Running Man episode 63
Https://www.youtube.com/@thantunlayinde
.
၆၃
Girls' Generation နဲ့
။
Guest : Tae Yeon, Yuri , Jessica , Seo Hyun , Hyo Yeon , Yoona [en All.SNSD].
Location : Goyang
။
အပိုင်း ၆၁ ပြီး နောက်တကြိမ် ဆုန်းဂျီဟျို'မပါတဲ့အပိုင်းပေါ့
ဒီမှာတော့ သူမ မပါဝင်နိုင်ခြင်းက တရုတ်မှာတုန်းကနဲ့မတူဘဲ
အမှန်တကယ်ကို အချိန်ဇယားတိုက်ဆိုင်မှုကြောင့်လို့ယူဆဖွယ်
ပြောကြသလို အပိုင်း ၅၀ ထိုင်းကပြန်လာအပြီးမှာ ထုတ်လုပ်သူတို့ရဲ့ ပိုမိုပံ့ပိုးမှုကိုရလာတယ်လို့ ဆိုသည့်တိုင် နတ်ရေကန်ထဲပစ်ချလိုက်သလို ဝုန်းကနဲ့ပြောင်းလဲသွားတာတော့မဟုတ်
ရင်းနှီးမြှပ်နှံသူတို့အတွက် အလားအလာကောင်းကို ချပြနိုင်ခဲ့ခြင်းသာပါ ဒါကြောင့် ဒီအလားအလာကိုစမ်းသပ်ဖို့ ရှိုးစတင်ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဧည့်သည်တအုပ်တမကြီးဖိတ်ကြားလို့ ဈေးကွက်အလားအလာကို စမ်းသပ်ခဲ့
ပထမဆုံး အပိုင်း ၅၅ မှာ ဆယ်ကျော်သက်တို့သည်းခြေကြိုက်ဖြစ်နိုင်မယ့် နုနယ်ငယ်ရွယ်တဲ့ အဆိုတော်မလေးတွေဖိတ်လို့ပေါ့
နောက် အပိုင်း ၅၆ မှာ ဟာသဖက်ပိုကဲလို့ အတွေဘအကြုံရင့်ကျက်ပြီးသူတို့နဲ့တဖုံ
ပြီးတော့ ၅၉ မှာ Rapper အထူးအပိုင်းလိုမျိုးတနည်း အမျိုးမျိုးပဲဗျ
ထိုနည်းတူစွာပဲ ဒီအပိုင်းက ဘတ်ဂျက်ပိုင်းတဆင့်မြှင့်လို့ ပိုပြီးမြှပ်နှံကြည့်ပုံပဲ ပိုပြီးအားစိုက်မြှပ်နှံမှုကြောင့် ဒီထုရဲ့ဖိအားနဲ့ တာဝန်ယူမှုအပိုင်းတွေက ကျယ်ပြန့်လာတယ်
ဒီမှာစိတ်ဝင်စားစရာက ဟားဟား'ရဲ့ကဏ္ဍပဲ
သူက တနေရာတည်းမှာဦးဆောင်နေတာမျိုး ရပ်နေရတာမျိုးမဟုတ်ဘဲ အရာရာတိုင်းနဲ့ လိုက်ပါချိတ်ဆက်ပေးနေရတာမျိုး
သတိထားမိကြလား ဒီအပိုင်းအထိက သစ္စာဖောက်တာတို့ မယုံကြည်ခြင်းတို့ အချစ်ရူးလေးတို့ အောင်သွယ်တော်တို့ဇာတ်ရုပ်ကို သူတယောက်တည်းသာ တောက်လျှောက်လုပ်ဆောင်နေတာ
ရှိုးမှာဒီဇာတ်ရုပ်တွေခိုင်မာအောင် ဖောင်ချနေတာ
ဒါကြောင့် ဟားဟား'အကြောင်းသီးသန့်ဆောင်ပါးမှာ
သူက ဆား'နဲ့တူတယ်လို့ပြောရတာပါ
ဒီနေ့ကိုယ့်လူကြီးတွေလည်း ဘယ်လိုဖြစ်လည်းမသိပါဘူးဗျာ ဆိုင်းဘုတ်မမြင်တဲ့သူနဲ့
အပျော်လွန်လို့ ခြေမခိုင်ဘဲပျော့ခွေကျတဲ့သူနဲ့ 😄
ဆရာအောင်ခြိမ့်'ရဲ့ ကဗျာလို
တခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ'မသိပေမယ့်
တနေ့တည်းနှစ်ခါလမ်းကြောမှာသွားတဲ့ 🐧တယောက်တော့
မြို့တော်ဝန်ကိုယ်တိုင်ချီးမြှင့်မယ့် သုံးကြိမ်မြောက်ရွှေလက်စွပ်ရမယ့်အခွင့်အရေးကနေလွဲသွားပါကြောင်း 😄
.
.
🌹အထူးအချက်
ဆုန်းဂျီဟျို'မပါဝင် ဒီအပိုင်းပြီးနောက်အပိုင်းကောပေါ့
ပထမဆုံးရွှေလက်စွပ်ရသွားတဲ့ 🦒
သူက ဒီအပိုင်းမှာမှ နှစ်ယောက်တည်းပထမဆုံးနိုင်တာပါ
ဒီနားဝန်းကျင်အပိုင်းတွေက သူတို့ရဲ့ကြိုးစားမှုအတွက် အားထုတ်မှုအတွက် ထုတ်လုပ်သူတွေရဲ့ ယုံကြည်မှုနဲ့ပံ့ပိုးမှုကို ပိုရခဲ့သလို ပရိတ်သတ်တို့ရဲ့ တုံ့ပြန်အားပေးမှုကလည်း တရိပ်ရိပ်တက်လာစေတာ ခိုင်မာလာစေတာတွေပါ
ပြီးတော့ ငါတို့ရဲ့အားထုတ်မှုက အချီးနှီးမဟုတ်ဘဲ
ကိုယ့်ဘက်ကစိုက်ထုတ်သလောက် ထိုက်တန်တဲ့တုံ့ပြန်မှုတွေရနိုင်ပါလားလို့
အဖွဲ့သားတို့ကိုယ်တိုင်
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသွားစေတဲ့အပိုင်းတွေပါ
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
Photo album
https://t.me/rmkolayinde/1694
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
No comments:
Post a Comment