တော်လှန်ရေးအတွက် ပင်မအရင်းအမြစ်
ပင်မ အသက်သွေးကြောတွေထဲကတခုဖြစ်တဲ့
၂၁ ရာစုရဲ့ ခေတ်မီနည်းပညာလက်နက်ကိုစွဲကိုင်လို့
အသုံးချလို့
တော်လှန်ရေးအတွက် နောက်တန်းကပံ့ပိုးနေတဲ့ ချန်နယ်တွေအများကြီးပေါ်လာတယ်
ပြောရရင် အသိဉာဏ်ပညာအလင်းဖွင့်ပေးရင်း
တတ်ကျွမ်းတဲ့နည်းပညာ
လေ့လာအားထုတ်ခဲ့တဲ့
ခံစားသက်ဝယ်လွယ်လို့ အဖြတ်အရပ်ကျွမ်းကျင်စွာ ပြေပြစ်စွာ ပြန်လည်ပြောပြနိုင်တဲ့အရည်အချင်းကို အသုံးပြုလို့
အချို့ကလည်း မူလရိုးရိုးတင်ဆက်မှုထက် update တင်လို့ အာဏာရှင်ကို ဖြိုလှဲဖို့ အားနဲ့မာန်နဲ့ နည်းပရိယာယ်တွေကြံဆ ကိုယ့်ကိုယ်ကိုမြှင့်တင်ကြသူတွေ
ဒီလို မတရားမှုကိုငုံ့မခံ တုံ့ပြန်ဖြိုလှဲဖို့
နည်းပေါင်းစုံကြံဆလို့အားထုတ်ကြရင်း
အိုင်ထဲကနေ မဟာသမုဒ္ဒရာအတွင်းရောက်ရှိသွားသလို
ပုံသဏ္ဍာန်မျိုးစုံ ကူးနည်းအဖုံဖုံစမ်းသပ်ရင်း လှလှပပ ကျွမ်းကျွမ်းကျင်ကျင်ကူးခတ်နိုင်ခဲ့တဲ့ ငါးလေးတွေအလား
စာဖတ်သူပညာရှင်တွေပေါ်လာတာ ကျေနပ်စရာ
ဒေါင်း'ပြောသလိုပဲ တော်လှန်ရေးဆိုတာ နစ်မွန်းသွားဖို့မှမဟုတ်တာ
အာဏာရှင်ကိုဖြိုလှဲရင်း ကိုယ့်ကိုယ်ကိုလည်းမြှင့်တင်ဖို့ လိုတယ်မဟုတ်လား
ထားပါတော့
နှစ်သက်ရာ တော်လှန်ရေးထောက်ပို့ယူကျုချန်နယ်ကိုဖွင့်ကြည့်လိုက်
လေးတွဲ့တွဲ့အသံ ထူးခြားတဲ့ဟန်နဲ့ စာဖတ်သူတယောက်ကို သေသေချာချာကို သင်သတိထားမိပါလိမ့်မယ်
အသံကိုနားစဉ်ရင်း ရုတ်တရက် သင်ထင်မှတ်သွားနိုင်တာက သုမောင်တို့ခေတ် ကောလိပ်ဂျင်ကြီးတို့ ဆရာကြေး တို့ခေတ် မဟုတ်ဘူး မဟုတ်ဘူး
ကြာနီကန်တို့ မာမာအေးတို့ တွံတေးကြီးတို့ ဝင်းဦး တို့ခေတ် ဒါလည်းနည်းနည်းမြန်နေသေးတယ်
ရှေ့နည်းနည်းထပ်သွားကြည့်ရင် ဒေါ်မေရှင်တို့
ပြီးတော့ မေလှမြိုင်တို့ခေတ်ကိုတွေ့လိမ့်မယ်
ဦးဘဂျမ်းရဲ့ တကွက်စာကာတွန်းတွေတွေ့လိမ့်မယ်
အဲ့ဒီခေတ်မှာ အပြိုင်းအရိုင်းထိုးထွက်ခဲ့ကြတဲ့ လူငယ်တွေကိုတွေ့လိမ့်မယ်
ဒီထဲကမှ တော်လှန်ရေးတွေ တည်ဆောက်ရေးတွေအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တဲ့ ကြိုးပမ်းနေတဲ့သူတို့အတွက်
လက်ရှိဘဝ လက်ရှိဖိအား လက်ရှိပြဿနာတွေကနေ ခေတ္တကင်းဝေးသက်သာစေလို့ ပေါ့ပေါ့ပါးပါးစိတ်လက်အပမ်းဖြေစရာ ရသစာပေတွေ တခေတ်ထခဲ့ဖူးတယ်
ကောလိပ်တခွင်က တလွဲဟာသလေးနဲ့ ဇဝနလို
ကြက်သူခိုးကြီး သော်တာဆွေလို
ဂေါ်ရေးဖွင့်မယ့် သာဂဒိုးကြီးလို
ဒီခေတ် ဒီစာ ဒီအရေးအသား ဒီအသုံးအနှုံး ဒီဟန်တွေနဲ့ သူအသံက ဘယ်လိုလိုက်ဖက်နေမှန်းကို မသိပါဘူးဗျာ
ဪ သူ့အသံကနေ ခံစားထင်မြင်သမျှ
ဋီကာချဲ့လို့ ပေများရှည်လျားထွေပြား နေမိတာခွင့်လွှတ်ဗျို့
သူ့အကြောင်းလေးပြန်ဆက်ရရင် တလောက dot khit ရဲ့ live မှာပြောသွားချက်အရ အရင်ကတည်းက သူက ရေဒီယိုလိုင်းတွေမှာ အသံပညာဖန်တီးတင်ဆက်ခြင်းကို အသက်မွေးလုပ်ငန်းတခုအဖြစ် လုပ်ကိုင်ခဲ့ပုံပဲ
ပြောခဲ့တာက ဆိုခဲ့တာတွေက
ညွှန်းလွန်းတယ် ပိုတယ်လို့ထင်မြင်မိရင်တော့
မယုံရင်ပုံပြင်မှတ်လို့လွှဲမချပါဘူး
တော်လှန်ရေးယူကျုချန်နယ်တွေဆီ
ကိုယ်တိုင်သာသွားရောက် နားစဉ်အကဲဖြတ်ကြည့်ပါလို့
ပြောဖို့မေ့နေသေးတယ်ဗျ
သူကသီချင်းရေးလည်း တကယ်ကောင်းတယ်
သူရေးဖွဲ့ထားတဲ့သံစဉ်ကို
ဈရ်ကြီးသီဆိုထားတာလေးလည်း နားစဉ်ကြည့်ပါအုံး
။
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
။
သန်းထွန်းလေး ☆ အင်းတဲရွာ
No comments:
Post a Comment