်ဆိုရင်တော့ စက်ဆုပ်ဖွယ်ကြောက်ရွံ့ထိတ်လန့်ဖွယ်နိမိတ်ကို မြင်တယ်ပေါ့ဗျာ
အမျိုးသမီးတစ္ဆေအတွက်တော့ တကမ္ဘာလုံးဆိုင်ရာ ဘုံတခုထုတ်ယူနိုင်ခဲ့ပုံပဲ အဝတ်ဖြူနဲ့လေမှာမျောလွင့်သွားလာတဲ့သဘောပေါ့
ဒီမှာမကောင်းတဲ့လားရာအတွက်က မြန်မာမှာကောကမ္ဘာမှာပါ သိပ်ကွဲပြားခြားနားလှတယ်မဟုတ်ပေမယ့် ကောင်းသောလားရာ တနည်းနတ်ပြည်အတွက်မှာတော့ မတူတာတွေရှိတယ်
အဝတ်အစားနဲ့နေထိုင်ရာဘုံဗိမ္မာန်ပါ
တရုတ်တွေဆိုရင် ဖြူစင်သစ်လွင်ပြီးရှည်လျားတဲ့အဝတ်အစားတွေနဲ့
အန္ဒိယဆိုရင် လက်ဝတ်ရတနာညွှတ်လို့ဆင်ယင်တတ်တာမျိုး
အနောက်ကမ္ဘာမှာတော့ ဆံသားအဖြူရောင်မျိုး ရွှေရောင်မျိုး တောင်ပံပါတာမျိုး
သူတို့ကလည်း သူတို့အမှန်တကယ်မြင်တွေ့ခဲ့ရတဲ့ပရနယ်ကို အနုပညာပေါင်းစပ်လို့ ပုံဖော်ထားကြဟန်တူပါတယ်
ဒီလိုဆိုရင် နိုင်ငံအလိုက်လူမျိုးအလိုက် သူတို့ပရနယ် နတ်ပြည်အခင်းအကျင်းက မတူဘူးဆိုတော့
တနိုင်ငံတမျိုး
လူမျိုးတစုအတွက်တဌာန
ဘာသာတခုအတွက်တနေရာ နတ်ပြည်ကရှိနေလို့တာလားတွေးစရာ
ကိုယ်တော့ဖြင့် နတ်ပြည်ရဲ့မူလသဘောက သာယာကြည်နူးဖွယ်ကောင်းတဲ့ အခင်းအကျင်းကသာ ပဓာနဖြစ်ပြီး
အဝတ်အစားအပြင်အဆင်ခြားနားနေတာက
ဘဝတလျှောက်လုံး နတ်ပြည်ဆိုတာ နတ်သားဆိုတာ ဒီလိုဝတ်စားတယ် ဒီလိုနေရာမှာနေတယ်လို့ စွဲမှတ်ထားတဲ့အသိက ဥပဒါန်ဖြစ်လို့
သေအံ့မူးမူးမျောနေချိန်မှာ ထိုအစွဲရဲ့လွှမ်းမိုးမှုအတိုင်း အဝတ်အစားတွေ ဘုံဗိမ္မာန်နိမိတ်ပုံတွေကို ကိုယ်တိုင်အာရုံဖမ်းယူပုံဖော်ကြရာက ဒီလိုခြားနားသွားတယ်လို့ ထင်မိပါတယ်
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment