သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, October 24, 2025

မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်စကြာဝဠာခရီး

 

အမှာစာ 

အကယ်၍ ဆရာဆွေမင်း (ဓနုဖြူ) သာ အသက်ထင်ရှားရှိနေအုံးမည်ဆိုပါစို့

သူ့၏ဇာတ်ကောင်များမှာ စကြာဝဠာ (universe) သို့ ကျင်လည်ခဲ့ပြီးဖြစ်နေလိမ့်မည်လို့ ယုံကြည်မိသည့်အလျှောက် စေစားမိခြင်းရယ်ပါ

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ

____________________________________________


၁။နတ်ပြည်ဝင်ပေါက်

လကွေးသည် တိမ်တဆုတ်ကို ရီးလေးခိုနေ၏


သစ်ပင်ခွကြားထိုင်၍ အေးအေးလူလူစကားထိုင်ပြောနေကြသော ကျွန်ုပ်တို့ဆရာတပည့်နှစ်ဦးကို မြင်၍ သင်တို့ထူးဆန်းနေခြိမ့်မည်


ကျွန်ုပ်တို့ဆရာတပည်နှစ်ဦး ယခုလိုအေးအေးလူလူစကားပြောနေနိုင်သည်မှာ ယခုတောတွင်းရောက်နေသည်မှာ တောလိုက်ရင်းကျွံလာခြင်းမျိုးမဟုတ် ရိုးမတဖက်မှာသောင်းကြမ်းနေသော ဟင်းမျိုးကြီးအားနှိမ်နင်း၍ပြန်လာကြရင်း အိမ်နဲ့ဝေးနေတာကြာပြီဖြစ်သည့်အလျှောက် ရွာစဉ်အတိုင်းအပြန်၍ ခရီးမဖင့်ချင်၍ ဖြတ်လမ်းတောလမ်းကလာခဲ့ကြရာ ညဉ့်နက်၍နားနေအိပ်ဆက်ဖို့ရာ ယခုကဲ့သို့ သစ်ပင်ခွကြားရောက်နေခြင်းဖြစ်သည်


ဗိုက်ကလေးက ခွာ၍ကျကျနနလေလုံအောင်ထုတ်ပိုးလာသော ဟင်းမျိုးကြီး၏ အရေခွံကိုခေါင်းအုံးမှေးဆက်ရင်း တီးတိုးဆို၏


ဆတွတ် ထွက်ရပ်ပေါက်တယ်ဆိုတာတကယ်ရှိသလားဗျ


မြန်မာ့ရာဇဝင်မှာတော့ ဘိုးဘိုးအောင်ဆိုတာတော့ ကြားဖူးတယ် တပည့်ကြီး

ဘိုတော်မင်းတြားကြီးလက်ထက်ကဆိုပဲ သူရေးထားတဲ့ဝ'တလုံးဖျက်တော့ နှစ်လုံးပေါ်သတဲ့

သူကို တချို့က အရှင်ထွက်လို့ဆိုကြတာပဲ


တို့ဗုဒ္ဓဘာသာအလိုအရဆိုရင်တော့ 


ကျွန်ုပ်စကားစ မပြတ်သေးခင်မှာပဲ ဗိုက်ကလေးက အလောတကြီးစကားဖြတ်၍


ဆတွတ် ဆတွတ် ဟိုမှာကြည့်ပါအုံးဗျလို့ လက်ညှိုးထိုးပြသည့် ကောင်းကင်ပြင်ကို လိုက်ကြည့်မိရာ ကြယ်ကဲ့သို့အလင်းစုကလေးသည် ကောင်းကင်မှာတန်း၍သွားရာက တနေရာအရောက်တွင် တခုခုအတွင်းဝင်သွားသလို တလခုပြီးတခုပြောက်၍ပြောက်၍သွားရာ ကျွန်ုပ်မှာလည်း အံ့အားတသင့်ဖြစ်နေမိ၏


ဆတွတ်အဲ့ဒါဘာတုန်းဗျ

ငါလည်းခုမှမြင်ဖူးတာ ဘယ်သိမလဲကွ


ထွက်ရပ်ပေါက်သူတွေများလားမသိဘူးနော်

ပေါက်ပေါက်ရှာရှာကွာ မင်းဟာက အိပ်တော့ကွာ


ရွာကားတိတ်ဆိတ်လွန်းနေ၏

ဘယ်ဆီရောက်နေကြသည်မသိ

အိမ်ဝအရောက်တွင် မျှင်ရေ မျှင်ဟု တွင်တွင်ဟစ်ခေါ်နေသည့်တိုင် ထူးသံမကြား


အဝေးရပ်ရွာအလုပ်သွားသည့်လင်သားမရှိခိုက် အိမ်မကပ်တဲ့ဒင်းကို ပြန်လာမှ ဆီးပြောလိုက်အုံးမဟဲ့လို့ စိတ်ကူးရင်း ထိုအခိုက်မသေးမျှင်မျာ ပုဝါလေးပုခုံးပေါ်တင်၍ ပြန်လာသည်ကိုတွေ့ရလေရာ ဒီကနေ့ဥပုသ်နေ့မို့ ဘုန်းကြီးကျောင်းသွားရာက ကျွန်ုပ်တို့ပြန်လာသည်ကို တစုံတဦးကမြင်လိုက်၍ ပြောပြလေရာ ပြန်လာသည်ဟုထင်မှတ်ရကား ကျွန်ုပ်မှာ စိတ်ပြေရချေ၏


