သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, August 19, 2025

Middle Class Melodies [2020] လူလတ်တန်းစားတို့ရဲ့ဘဝသံစဉ်

Middle Class Melodies [2020]
လူလတ်တန်းစားတို့ရဲ့ဘဝသံစဉ်
Https://www.youtube.com/@thantunlayinde 
ငယ်ငယ်ကတည်းက အဖွားနဲ့အတူကူလုပ်ရင်း ချတ္တနီးကောင်းစွာစပ်တတ်ခဲ့လို့ မြို့ပြမှာ စားသောက်ဆိုင်ဖွင့်ဖို့အိမ်မက်နဲ့ ကောင်လေးတယောက် 

ဒီလိုနဲ့နေရာရှာရာက ယောက္ခမလောင်းကြီးပိုင်ဆိုင်ရာ‌ဆိုင်ခန်းလေးမှာပေါ့ 

တပတ်မှတလ တလမှနှစ်လဖြတ်သန်းလာအပြီးမှာ သူ့ရဲ့စားသောက်ဆိုင်လေးက သူထင်သလိုဖြစ်မလာဘူး တိုးတက်လာဖို့ဝေးစွ တနေ့တခြားဆုတ်ယုတ်လာရာက ကြံရာမရသောကတွေနဲ့ပေါ့

ဒီဖိအားတွေကြောင့် အရာရာဘုတောချင် လောကကြီးကိုအပြစ်မြင်နေမိရင်း ချစ်ရသူနဲ့ကတောက်ကစဖြစ်စဉ်မှာ သူမပြောတာက 

နင်ကထင်တလုံးဖြစ်နေတာကို အမှန်က နင့်လက်ရာကသာမန်ထက်မပိုပါဘူး မျက်စိကိုဖွင့်လို့ လုပ်ငန်းတူတွေကိုလေ့လာကြည့် သူတို့ဘာကြောင့် ဖောက်သည်တွေကိုစွဲဆောင်နိုင်လဲဆိုတဲ့ အရည်အသွေးအစစ်အမှန်ကိုမြင်လာလိမ့်မယ်တဲ့

ကျွန်တော်တို့မှာလည်းဖြစ်တတ်တယ်ဗျ လုပ်ငန်းတူ အသွင်တူရယ်လို့ဖြစ်လာရင် စဉ်းစားတာကိုက တိုက်ခိုက်ဖို့ပဲကို

ကိုယ့်ရဲ့ပကတိအရှိတရားနဲ့ သူ့ရဲ့အရည်အသွေးကို နှိုင်းယှဉ်သုံးသပ်လို့ မှန်ကန်စွာသိနိုင်ဖို့ ကြိုးစားခဲတာကို

သာရင်မမှန်လို့ နိမ့်ရင်ညံ့လို့ချည်း 
တဖက်သတ်ဆုံးဖြတ်လိုက်တာရယ်

ဒီကားမှာ ဇာတ်ပိုစုံတွဲရဲ့ love screen လေးကလည်းသဘောကျစရာ

ကောင်မလေးကို လျှောက်ပြန်သံပေးအဆင့်ကနေ 
အရဲစွန့်တဆင့်တက်ချင်နေသူတယောက်

တွေ့ရရင်ကို
အယောင်ယောင်အမှားမှား အမူအရာ
အထစ်ထစ်အငေါ့ငေါ့နဲ့ ပါးစပ်
တဇတ်ဇတ်တုန်နေတဲ့ ဒူး
တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားတို့ကြောင့် မြတ်နိုးရာအတွက် ခံစားရမှုကို လှလှပပဘာသာပြန်ပြနိုင်ဖို့ဝေးစွ အကြိမ်ကြိမ်စွံ့အလို့ 

အံမယ်ပြောဖို့သာထိတ်နေတာတာ
စိတ်ကူးထဲမတော့ သမီးလေးတောင်ကျောင်းတက်နေပြီ 😄

ဒီလိုနဲ့ ရင်ခုန်သံများ သူသိအောင်ဖွင့်ပြောမနေတော့ဘဲ တခါတည်း ဇာတာတောင်းလိုက်တယ် အိန္ဒိယမှာ ဇာတာက အိမ်ထောင်ဖက်ရာမှာ သိပ်အရေးကြီးတာကိုဗျ

ဂြိုဟ်စီးဂြိုဟ်နင်းသင့်မသင့် ကောင်း‌မကောင်း 
မိတ်ဖက်ပြုအပ်မပြုအပ်ကို ဇာတာခြင်းတိုက်ဆိုင်လို့ ဆုံးဖြတ်ကြတာကိုး
ဒီလိုနဲ့စစ်ဆေးရာမှာတော့ ခိုက်ဖက်မို့ ကြင်ဘက်မပြုအပ်ဆိုတော့ကား 

နှလုံးသားအလိုလည်းမလွန်ဆန်နိုင် ရှေ့ဆက်ဖို့လည်းအခက်မို့ တုံ့ဆိုင်းတွေဝေလို့ ရပ်တန့်‌နေသူကိုကောင်မလေးပြောတာ သိပ်လှတယ်

ငါ့ရဲ့ ရုပ်အဆင်းချို့တဲ့မှု
အရည်အချင်းမပြည့်စုံမှုကြောင့် ပလစ်သွားတာပါဆိုရင် ခံသာတယ် လက်ခံနိုင်သေးတယ်

ခုတော့ ငါလည်းဘယ်လို့မှ ပြင်ဆင်ပေးလို့မရတဲ့
ငါ့ချို့ယွင်းချက်မဟုတ်တဲ့ ဂြိုဟ်နက္ခတ်ကိုတည်လို့ 
ငါ့အနာဂါတ်အပေါ်ဆုံးဖြတ်တယ်တဲ့လား 
.
.
Directed by Vinod Anantoju
Starring - Anand Devarakonda
                  Varsha Bollamma
.
.
ကြည့်ရန်
https://t.me/kolayinde1/121
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ



 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Hey Sinamika (2022) အိမ်ထောင်ပြုရင် သတိထားရမယ့်အရေးကြီးဆုံးအချက်

 Hey Sinamika (2022) အိမ်ထောင်ပြုရင် သတိထားရမယ့်အရေးကြီးဆုံးအချက် Https://www.youtube.com/@thantunlayinde  . ဘဝနှစ်ခုပေါင်းစုရာ အိမ်ထောင်ရေး...