သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, September 19, 2025

Kamali from Nadukkaveri (2020)

 

Kamali from Nadukkaveri (2021) (ဇာတ်ကား🖊 တွေး၊ညွှန်း)
https://t.me/kolayinde1/260 
...
ကလေးတယောက်ကို ကြီးလာရင်မင်းဘာလုပ်မလဲလို့မေး
ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စသည့်ဖြင့် 
သူ့စိတ်ထဲအားကျစရာလို့ထင်တဲ့အရာတွေကို ဖြေပါလိမ့်မယ်

ဒါပေမယ့် မင်းဘာလုပ်ချင်လဲ ဘာဝါသနာပါလဲလို့မေးလိုက်ရင်
အများစုက ဝေဝါးသွားပါလိမ့်မယ်

အင်မတန်ထက်သန်တဲ့စိတ်နဲ့ ဝါသနာနဲ့ရည်ရွယ်ရာကို 
ပြတ်ပြတ်သားသားရှေးရှုဦးတည်ပြီးသား ထူးခြားသူအနည်းငယ်ကလွဲလိုပေါ့

ကလေးအများစုက အရည်အချင်းအားဖြင့် သိပ်မကွာခြားပါဘူး
စာရွက်အလွတ်တခုလိုပါပဲ မိဘ အပတ်ဝန်းကျင်နဲ့ မြင်တွေဖူးတဲ့ စာအုပ် ရုပ်သံဗီဒီယိုတွေရဲ့
ရေးခြစ်မှုကနေ သူ့ရည်ရွယ်ရာကို ပြဒါန်းပေးတာပါ
ဝါသနာကို မရှာဖြစ်တော့တဲ့အထိပေါ့

Https://www.youtube.com/@thantunlayinde 

ဒီကားရဲ့မင်းသမီးလေးက သူလိုကိုယ်လို တောရပ်ဇနပုဒ်က
သာမန်ညောင်းည တက္ကသိုလ်ဝင်တန်းကျောင်းသူကောင်မလေး

သူကိုယ်တိုင် ဘာဝါသနာပါလဲ မသိဘူး
ဘာဖြစ်ခြင်လဲ ထူးထူးခြားခြားမရှိဘူး
ညံ့တဲ့မထဲလည်းမပါသလို တော်အောင်လည်းတကူးတကထူးထွေ မလုပ်ဖြစ်ဘူး
အလိုက်သင့်နေထိုင်နေတဲ့ အလယ်အလတ် ပျမ်းမျှဉာဏ်ရည် ကြိုးစားမှုလောက်သာပေါ့

ဒါပေမယ့် တနေ့မှာ တီဗီကလာနေတဲ့ တနိုင်ငံလုံးမှာ ပထမဆုရသူကောင်လေးကို
သဘောအကျကြီးကျလို့ သူနဲ့ဆုံတွေ့နိုင်ဖို့ တကျောင်းတည်းအတူတက်နိုင်ဖို့က
သူ့ရည်မှန်းချက်ဖြစ်သွားတယ်

ဒီမှာသူ့သူငယ်ချင်းကိုလည်း သွားသတိထားမိတယ်
သူမကိုလည်းကြိုးစားဖို့ပြောတော့ ကိုယ်တိုင်စားဖို့ထက် စားချင်သူတွေစာလောင်သူတွေအတွက်
ပံ့ပိုးရတာ ကူညီရတာပဲပျော်တယ်တဲ့

လူအမျိုးမျိုးစိတ်အထွေထွေပေါ့
ဒါကြောင့်ပဲ ငယ်စဥ်ကအတူတူကျောင်းတက် အတူတူအရိုက်ခံရသူသူငယ်ချင်းတွေ
ကြီးလာတော့ ဖြစ်တည်မှုကွဲပြားသွားကြတာနေမှာ

ဒီလိုနဲ့ ပျမ်းမျှအားထုတ်မှုနဲ့ကောင်မလေးက ပြင်းထန်တဲ့တွန်းအားကြောင့်
ထက်သန်တဲ့အားထုတ်မှုတွေနဲ့ကြိုးစားရာမှာ ရည်ရွယ်ရာက ရုပ်လုံးပေါ်လာတယ်
တကျောင်းတည်းအတူတက်ဖို့ဖြစ်လာတယ်ပေါ့

သူမရဲ့ရည်မှန်းချက်ကိုက ကောင်လေးနဲ့တကျောင်းတည်းတက် 
နီးစပ်ဖို့ သူသတိထားမိလာအောင်ပြုလုပ်ဖို့မဟုတ်လား

ဒီတော့ ကျောင်းစာမှာမလိုက်နိုင်ဖြစ်လာချိန် အခန်းတူကောင်မလေးရဲ့ဖွသတင်းနဲ့အတူ
တကျောင်းလုံးက သူ့မြင်ရင်ကွက်ကြည်ကွက်ကြည့်
မင်းသားလေးရှာဖို့ရောက်လာတဲ့ စင်ဒရဲလားဖြစ် နာမည်ပေးသမုတ်ကြတယ်

ဒီအထိတော့ သိပ်မတုန်လှုပ်
သူနှစ်သက်တဲ့ကောင်လေးက အဲ့ဒီဟာသကောင်က ငါမဟုတ်ဖို့မျှော်လင့်တယ်တဲ့

ဒီပြောစကားနားနဲ့စပ်စပ်အကြားမှာ သူမတုန်လှုပ်သွားတယ်
လမ်းဆုံးပေမယ့် ကမ်းမတွေ့သူရဲ့အဖြစ်မျိုး

