Running Man episode 59
Https://www.youtube.com/@thantunlayinde
.
၅၉ ဟစ်ဟော့အထူးအပိုင်း
Guest : Yoon MiRae, Tiger JK, Choiza, Gaeko, Simon Dominic.
Location : Moogyo, Octopus Street, Marronier Park, Cultural Center 284
.
အဖွင့်မှာပဲ သံစဉ်တွေကိုရွတ်မယ့် ရက်ပါများစတိုင်ဝတ်ဆင်နှုတ်ဆက်ခဲ့ကြရင်း ယူလာတဲ့မွေးနေ့ကိတ်ကို ရက်ပ် စတိုင်ခပ်ချေချေမီးမှုတ်ချလိုက်တဲ့ မွေးနေ့ရှင် 🐧...😀
အမှန်တော့ဒီအပိုင်းကနှစ်ခါရိုက်လိုက်ရတာရယ်
ရာသီဥတုကြောင့် ရှေ့ရိုက်ထားတာက ထုတ်လွှင့်ဖြစ်အောင်ထိမရိုက်ခဲ့ရတာမို့ ပြန်ရိုက်ခဲ့တာ
မိတ်ဆက်ကြရင်း ရှေ့မှာတောက်လျှောက် နေရပ်မေးခွန်းကို ရက်ပ်စတိုင်ဖြေလာကြရင်း🦒 ကိုမေးရာမှာ မနေ့ကဘာလုပ်ခဲ့လဲတဲ့ အားခဲပြင်ဆင်ထားသားမျှ ပက်လက်လန်ပါလေရော 😄
ဒါကဟာသပညာပါ
အစဉ်အတိုင်းဂွင်တည်လို့ အုပ်ချလိုက်တဲ့သဘော
ပြီးတော့ ဒီအပိုင်းမှာ စပိုင်အုပ်စုပါတယ်
ဒါက တပိုင်းလုံးစာအတွက် ပထမဆုံး စပိုင်ထည့်ခြင်း
ဒီတာဝန်ကိုယူကြမှာက 🐱🐧 နဲ့ ဧည့်သည်ရက်ပါ JK
အပိုင်း ၅၁ ထိုင်းဒုတိယပိုင်းတုန်းက
🐯 က သူခိုးပါစပိုင်မဟုတ်
အပိုင်း ၃၈ ရေသေနတ်အပိုင်းတုန်းက 🦗 ကတော့ စပိုင်လို့ဆိုနိုင်ပေမယ့် တပိုင်းလုံးစာအတွက်တော့မဟုတ်
စပိုင်တို့အတွက်တာဝန်က ကိုယ်ပါဝင်တဲ့အသင်းကို တကြိမ်တည်းနဲ့မစ်ရှင်အောင်မြင်မသွားအောင် ပြုလုပ်ရမှာ
အောင်မြင်သွားမယ်ဆိုရင်တော့ စပိုင်ရှိနေကြောင်းသဲလွန်စသေတ္တာကို PD တို့က အများသိအောင်ချပြမှာမို့ပါ
ပထမဆုံးကစားပွဲမှာပဲ အပိုင်း ၂၅ တုန်းကစတင်သုံးခဲ့တဲ့ စက္ကူဒိုးရိုက်မစ်ရှင်ပါဝင်လာပါတယ်
နောက်ဒုတိယပြိုင်ပွဲမှာတော့ စာလုံးတလုံးကိုရွေးချယ်စေလို့ သီချင်းထဲက ထိုစာသားပါချိန်တိုင်း အစာစားရမှာ ဒီမစ်ရှင်ကတော့ ဒီအပိုင်းမှာမှစသုံးတာပါ
နောက်တတိယပြိုင်မှာကတော့ စက္ကန့်သုံးဆယ်အတွင်း စာသားတွေကိုအမြန်ရွတ်ရမှာ
ရွတ်ကြည့်ပါအုံး "ရွှံ့ပေါ်ရှဉ့်ပြေးရှဉ့်မွှေးရွှံ့မလူး" 😄
နောက်ဆုံးပွဲကတော့ နာမည်ကတ်ခွာခြင်း ဒီမစ်ရှင်ပေးအပ်လို့ ပြိုင်ပွဲဝင်အသင်းသားတွေကိုလှည့်စားထားပြီး တသင်းဆီမှာကြိုတင်ထည့်သွင်းထားတဲ့စပိုင်တွေက သီခြားမစ်ရှင်ပြုကြမှာ
အသင်းသားတွေမရိပ်မိအောင် စောစောပြိုင်ပွဲတွေမှာရရှိခဲ့တဲ့ သေတ္တာတွေမှာ နောက်ဆုံးမစ်ရှင်အတွက် အကျိုးသက်ရောက်မှုရှိစေတဲ့ ပစ္စည်းတွေထည့်ပေးထားတယ်
နာမည်ကတ်အကြီးအသေးအားနည်းချက်ကတော့ ရှေ့အပိုင်းတွေမှာပါဖူးပြီးသားမို့မထူးခြားပေမယ့် ပြိုင်ပွဲဝင်တွေအတွက် လက်အိတ်စွပ်စေတာကတော့ ဒီအပိုင်းမှာမှစပါတာ
လက်အိတ်မှာလည်း အားနည်းချက်အားသာချက်ကိုယ်စီ
နောက် မတူညီတဲ့ ဆက်သွယ်ရေးကိရိယာ
အဆိုးဆုံးအသင်းက အော်လံကြီးဗျ နို့ဆီခွက်ကြိုးတပ်ပေးလိုက်တာမှတော်အုံးမယ်ရယ် 😀
.
.
🌹အထူးအချက်
ပထမဆုံး Music အထူးပွဲ Hit Hop သံစဉ်
ပထမဆုံး နှစ်ခါရိုက်လိုက်ရတဲ့အပိုင်း
အပိုင်း ၁၉ မှာ သူစတင်ချပြခဲ့တဲ့ သစ္စာဖောက်ဇာတ်ရုပ်ကို
တသင်းတည်းကျ 🐯 ကိုပါ လှည့်စားလို့ ပိုင်နိုင်စွာထပ်ဆင့်ချပြခဲ့တဲ့ 🐧
အပိုင်း ၂၅ အပြီးပြန်သုံးခဲ့တဲ့ စက္ကူဒိုးရိုက်မစ်ရှင်
ရွေးချယ်ထားတဲ့စာသားပါလာရင် အစာစားရခြင်းမစ်ရှင်
ပထမဆုံးအသုံးပြု
လှပတဲ့ဇာတ်သိမ်းနဲ့ ပြိုင်တူထုတ်ခဲ့ကြတဲ့စုံတွဲ
ပြိုင်ပွဲဝင်သူအထုတ်ခံရပြီးသူတိုင်း တအံ့တဩ မချင့်မရဲရေရွတ်မိကြသည်အထိ ပြောင်မြောက်ခဲ့ကြတဲ့ ပထမဆုံး တပိုင်းလုံးစာအတွက် စပိုင်များ 🐧🐱 JK
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
Photo album
https://t.me/rmkolayinde/1602
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
No comments:
Post a Comment