မျှင် ဘုန်းကြီးကျောင်းကပြန်လာတာလား

မဟုတ်ပါဘူးတော်


ဒါဖြင့်မင်းကဘယ်သွားနေတာတုန်းလို့ ကျွန်ုပ်၏ဒေါသစကားကို မသေးမျှင်က လေသံအေးကလေးနဲ့

ဦးသာလှ ဆုံးသွားပြီတော့ ဒီနေ့ရက်လည်ဆွမ်းသွတ်လေ 


ဟင်ဟုတ်လား ဟိုအဂ္ဂိရတ်ဆရာကြီး ဦးသာလှလား

ရွာမှာ ဦးသာလှဘယ်နှစ်ယောက်ရှိလို့တုန်းတော့လို့ မသေးမျှင်ကဆိုရင်း


ခုထူးဆန်းနေတာက ဦးသာလှက အသေထွက်များလားလို့ စဉ်းစားနေတာ


ဟ မင်းကလည်းသေတာကသေတာပေါ့ 

ဘယ်ကအသေထွက်တွေအရှင်ထွက်တွေပါလာရတာတုန်း


တော်က ဒီနေ့မှပြန်ရောက်တာကို ဘယ်သိမတုန်း

ညတုန်းက ရွာကနာရေးစောင့်ရင်း ဖဲရိုက်နေတဲ့လူပျိုကြီးတယောက် ရှုံးလို့အိပ်တော့မယ်လို့ အပြင်ဖက်က ကုတင်ထက်လှဲအအိပ်မှာ ကောင်းကင်မှာ အလင်းတန်းတစုသွားနေတာကိုမြင်လို့ အလန့်တကြားအော်ပြောရာက အားလုံကထွက်အကြည့်မှာ အဲ့ဒီအလင်းရောင်လေးတွေက တနေရာအရောက်မှာ တခုခုထဲဝင်သွားကြသလို ပြောက်သွားရောတဲ့


အဲ့ဒါပြောနေကြတာ ဦးသာလှကို နတ်တွေကပန်းရထားနဲ့ လာပင့်သွားတာ အဲ့ဒီပြောက်သွားတဲ့နေရာက နတ်ပြည်ရဲ့ဝင်ပေါက်တဲ့ ဒါကြောင့်ဦးသာလှကြီးက အသေထွက်ထွက်သွားတာနေမှာလို့ပြောနေကြတာ


မင်းပြောတဲ့ဟာ ငါတို့လည်းတောထဲကနေမြင်လိုက်ပါတယ်ကွာ မင်ပြောသလိုဟုတ်ဟန်မတူပါဘူးမျှင်


ကိုယ်မသိနိုင်တာတွေထားကွာ ခုရေနွေးကြမ်းတည်ပေးအုံး


____________________________________________


၂။စတားလင့်( Star link ) တဲ့ 

ကျွန်ုပ်သည် အိမ်ရှေ့ကွပ်ပြစ်၌ ရေနွေးကြမ်းတအိုး ဆတ်သားဖုတ် ဆီစမ်းလေးနှင့် နေ့လယ်ခင်းအပူချိန်ကို အံတု၍ လောကစည်းစိမ်ခံစားရင်း ဒီလိုတော့‌လည်း လောကကြီးက တယ်နေပျော်စရာကောင်းပါကလားလို့ တွေးနေမိရင်း အိမ်ရှေ့မှဖြတ်သွားသော ဆရာလေးကိုကြည်နိုင်ကိုတွေ့လိုက်လေရာ


ဗျို့ ဆရာလေး လာထိုင်ပါအုံးဗျ


ဪ ဦးတွတ်ပီပါလား ခရီးသွားနေရဲ့ဆို ဘယ်တုန်ကပြန်ရောက်တုန်းဗျ ဟုစကားဆိုရင်း လျှောက်လာလေ၏


မနက်ကပဲဗျို့ ဒါနဲ့ဆရာ‌လေး ဘယ်သွားမလို့တုန်းဗျ 

နေ့ခင်းနေ့လယ် ပူကပူသနဲ့ 


သွားမလို့မဟုတ်ပါဘူးဗျာ သူကြီးအိမ်ကပြန်လာတာ

ကျောင်းကိစ္စ သင်ကြားရေးကိစ္စပါဗျာ


သို့နှင့် စကားစမြည်ပြောရင်း

ဦးသာလှကိစ္စကို ဘယ်လိုထင်လဲဗျဆရာလေး

ဆေးမှူးကိုနေမျိုးပြောတာတော့ သာမန်လူကြီးရောဂါနဲ့ဆုံးပါးတယ်လို့ပြောတာပဲ ဆရာတွတ်ကဘာကြောင့်ထင်လို့တုန်းဗျ


ဒီလိုမဟုတ်ဘူးလေ ဆရာလေးရဲ့

သေတဲ့ကိစ္စကိုပြောချင်တာမဟုတ်ပါဘူး ရက်လည်ညက နတ်တွေပန်းရထားနဲ့ပင့်သွားတယ်ဆိုတဲ့ကိစ္စပါ


ဪ ဒါလား အဲ့ဒီကိစ္စကျွန်တော်လည်းကြားပါတယ်

အဲ့ဒီညက ‌ကောင်းကင်ကအလင်းတန်းကိုလည်းတွေ့လိုက်ပါတယ် လို့ ဆရာလေးကဆိုလိုက်လေရာ


ကျွန်ုပ်က ဒါဆို အသေထွက်သွားပြီး နတ်တွေပန်းရထားနဲ့ပင့်သွားတာ 

တကယ်များဖြစ်နေမလားဆရာလေး


အင်း ဦးသာလှ ထွက်ရပ်ပေါက်မပေါက် နတ်ပြည်ရောက်မရောက်တော့ ကျွန်တော်လည်းမသိပေမယ့် အဲ့ညက အလင်းတန်းကတော့ အများထင်သလို နတ်ပန်းရထားမဟုတ်ပါဘူးဆရာတွတ်


ဒီမှာကျွန်တော်ပြမည်ဟုဆိုကာ သူ့အိပ်ထောင့်အတွင်းက စမတ်ဖုန်းကလေးအားထုတ်ယူ၍ တတောက်တောက်စာရိုက်ကာ ဗီဒီယိုလေးတခုအားပြ၏


ဆရာတွတ်တွေ့လိုက်ရတဲ့ ကောင်းကင်ကအလင်းတန်းလေးကကော ဒါမျိုးလေးသွားပြီးပြောက်ကွယ်သွားတာမဟုတ်လားဟုမေးရာ


အဟုတ်ပဲဆရာလေး


ဒါကိုစတားလင့် (star link) လို့ခေါ်တယ်ဆရာတွတ်

သူကဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေကို အင်တာနက်ကွန်ယက်ဖြန့်ကျက်နိုင်ဖို့ အမေရိကန်ကသူဌေးကြီး အီလွန်မက်ဆိုသူက ခေတ်ရှေ့ပြေးနည်းပညာနဲ့တွေအတွက် ရင်းနှီးမြှပ်နှံနေသူကိုး


အဲ့ဒါနဲ့ ဘာဆိုင်လို့လဲဗျ ဆရာလေး


ဒီလိုလေ ဆရာတွတ် အဲ့ဒီညက မြင်လိုက်ရတဲ့ ကြယ်အလင်းတန်းတွေက ဒီသူဌေးကြီး အီလွန်မက်ရဲ့ ဂြိုဟ်တုတွေဗျ သူက အဲ့သည်လိုဂြိုဟ်တုတွေများစွာကို ကမ္ဘာ့ပတ်လမ်းဆီလွှတ်တင်လို့ ကမ္ဘာ့နေရာအနှံ့ကို အင်တာနက်ကွန်ယက်ဖြန့်ကျက်စေတာပေါ့ဗျာ


ဟုတ်လားဆရာလေး ကောင်းလိုက်တာဗျာ လူသားတွေအတွက်အကျိုးရှိစေတာပဲ တကယ်ကောင်းမှုကုသိုလ်ပြုတဲ့သူဌေးကြီးပေပဲ ကျွန်ုပ်ဖုန်းကိုလည်း အဲ့သည်ကွန်ယက်နဲ့ ချိတ်ဆက်ပေးခဲ့ပါအုံးဟု ဆိုလိုက်လေရာ ဆရာလေးက ပြုံးလျှက်


သူကအလကားပေးသုံးတာမဟုတ်ဘူးဆရာတွတ်ရဲ့ စီးပွားရှာတာ အဲ့ဒီလိုင်းနဲ့ချိတ်ဆက်ဖို့ သိန်းရာချီပေးရတဲ့စက်ဝယ်မှ သုံးလို့ရမှာဆရာတွတ်ရဲ့ဟုဆိုလိုက်ရာ ကျွန်ုပ်မှာ အံ့အားတသင့်ရှိရချေ၏


ဒီနေ့ကံမကောင်းပါလား


____________________________________________


၃။ကျွန်ုပ်အား ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်မှ လာရောက်တွေ့ဆုံခြင်း

တလောက ကျားအရေခွံရခဲ့သည့်အလျှောက် အေးဆေးသက်သာအနားယူခွင့်ရရှိရကား နေ့လည်နေ့ခင်းအချိန် လျောင်းဆက်၍ အိမ်တွင်တအုပ်တည်းသော စာအုပ်ဖြစ်သည့် ဇိနတ္ထပကာသနီအား ဖတ်ရှုရင်း မျက်စိလေးလံကာ မှေးကနဲဖြစ်သွားခိုက် နားထဲ၌ ခြင်အော်သံလို တဝီဝီမည်သံကိုကြားရပြီးနောက် အိမ်ရှေ့မှ အသံဆူဆူညံညံကြောင့် လန့်နိုးလေ၏


မျက်လုံးကိုဖွင့်ကြည့်ပြန်တော့လည်း နေရောင်ကိုမမြင်ရကား ခဏမှေးလိုက်တာ ညနေတောင်ရောက်သွားပြီလားရယ်လို့ တွေးနေမိခိုက် အမောတကောပြေးတက်လာသော ခြေသံတခု 


ထို့နောက်မျက်လုံးဖွင့်လျှက်လှဲနေသော ကျွန်ုပ်ကိုမြင်ပါလျက် အိပ်နေသူအားနှိုးသလို အမောတကော အထပ်ထပ်ပြောဆို၍ ကျွန်ုပ်ဘေးရောက်လာသူကား


ဆတွတ် ဆတွတ် ထပါအုံးဗျ 

ဧည့်သည်ရောက်နေလို့ ဟု ဗိုက်ကလေးကဆို၏


ကျွန်ုပ်လို နိုင်ငံကျော်မုဆိုးကြီးထံသို့ အနယ်နယ်အရပ်ရပ်က မိတ်ဆက်စကားဆိုလိုသူများ ရင်းနှီးကျွမ်းဝင်လိုသူများ အခက်အခဲပြဿနာကို ဖြေရှင်းပေးဖို့ အနယ်နယ်အရပ်ရပ်က ဧည့်သည်များစွာ မကြာမကြာရောက်လာတတ်ကြောင်း စာဖတ်သူသင်တို့တောင် သိပေခြိမ့်မည်


ယခု ဧည့်သည်လေးလာတာကို အမောတကော လှိမ့်ခေါ်နေသော တပည့်ကြီးအား စိတ်ဆိုးသွားရကား ဘယ်သူမို့လို့တုန်း ဂြိဟ်သားမို့ ဒီလောက်အရေးတကြီး ဖြစ်နေရတာလားဟုသောသဘောဖြင့် စိုက်ကြည့်ရင်း အိမ်ရှေ့သို့ထွက်လာစဉ်


ထူပါ၏ဆန်းပါ၏မိတ်ဆွေ ရှုပါလော့


ကျွန်ုပ်အိမ်ရှေ့သစ်ပင်ဝိုင်းလေး၏အောက်က ကွပ်ပြစ်တွင် ခြေနှစ်ချောင်တွဲလဲချလို့ လှုပ်ကာရမ်းကာ အေးအေးလူလူထိုင်နေသူကိုရှုပါလော


အသားအရည်ကနီစပ်စပ် ပုံပန်းသဏ္ဍာန်က ယခင်ကျွန်ုပ်ဆီလာဖူးသူများနဲ့လုံးဝမတူရကား အာရှတိုက်သားဟုတ်ဟန်မတူ ကြည့်ဖူးသည့်ဟောလီးဝုဒ်ဇာတ်ကားများထဲမှ လူများအတ ဥရောပတိုက်သား သို့မဟုတ် အမေရိကန်နိုင်ငံသား ဖြစ်နိုင်၏ဟု ထင်မြင်မိ၏


ခက်ချေပြီ ဆရာလေးကိုကြည်နိုင်ကလည်း မနက်ကမြိုင်သာမြို့က ပညာရေးရုံးကိုသွားမလို့ဟုနှုတ်ဆက်သွားခြေသည်မဟုတ်လော


ရွာမှာအခြား ဘွဲ့ရကလေးများရှိပေမယ့် သူတို့ကနားလည်ကားလည်၏ သို့သော် သာမန်လူတယောက်ဇာတ်စင်ပေါ်တက်ရသလို ဤကဲ့သို့တိုင်းတပါးသားနဲ့ ပက်ပင်းမပြောဖူးရကား ရဲကြ 


ခြံပြင်စည်းရိုး၌လည်း နေ့လည်ခင်းနေပူပူအောက်တွင် တီးတိုးတီးတိုးစကားဆိုရင်း လာရောက်စပ်စုကြသည့်ရွာသားများစွာ


သို့နှင့်ကျွန်ုပ်လည်း အိမ်ပေါ်မှဟန်ပါပါဆင်း၍လာရာ အနှီးပုဂ္ဂိုလ်မှာ ရယ်ရွှင်စွာဖြင့် ထိုင်ရာမှမတ်တပ်ရပ်၍ 


ဟလို မြိုင်ရာဂျာ ဒွတ်ဘီ အိုင်းအမ် ..$&@*,%?:;

ဆိုပြီး ရွှမ်းရွှမ်းဝေအောင်စကားဆိုနေရာ ကျွန်ုပ်မှာ မိမိနာမည်ပါသွားသည်ကို ကြားမိသည့်အလျှောက် ပြုံး၍နားထောင်ပြီးလျှင် ကွပ်ပြစ်ပါ်သို့ တက်ထိုင်ကာ ကိုယ်ဟန်အမူအရာဖြင့် ဖိတ်မန္တကပြုလိုက်လေမှ သူက ဘာကိုသတိရသွားသည်မသိ ရယ်ကြဲကြဲဖြင့် နှာဖူးကိုရိုက်၍ အိတ်ကပ်အတွင်းမှ မီးခြစ်ဆံဗူးပမာဏ အမဲရောင်အပြာကလေးအားထုတ်ကာ ခြောက်ဆိုနှိုပ်လိုက်လေရာ


လေထဲတွင် တီဗီဖန်သားပြင်ဏ္ဍာန်တခုပေါ်လာ၍ ဆံပင်ဂုတ်ဝဲ မြန်မာရင်ဖုံး ကြည်လင်သောမျက်နှာဖြင့် မိန်းမပျိုတဦးပေါ်လာ၏


ဟုတ်ကဲ့ မြိုင်ရာဇာဦးတွတ်ပီ မင်္ဂလာပါရှင့်

စကားသံလေးက ကြည်ကြည်မြမြ ချိုချိုလွင်လွင်


‌အေးအေး မင်္ဂလာပါကွယ်


ခု‌လူကြီးမင်းအနားရောက်နေသူက ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်'ပါရှင် သူက ဆရာတွတ်ဆီ အကူအညီတောင်းဖို့ရောက်လာတာဖြစ်ပါတယ်


ကျွန်မက ကျွန်မတို့နိုင်ငံ့အနာဂါတ်ရေးရာစီမံကိန်းတခုအတွက် မဖြစ်မနေတက်ရောက်နေတာမို့ အခုမှ ဩစတေးလျှနိုင်ငံ ဆစ်ဒနီမြို့ကထွက်လာနေတာဖြစ်ပါတယ် နောက်တနာရီအကြာမှာ အရောက်လာခဲ့ပါမယ်ရှင် ခွင့်ပြုပါအုံးနော် ဆရာတွတ်ဟုဆိုကာ တိုက်ရိုက်ဖုန်းပြောခြင်း အဆုံးသတ်သွားလေ၏


သို့နှင့် အီလွန်မက်ဆိုသူက သစ်ပင်မှီ အေးအေးလူလူသက်သောင့်သက်သာထိုင်ကာ ခပ်ပြုံးပြုံး 

ကျွန်ုပ်ကလည်း ဘာပြောရမလဲမသိတော့ ခပ်ပြုံးပြုံး


တောင်တောင်အီအီလျှောက်ကြည့်နေရင်းမှ ခြံဝင်းအပြင်ဘက် ခြစ်ခြစ်တောက်နေရောင်အောက်တွင် စပ်စုနေကြသောရွာသားများကိုတွေ့မှ ကျွန်ုပ်တို့မှာ သစ်ပင်အောက်မို့အေးနေတာကလားလို့တွေးမိရင် ဝန်းထဲက အခြားနေရာများ၌လည်းနေရောင်မရှိသည်ကိုသတိထားမိ၍ တိမ်များအရိပ်ထိုးနေသလားလို့ မိုးပေါ်မော့အကြည့် 


လားလား ကျွန်ုပ်တို့အိမ်ဝန်းအပြည့်နီးပါးကြီးတဲ့ယာဉ်တခု ကျွန်ုပ်တို့ အိမ်အပေါ်မှာမို့လျှက် တန့်ကာနေတာကိုး သေချာနားစိုက်ထောင်မှ ကျွန်ုပ်အိပ်နေစဉ်ကကြားခဲ့ရတဲ့ ခြင်သံလိုလို တဝီဝီမည်နေတဲ့အသံက ထိုပန်းကန်ပြားပျံအလားစက်ကြီးကထွက်နေတာမှန်သိရတော့တယ်


ဧကန္တ ဒီလူစီးလာတဲ့ယာဉ်ဖြစ်လောက်တယ်လို့လည်း တွေးမိရင်းမှ ဪတိုးတက်လိုက်ပါတဲ့ လောကဓာတ်ပညာရယ်ဟုသာ ဩချမိရင်း စောကြီးမြို့တက်ဆေးကုတုန်းက တရွာလုံးနားကွဲလုမတတ်ဖြစ်ခဲ့ရတဲ့ အတီးရဲ့ထော်လာဂျီအကြောင်း စိတ်ကရောက်သွားပြန်ချေသေး၏ 

(ကျွန်ုပ်နှင့် သီတင်းကျွတ်တော့မည်စာအုပ်ကိုရှုပါလေ)


ထိုနောက်‌ခြံဝဆီမျက်စေ့ရောက်သွားပြန်ရာ သူကြီးဘစီမှာ သုတ်သုတ်သုတ်သုတ်ဖြင့် လာနေရကား ကျွန်ုပ်လည်းခရီးဦးကျိုပြုလိုက်၏


သူကြီးကား စူးစမ်းသလိုဖြင့် နိုင်ငံခြားသားကိုကြည့်လေရာ ထိုသူမှာ သစ်ပင်လေးမှီ တွဲလောင်းချထားသော‌ခြေလေးအားလှုက်ရမ်းကာ ခပ်ပြုံးပြုံးပင် ပြန်၍ကြည့်နေခြေ၏


သူကြီးကနှုတ်ကမဆိုဘဲ မေးငေါ့ကာ ကျွန်ုပ်အား အကျိုးအကြောင်းမေးလေရာ ကျွန်ုပ်မှာလည်း ရုတ်တရက်ဖြေစရာမရှိ၍ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် 


ဪ သူကြီး သူ့နာမည်က အီးဘာဆိုလားဘဲဗျ

ကျွန်ုပ်နဲ့ဘာပြုဖို့ဆိုလား

အဲ့ဒါကောင်မလေးတယောက်က တနာရီလောက်ကြာရင်ရောက်မယ်ဆိုလား ဒါကြောင့်လောလောစဉ်ဘာမှတော့မသိရသေးဘူးဟုပြောပြီး 


မရေရာလှသောကျွန်ုပ်၏အဖြေစကားကြောင့် သူကြီးတော့ ဒေါခွီးတော့မည်ထင်မည်အမှတ်ဖြင့်ကြည့်နေရာ သူကြီးက ကျွန်ုပ်အဖြေစကားဖက်အာရုံရောက်ဟန်မရှိဘဲ ထိုသူနှင့်အကြည့်ခြင်းဖလှယ်၍ ပြုံးတုံ့လှယ်နေကြကြောင်းမြင်တွေ့ရချေ၏ အံ့ဖွယ်အပြုံး၏အစွမ်းပါပေတကား


____________________________________________


၄။ထားထက်ထက် မှ ကန်တော့ခြင်း

မသေးမျှင်လာချပေးသော ရေနွေးကြမ်းသောက် ဆတ်သားခြောက်ဖုတ်ဆီဆမ်းလေးမြုံ့လို့ ဟိုနှစ်ယောက်ကခပ်ပြုံးပြုံးလုပ်နေသလို ဘာမှမပြောဘဲ တောင်တောင်အီအီလျှောက်ကြည့်နေသော ကျွန်ုပ်တို့သုံးယောက်သားအားကြည့်၍ အချိန်ကြာလာတော့ နေပူစပ်ခါး ခြံပြင်ကရွာသားများမှာ အရိပ်ရရာ ကျွန်ုပ်ခြံဝင်းအတွင်းသို့ တဦးပြီးတဦးအလျှိုလျှိုဝင်လာကာ ထောင့်လေးတွေမှာစုကာစုကာ တီးတီးတိုးတိုးစကားဆိုရင် ကျွန်ုပ်တို့အား အကဲခတ်နေကြခြေ၏


နိုင်ငံခြားသား သစ်ပင်ကိုကျောလေးမှီ 

ခြေလေးရမ်းကာ ခပ်ပြုံးပြုံးပင်

ဗိုက်ကလေးကား အိမ်ပေါ်ပြူတင်းဝမှာငုတ်တုတ်


ခဏအကြာတွင် ရွာဦးစာသင်ကျောင်းဝင်းဖက်သို့ ယာဉ်တစီးပျံသန်းသွားသည်ကိုမြင်ရပြီး များမကြာမီ ပြာနုရောင်မှာ ငွေချည်ပန်းခက်သဏ္ဍန်လေးတွေဖောက်ထားတဲ့ မြန်မာရင်ဖုံးအိင်္ကျီ အောက်အနားစမှာ ဇာအနားရေးရေးလေးပါတဲ့ ထမီဖြင့် ပုံတော်ဖိနပ်မထူမပါးလေးကိုစီးလာတဲ့ ခြေလေးတစုံ ကျွန်ုပ်တို့ ခြံဝန်းဖက်သို့လှမ်းလာသည်မြင်ရ၏ 


သူမ၏နောက်မလှမ်းမကမ်းတွင်က မင်သက်ငေးမောက ဘေးဘီကိုအာရုံမရဘဲ တရုတ်သရဲများလမ်းလျှောက်သလိုပါလာသည်ကား လူပျိုကြီးစောတင်မောင်နှင့် ကာလသားတအုပ်


ဦးကြီးတွတ် မင်္ဂလာပါရှင်

ဪ သူကြီးဦးဘစီလည်း ရောက်နေမှကိုး 

ကျန်းမာရဲ့လားရှင် 


ဪ ငါ့မြေးက ဘယ်သူ့သမီးတုန်း 

ရွာတောင်ပိုင်းက မြို့မှာအခြေချနေတဲ့ ကိုဇင်ဝိုင်းရဲ့ သမီးမှတ်တယ်


မဟုတ်ပါဘူးရှင် သမီးအမည်က ထားထက်ထက်ပါ

ဟိုဘက်က မစ္စတာအီလွန်မက်ရဲ့ အကူအညီတောင်းမှုကြောင့် ဒီရွာကိုလာရောက်ခဲ့တာပါ 


ဒါနဲ့ ဘယ်လိုလုပ် ဘကြီးကိုသိနေတာတုန်း


သူကြီးဘစီ၏ထိုအမေးကို ကျွန်ုပ်လည်းသိချင်မိ၏ ကျွန်ုပ်နှင့်က စောစောကတွေ့ပြီးမို့ သိနှင့်နေတာထား သူကြီးကို ဘယ်လိုသိနေတာလည်း စဉ်းစားမရဖြစ်နေတာကိုး


ဪ ဒါကဒီလိုပါရှင်

ကျွန်မတို့ရဲ့ဒီနိုင်ငံကြီး အာဏာရှင်လက်အောက်ကနေရုန်းထွက်လို့ ဒီလိုဖွံ့ဖြိုးစည်ပင်အောင်လျှောက်ရာလမ်းမှာ ဟောဒီက ဦးတွတ်ပီရဲ့ သူ့ဘဝသူ့အတွေ့အကြုံ သူ့ဇာတ်လမ်းတွေက အထောက်အပံ့များစွာပေးခဲ့ပါတယ်


ဒါကြောင့် အရင်ဦးဆုံး ဦးကြီးတို့ရဲ့ကျေးဇူးတရားကို ဂါဝရပြုသောအားဖြင့် ရှိခိုးကန်တော့ပါရစေဟုဆိုကာ မြေ၌ပုဆစ်တုတ်ထိုင်၍ ထိခြင်းငါးပါးညီစွာ ကျကျနနရှိခိုးကန်တော့လေ၏


ကျွန်ုပ်နှင့်သူကြီးဘစီကား ကျွန်ုပ်တို့လုပ်ဆောင်မှုများက သူမပေါ် အများအပေါ်ဘာတွေဘယ်လိုကျေးဇူပြုခဲ့လဲမသိသည့်တိုင် ကျေးဇူးတရားကို လေးနက်စွာခံယူတုံ့ပြန်တတ်သော ရည်မွန်လှသည့် ထိုမိန်းမပျိုလေးကိုကြည့်၍ ပီတီပွားလျှက် ကောင်းဆုတွေတသီကြီး ဆန္ဒပြုမိပေးကြလေတော့သည်


____________________________________________


၅။အမောင်နွားကျောင်းသား‌ကြောင့်

ကဲကဲ ငါ့မြေးအပေါ်တက်ထိုင် လာရင်းကိစ္စပြောပါအုံးကွဲ့


ဦးကြီးဦးတွတ်ပီ ဖြတ်သန်းခဲ့ဘဝအတွေ့အကြုံတွေကို ဒို့ခေတ်ဆိုတဲ့ ယူကျုချန်နယ်က အမောင်နွားကျောင်းသားဆိုတဲ့ တော်လှန်ရဲဘော်တယောက်က အစဉ်အဆက်ဖတ်ပြပေးလို့ နိုင်ငံတဝှမ်းသာမက ကမ္ဘာအရပ်ရပ်က ဗမာစကားနားလည်သူများပါ နားထောင်ကြရင်း


ဘဝအပမ်းတွေလဲ ပြေကြရတယ်

အားသစ်တွေလည်း ရကြရတယ်

အသိပညာတွေလည်းရကြရပါတယ်ရှင်


ဟောကိုက မစ္စတာအီလွန်မက်ဆိုရင် အဲ့ဒီကနေသူတို့ဘာသာစကားနဲ့နားထောင်လို့ ဦးကြီးတို့ကို သိနေနှင့်ပြီးသားပါ ဒါကြောင့် သူ့ပြဿနာကို ဦးကြီးတွတ်ဖြေရှင်းပေးနိုင်တန်ကောင်းရဲ့လို့ယုံကြည်ပြီး ‌ဒီကိုရောက်နေတာပါ


ကျွန်မက ရှင်သွားတတ်လို့လားဆိုတော့ ကြုံတိုင်းရွာတော့အေးဆေးပါကွာ ကိုယ့်အိမ်ပြန်သလိုပါပဲလို့ပြောပြီး ကျွန်မဆီမဝင်ဘဲ ဒီတိုက်ရိုက်ရောက်လာတာကြည့်ပါတော့


သူမပြောမှပင် သူဘာကြောင့် ကျွန်ုပ်အိမ်အပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၍ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းကြားရောက်နေသလို အေးဆေးသာစွာနေနေလဲဆိုတာ အဖြေရတော့၏


၆။ပြဿနာက

See more...

.

.

.

____________________________________________


၇။မျက်စောင်းတချက်ကြောင့် ကမ္ဘာမြေကလွင့်ခဲ့ရသူ

အဲ့အလယ်က‌ကောင်မလေးနာမည်က အာလူးတဲ့ ငယ်ငယ်က သူ့အမေဟင်းချက်ဖို့ အာလူးပြုတ်ထားတာကို ခွာပေးရင်း အလစ်မှာတလုံးမြိုရာက နင်နေလို့တအဲလူလူမှုလိုက်ရတာကိုး အဲ့ဒါကြောင့် ဒီနာမည်တွင်သွားတာ


ဘယ်ဖက်ကကောင်းမလေးများ ရေသောက်ရင်အငမ်းမရမို့ အမြဲသီးသီးနေတတ်တော့ သီးသီးလို့အမည်တွင်သွားတာရယ်


ညာဖက်အစွန်က ဈရ်ကြီးတဲ့ဗျာ ငယ်ငယ်က ဇယ်ခတ်ရင်းရှုံးရင်တယ်ငိုဆိုသကိုး 


လူပျိုကြီးကိုစောကြိုက်နေတာ အဲ့ကောင်မလေးပေါ့ တွေ့လိုက်တိုင်း ဟိုကမျက်စောင်းချည်းလှိမ့်ကျွေးနေလို့ ကမ္ဘာ့အပြင်ကို ကျော်လွန်လို့ အနန္တစကြာဝဠာထဲ လိုက်ပါလွင့်ချင်နေတာပေါ့ဗျာ ဆတွတ်

____________________________________________


၈။ကမ္ဘာမြေကခွာခြင်း

.

See more...

.

.

____________________________________________


၉။အာကာသအခြေစိုက်စခန်း

ဟိုအာကာသယာဉ်မှူးက သောကြာဂြိုဟ်ပေါ်‌မှာ တယောက်တည်းကျန်ခဲ့ချိန် အသက်ရှင်သန်နိုင်ဖို့ အာလူးစိုက်စားခဲ့သူပေါ့ရှင် အဲ့ဒီအကြောင်းကို ၂၀၁၅ ခုနှစ်က The Martian ဆိုတဲ့အမည်နဲ့ဇာတ်ကားရိုက်လို့ ဖြန့်ဝေထားသေးတယ်


ထားထက်ထက် ညွှန်ပြသူအားကြည့်၍ အံ့ဖွယ်လူသားပါတကားလို့ ကျွန်ုပ်တို့အားလုံး တညီတည်းမှတ်ချက်ချမိကြလေ၏

.

.

See more....

.

.

____________________________________________


၁၀။ဂြိုလ်ကြီးပေါ်မှ သတ္တဝါဆန်းများ

See more....

.

.

____________________________________________


၁၁။ဂြိုဟ်ပြာကြီးကို လွမ်းနေကြသူတွေ

ဟိုဖက်ကိုကြည့်ကြည့် ဦးကြီးတွတ်နဲ့ဦးဗိုက်


အဲ့ဒီကြယ်လေးကထူးခြားတယ်နော် 

အပြာရောင်လေးပဲ 


ဟုတ်တယ်ဦးဗိုက် အဲ့ဒါသမီးတို့ရဲ့ အမိကမ္ဘာမြေကြီးပေါ့


သူမစကားအဆုံး၌ ဂြိုဟ်ပြာကြီးဆီကို ရီဝေသောမျက်လုံးအစုံဖြင့် ငြိမ်သက်စွာငေးကြည့်နေသောဗိုက်ကလေးကိုမြင်မိရင်း လွမ်းမောစိတ်တို့ဖိစီးလာသည်ထင့် မျက်ရည်တို့က ပါးအထက်မှသွင်သွင်စီးကျနေပါပကော 


ကျွန်ုပ်ကော ကျွန်ုပ်ကောဘာထူးသနည်း


____________________________________________


၁၂။အိမ်ပြန်လမ်း

See more....

.

.

____________________________________________


ပြီးပါပြီ

____________________________________________


မှတ်ချက် ....

သင်တို့ကိုယ်တိုင်လည်း လိုအပ်တဲ့နေရာတွေမှာ ဇာတ်ကွက်ဖြည့်စွက်ရေးသားနိုင်ပါတယ် ဒီထဲကသင့်ရာလေးတွေကိုပြန်စီလို့ အရှည်သပ်သပ်ပြန်တင်မယ်ပေါ့ဗျာ


ပြီးတော့ ဆရာ့မိသားစုဆီပို့ကြည့်မယ်ပေါ့

ကားတွန်းရေးခြစ်လို့ရမယ်ဆိုရင်လည်း ဆရာ့ပရိတ်သတ်တွေရဲ့ ခံစားရေးဖွဲ့ထားတဲ့ဇာတ်လမ်းအဖြစ် အမှတ်တရဖြစ်တာပေါ့


ပြီးတော့ ကိုလေကြွားကြီးဆရာတွတ်တယောက် 

စကြာဝဠာမှာပါခြေချလို့ ဂြိုဟ်သားတွေနဲ့ဉာဏ်ကစားခဲ့တာ ကြွယ်လို့ရတာပေါ့ဗျာ 😀


____________________________________________

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Archana 31 Not Out (2022)

  Archana 31 Not Out (2022) https://t.me/kolayinde1/338?single ဇာတ်ကားလေးကရိုးပါတယ် အသက် ၃၀ ကျော်လာတဲ့အထိ ဘဝလက်တွဲဖော်မရှာနိုင်သေးတဲ့ အပျိုက...