သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, August 12, 2025

Premalu (2024) နှစ်ခါကွဲတော့ မလဲခံနိုင်ပါ့မလား



---------------
Director: ဂီရီရှ် (Girish A.D.)
နဆလမ် ကေ ဂဖိုးရ် Naslen K. Gafoor
မမီသ ဘဂျူး Mamitha Baiju
တမြေတရပ်ကိုကျောင်းလာတက်တဲ့ကောင်လေးတယောက် မြတ်နိုးရသူ ကောင်မလေးကို လေးနှစ်လေးမိုး ကြိတ်ပိုးလာခဲ့သမျှ နောက်ဆုံးနှစ်မှာ သူငယ်ချင်းတို့ရဲ့ဇွတ်အတင်း 
တွန်းပို့မှုနဲ့ ရဲဆေးတင်လို့ ဖွင့်ပြောဖို့ရာဖြစ်လာတယ်

ငြင်းလိုက်ပါတယ်
"ငါနောက်ကျသွားတာလား"လို့သူ့အမေးကို
နင့်အတွက်ဘယ်တုန်းကမှ ခံစားချက်မရှိတာပါတဲ့
သွားပါလေရော ကွဲပါလေရောအသည်း 😄

ဒီလိုနဲ့ကျောင်းပြီးလို့ မိဘလက်ငုတ်လက်ရင်းကူညီညာလုပ်ပေးရင်း နိုင်ငံခြားထွက်ဖို့ကြံဆောင်ရင်းက ခက်ခဲနေတဲ့ဗီဇာကြောင့် လစ်လပ်နေတဲ့အချိန်မှာ မိဖအိမ်ကပ်မနေလိုဘဲ အလုပ်လုပ်ဖို့ မြို့ကြီးထွက်ခဲ့ရာက 

မင်္ဂလာဆောင်တခုမှာ ကောင်မလေးကိုတွေ့ခိုက် ဒုတိယမ္ပိလှုပ်ရှာပြန်တဲ့ လူမိုက်နှလုံးသားကို ခပ်နာနာဆော်ထဲ့ဆုံးမဖို့ နှီးပြားရှာမရရာက မျောပါသွားပြန်ပါရော 😄

ဒီလိုနဲ့တဆင့်ချင်းတက်လို့ ဖွင့်ပြောရာမှာတော့ ဒီတခါလည်း အငြင်းခံရပြန်ပါတယ် နှစ်ဝါထိပြီးမို့ အနီကတ်နဲ့ပြည်ပထွက်ဖို့‌လုံလောက်သွားတဲ့ အသည်းကွဲသူကြီး 🤣 လေဆိပ်သွားရာလမ်းမှာ .....

ဒီကားမှာထူးခြားတာက မိန်းကလေးတယောက်ရဲ့ ဘဝနဲ့ခံစားမှုကို ပါးပါးလေးပြထားတာပဲ

သူမတို့မှာလည်း ခံစားတတ်သူပေပဲမို့ လက်တွဲဖော်က
ဘယ်လို
ဘယ်ပုံ 
ဘယ်အရည်အချင်းရှိရမယ်ဆိုတဲ့ စိတ်ကူးအတွေးရှိမယ်

ဒါပေမယ့် ရွေးချယ်ခွင့်မရှိတဲ့ အရှေ့တိုင်းလူမှုစံမှာ လာခွင့်ပန်တဲ့အထဲကသာ ကောင်းနိုးရာရာ သင့်တော်ရာကို ရွေးချယ်ရတာမျိုးမဟုတ်လား 

အငြင်းခံရပါစေ ယောက်ျားတို့မှာတော့
ကြိုက်ရာကိုဖောင်တင်လို့ အနည်းဆုံးကြိုးစားခွင့်ရှိပေမယ့်

သူမတို့မှာတော့ 
ကမ်းလင့်နိုးနိုး မျှော်ကိုးရင်းဟိုင်းသွားတာမျိုး
ကိုယ့်ရဲ့စံတန်ဖိုးတို့လျှော့ချလို့ ကမ်းလင့်သူတွေထဲက သင့်ရာကိုသာလက္ခံလိုက်ရတာ ရွေးချယ်လိုက်ရတာမျိုးမြင်ရတော့ ကိုယ်စား နာကျင်မိတယ်
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ဇာတ်ကားကြည့်ရန်
https://t.me/kolayinde1/93
သန်းထွန်းလေး ☆ အင်းတဲရွာ

 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဗုဒ္ဓဘာသာနှင့် ရုပ်ထုကိုးကွယ်ခြင်းအနှစ်သာရ

 ဗုဒ္ဓဘာသာနှင့် ရုပ်ထုကိုးကွယ်ခြင်းအနှစ်သာရ Https://www.youtube.com/@thantunlayinde  --- ရုပ်ထု (ရုပ်ဝတ္ထု) ကိုးကွယ်ခြင်းမှာ အဆင့်သုံးဆင့်ရှ...