Orange (2010) ဇာတ်ကားအညွှန်း
https://t.me/kolayinde1/328
အချစ်ဆိုတာဘာလဲ ...?
ထာဝရအချစ်ဆိုတာ ရှိနိုင်ပါ့မလား ဖြစ်နိုင်ပါ့လား ...?
ရေနစ်နေသူရဲ့အတောင့်တဆုံးဆန္ဒက လေသာဖြစ်လိမ့်မယ်
ဆာလောင်နေသူတယောက်အတွက် အစားအစာသာဖြစ်လိမ့်မယ်
ချုပ်မနိုင်စည်းမရ ဝမ်းသွားလိုသူအတွက် အိမ်သာ သာဖြစ်လိမ့်မယ်
ဒီအခိုက် ဒီအချိန်မှာ ဘယ်မှာအချစ်ကပေါ်လာနိုင်မလဲ
နောက်ပြီး ကိုယ်အရမ်းကြိုက်ပါတယ်ဆိုတဲ့စားစရာကို
နေ့စဥ်ရက်ဆက်ဆိုရင်ကော ငြီးငွေ့မလာနိုင်ဘူးလား
ကိုယ်အင်မတန်မှလိုချင်တောင်းတလို့ အနှစ်နှစ်အလလဝယ်ယူဖို့
ကျိုးစားခဲ့ရတဲ့ ရုပ်ဝတ္တုပစ္စည်းတွေကော ပိုင်ဆိုင်ရအပြီး
အရင်လိုတယုတယ မြတ်မြတ်နိုးနိုးရှိသေးရဲ့လား
ချောင်တချောင်မှာ ဖုန်အလိမ့်လိမ့်တက်လို့ ပစ်ထားမိလေသလား
ထာဝရအချစ်ဆိုတာ မဖြစ်နိုင်ဘူး မရှိနိုင်ဘူးပေါ့
နောက်တခုအနေနဲ့
အချစ်က ပိတ်လှောင်တားဆီးတတ်တတ်တဲ့သဘောရှိတယ်
ဥပမာအနေနဲ့ တခုပြောပြမယ်
ငှက်ကလေးတွေကိုချစ်သူတယောက်က သူသဘောကျနှစ်သက်တဲ့ငှက်ကလေးကို
အမြဲမြင်တွေ့လိုတဲ့အတွက် ဖမ်းဆီးခိုင်းလို့ တနည်းဝယ်လာလို့
အိမ်မှာချစ်စရာလှောင်အိမ်လေးနဲ့ အစာရေစာအပြည့်စုံ အချိန်မှန်မှန်ကျွေးလို့
မွေးထားတယ်ပေါ့
သာမန်လူတယောက်ကတော့ ရံခါဆန်စေ့လေးတွေကြဲချလို့
ကျွေးကောင်းကျွေးဖြစ်ပေမယ့် အများအားဖြင့် ဖာသိဖာသာဘဲ
ငှက်ကလေးရဲ့ဘက်ကချိန်ဆကြည့်ရအောင်
နေရေးဝမ်းပြည့်စုံပေမယ့် အခြားဘေးအန္တရာယ်တို့ကိုမခစေသည့်တိုင်
သူ့ရဲ့ပင်ကိုလွတ်လပ်ခွင့်ကို တားဆီးချုပ်ချယ်ထားသူအပေါ်မှာ
ဘယ်လိုသဘောထားမလဲ
ငါးလေးတွေကိုချစ်ပါတယ်ဆိုပြီး မှန်လှောင်အိမ်လေးထဲ ပိတ်လှောင်ထားသူတွေကော
အခြား တိရစ္ဆာန်လေးတွေကိုလည်း ချစ်ပါတယ်ဆိုတဲ့စိတ်နဲ့ သူ့သဘာဝကိုဆန့်ကျင်လို့
ကိုယ့်သဘောကျနေစေတာတွေကကော အချစ်တဲ့လား
"ဒါက အချစ်တဲ့လား" သေချာရဲ့လား
ချစ်သူရည်းစားများစွာထားခဲ့ပေးမယ့် ဒီလောဂျစ်ကြီးလက်ကိုင်ထားလို့
ဖြတ်သန်းနေတဲ့ "ရမ်" တယောက် ချစ်နေဆဲခိုက်မှာဘဲ အမြဲလမ်းခွဲတတ်တယ်
အချစ်ဆိုတာထာဝရတောက်လောင်နိုင်တဲ့ စွမ်းအင်မျိုးမဟုတ်တော့
မချစ်တော့မှ အချစ်တွေလျှော့ပါးသွားမှ အမုန်းတွေနဲ့လမ်းခွဲတာမျိုးမဖြစ်ချင်လို့တဲ့
နောက်တခုအနေနဲ့ အချစ်လို့တံဆိပ်ကပ်ပြီး
ပိတ်လှောင်တာမျိုးလုပ်မိမှာစိုးလို့တဲ့
ဒီယုံကြည်ချက်အတိုင်း ထားလိုက်ဖြတ်လိုက်နဲ့
တကျိပ်မြောက်ချစ်သူကို ခွာဖို့အလုပ်မှာ ပြဿနာပေါ်လာတယ်
ဇာတ်ကားလေးက ဒါပါဘဲ
သရုပ်ဆောင်တွေကတော့
ရမ် ချရမ် (Ram Charam) နဲ့ ဂျီနီလီယာ ဒေရှ်မုတ် (Genelia Deshmukh) ပါ
ကျွန်တော်တို့ရဲ့ အတိတ်တွေမှာကော အချစ်လို့တံဆိပ်ကပ်ပြီး
တပါးသူရဲ့ဘဝကို လွတ်လပ်ခွင့်ကိုစိုးမိုးဖို့ကျိုးစားတာ
မရည်ရွယ်သည့်တိုင် ဒီသဘောမျိုးပြုမှုခဲ့တာမျိုး ရှိခဲ့လေမလား
ဒါကိုက အချစ်ရဲ့ဆိုးကျိုးများလား...?
ထာဝရအချစ်ဆိုတာ အဆုံးအစမဲ့ တားဆီးပိတ်လှောင်စေမယ့်အရာများလား ...?
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:
Post a Comment