ဒီတော့အဲ့ဒီအရပ်ကနေ လွတ်မြောက်ဖို့ ဇာတိအရပ်ဆီထွက်ပြေးလာတယ်

အခန်းတွင်းအောင်းနေတဲ့သူကိုလာအကြည့် အဖေဖြစ်သူရဲ့ပြောစကားက
ငါသမီးက ပြဿနာကို ဝေဖန်ပိုင်းခြားဖြေရှင်းနိုင်တဲ့ ဉာဏ်ရည်ရှိတယ်
ရဲရင့်သူဖြစ်တယ် အခက်အခဲရှိရင်ပြောမှာပါ မပူပါနဲ့ 
ကျောင်းမှာပင်ပန်းလာလို့နေမှာပါတဲ့

ဒါက သူမကို ယုံကြည်သူတွေရဲ့ ယုံကြည်မှုကို   
လွဲမှားတဲ့ရည်မှန်းချက်ကြောင့် ပျက်စီးစေတော့ထိုက်တန်ရဲ့လားလို့
ကိုယ့်ကိုကို သံသယဝင်မိချင်းအစပဲ

နောက်တနေ့မှာ သူငယ်ချင်းရဲ့ပယောဂနဲ့ 
သူမကို အဆင်မြင့်တန်းတက်ခွင့်ရအောင် ကူညီလမ်းပြတဲ့ဆရာရောက်လာတယ်

ဆရာ့အိမ်နံရံက ဘွဲ့ဒီဂရီ အထိန်းအမှတ်ပုံရိပ်တွေအစား
သူမပုံလေးချိတ်ထားတာတွေလို့ ငေးနေခိုက်မှာ 
အမျိုးသမီးတယောက်က လာပြောတယ် 

နင်က ဆရာ့ရဲ့စစ်မှန်တဲ့ အောင်မြင်မှုပဲတဲ့ ဒီစကားဆရာအမြဲပြောတတ်တယ်
သူ့လက်အောက်က ကျောင်းသားအရာအထောင် အောင်မြင်ခဲ့ဖူးပေမယ့်
ဒီလိုတပည့်မျိုး ဒီလိုအားထုတ်မှုမျိုးနဲ့ကြိုးစားသူမျိုးကို 
လမ်းပြကူညီတာမျိုးလုပ်ခွင့်ရတာ လုပ်ခဲ့ရတာ ဂုဏ်အယူဆုံးပဲတဲ့

နှလုံးဆိုင်ကို ဆုတ်ယူဖမ်းကိုလိုက်တဲ့အထိ သူမမင်သက်သွားတယ် အံ့ဩသွားတယ် 
သူမရဲ့ရည်ရွယ်ချက်က ဟာသဖြစ်နေပေမယ့် 
သူမရဲ့အားထုတ်မှုက သူမအသိုင်အဝိုင်း သူ့မကိုယုံကြည်သူတွေအတွက် 
အဲ့ဒီလောက်တောင်လေးနက်တာလား အရေးပါတာလား 
အတွေးများစွာနဲ့ပေါ့

ဒီကနေပဲ ဘဝရဲ့ရည်ရွယ်ရာကို ပြောင်းလဲလို့
ရည်မှန်းချက်အတွက် ခရီးဆက်ဖို့ အရှုံးပေးလို့ စွန့်ခွာထွက်ပြေးခဲ့ရာဆီ
ဦးလှည့်ရင်ဆိုင်ရင်း.....

မှားခဲ့တဲ့ရည်ရွယ်ရာနဲ့ မပြီးပြတ်သေးတဲ့ အနာဂါတ်ပန်းချီကို ပြန်လည်ရေးခြစ်ဖို့
အတိတ်ဆီပြန်လာရာမှာ ပစ္စုပ္ပန်စိတ်သက်သက်မို့
ထိုးခဲ့တဲ့ဓါးကိုလည်း ခွင့်လွှတ်စွာရှေ့ဆက်ခဲ့တယ်

မှားခဲ့သည်ဆိုစေအုံး ရည်ရွယ်ရာက ပြဿနာမဟုတ်တော့
မှားယွင်းတဲ့ကိုယ်စိတ်ကို မျောလွင့်မနေစေဖို့ ထိမ်းချုပ်မောင်းနှင်ခဲ့တယ်

ဒီလိုနဲ့ သူမအနာဂါတ်က 
တွန်းအားကိုတည်လို့ ရည်ရွယ်ရာကိုပြောင်းလဲပဲ့ကိုင်းရင်း

ဆောင်းဦးစ မနက်ခင်းလိုလည်း နှင်းမဝေ
နွေလယ်ကျ နေ့ခင်းတွေလိုလည်း မြူခိုးမထွေ
မိုးကျပြီးစ အချိန်တွေလို ပြတ်ပြတ်သားသားလင်းလင်းထင်းထင်း

ပြောဖို့မေ့နေတယ် သူမနာမည်က **ကမလီ **
နာဒူကာဗေရီ ရွာသူလေးပေါ့...

သက်ဝင်လှုပ်ရှားလာစေတာက 
အာနန္ဒီ (Anandhi) ဖြစ်ပါတယ်
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
================================
ကြာနီကန်ဆရာတော် ဦးဇဋိလ
https://www.facebook.com/profile.php?id=61553891251403

ကဗျာ ဆောင်းပါး
https://www.facebook.com/thanhtunlay.inde.09799871227

ဂီတစာဆိုမောင်ကြေးမုံ
https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO
________
သန်းထွန်းလေး ☆ အင်းတဲရွာ 
G-mail      - Koloneypoe@gmail.com 
Blog         -Http://koloneypoe.blogspot.com
Youtube    -https://youtube.com/@thantunlayinde
Facebook  -https://www.facebook.com/ThanTunLayANKGold09799871227 
================================



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရေသံသရာ