Running Man ep 57
Https://www.youtube.com/@thantunlayinde
.
၅၇
Location : Jeju Island, Gimpo Airport.
.
ဒီအပိုင်းမှာ ကစားမယ့်နေရာက ဂျယ်ဂျူကျွန်း
ဒါကြောင့်ပဲ လေယာဉ်နဲ့သွားရောက်ခဲ့ကြပြီး အဖွင့်စစချင်းမှာ ၅ ဦးသာရှိလို့တမျိုးမထင်ပါနဲ့ မွေးလတူပြီး မွေးရက်နီးတဲ့
🐱 နဲ့ 🦗 အတွက် မွေးနေ့ကိတ်ပြင်ဆင်နေတာကြောင့်ပါ
ပြီးနောက်မှာဆိုင်းမဆင့်ဘုံမဆင့် မစ်ရှင်စနေပြီဖြစ်ကြောင်းနဲ့ ၁၀ မိနစ်အတွင်းပြီးမြောက်အောင်ကစားဖို့ PD အဖွဲ့ကအသိပေးခဲ့တာမို့ ကြောင်းစီစီဖြစ်လို့ ဘာလုပ်ရမယ်မသိဖြစ်သွားကြ
ဒီလိုနဲ့ အချိန်ပြည့်ခါနီး နောက်ဆုံးမိနစ်ဝက်အတွင်းမှာတော့ 🐯 ရဲ့ ညွှန်ပြမှုကနေ ဧည့်သည်တယောက်ကို စတင်တွေ့ပြီး ဆက်တိုက်ဆိုသလို 🐧 က နောက်တယောက်ကိုထပ်မံတွေ့ခဲ့တာမို့ အပြေးသမားတို့အနိုင်ရ
နောက်အသင်းခွဲအပြီးမှာတော့ ပြိုင်ပွဲတလျှောက်အသုံးပြုဖို့ တသင်းကို RM ဒင်္ဂါး ၂၀၀ စီပေးလို့ မစ်ရှင်စဖို့ နှစ်သက်ရာကားကိုရွေးချယ်စီးနင်းစေခဲ့
ဘာကြောင့်ရွေးခိုင်းရလဲဆိုရင် အားနည်းချက်ပါလို့ပေါ့
ထိုအားနည်းချက်ကိုမှ တည့်တည့်ကြီးရွေးမိတဲ့
🐱 နဲ့ 🐯 တို့ရဲ့အသင်း
အားနည်းချက်က ဓာတ်ဆီနည်းတာ ဒါ့ကြောင့်အရင်ဆီဆိုင်ရှာရင်းဆီဖြည့်ရာမှာ ရေတွက်တာမှားလို့ ဒင်္ဂါးလျော့ပေးမိတဲ့ 🐱
ဒါကိုမှန်တယ်လောကမှာဒီလိုပဲယှဉ်သန်ရမယ် လူတွေကိုလိမ်လို့ရသမျှဆက်သာလိမ်လို့ ဒဿနထုတ်လိုက်တဲ့ ဧည့်သည် 😀
🦬🐵🐧တို့ တသင်းတည်းကျသွားတာမို့ လျော့ပါးသွားနိုင်တဲ့ သူတို့ရဲ့ပြသချိန်တွေကိုကာကွယ်ဖို့ 🐧 လောဆော်စကား
ကြာနီကန်ဆရာတော့်စကားငှားသုံးရရင် 🐧နဲ့ပေါင်းလို့မှ ပြသချိန်မရရင် ကံလို့သာအောင့်မေ့ပေရော့ 😀
အစောအပိုင်းတွေမှာလည်း သူနဲ့ပေါင်းမှ ပေါတောတောတွေသရုပ်ဆောင်ခဲ့ကြရသူတွေ တပုံတပင်မဟုတ်လား 😀
၁၉ : ၁၅ မိနစ်မှာ ရှင်ဆယ်ကျောင်း'က RM ကိုလာတာ ဒုတိယအကြိမ်မဟုတ်လားဆိုတဲ့ စာတန်းတွေ့လိုက်တော့ ကိုယ်တောင်ကြောင်သွားတယ်
🦗 ပဲ အမှတ်မှားပြီးပြောလိုက်တာလား စာတန်းထိုးပဲမှားလေသလာမသိ သူမကခုအပိုင်းမှာမှ စလာဖူးတာပါ
အသင်းခွဲအပြီး ပထမဆုံးမစ်ရှင်က တသင်းလုံးဘောကွင်းတခုအတွင်းဝင်စေလို့ ဈေးထဲက အားလပ်ရက်ခရီးမှာ အသုံးပြုမယ့် ပစ္စည်း ၅ မျိုးထဲက ၃ မျိုးမှန်အောင်ခန့်မှန်းဝယ်ရမှာ
နောက်ထပ်မစ်ရှင်ကတော့ စားသောက်ဆိုင်မှာ
ရှေ့မှာအစားအသောက်နဲ့ပတ်သက်လို့ မစ်ရှင်တွေလုပ်ခဲ့ဖူတာကြောင့် သတိကြီးနေတဲ့ အဖွဲ့သားတို့ကို
နောက်ထပ်ထူးခြားတဲ့ အစားသောက်မစ်ရှင်အဖြစ် ဒေသဘာသာစကားနဲ့ ပြောတာကို ခန့်မှန်းလို့ မှန်ကန်စွာထည့်သွင်းစားသောက်ရမှာ
ဒီမှာ အပိုင်း ၄၀ ပြီးကတည်းကပြောက်နေတဲ့ ကင်ဂျုံကု'ရဲ့မန်နေဂျာ ခါဂျင်း'ကို ပြန်တွေ့ခဲ့ရ သူကအစောပိုင်း FD ဂိုဒုံဝမ်'ကို မသုံးသေးခင်ကာလမှာ တောက်လျှောက်ဆိုသလို အားဖြည့်သူအဖြစ်ပါဝင်ခဲ့တာပါ
ဒီမှအောင်မြင်ပြီးနောက် ကမ်းစပ်သို့သွားလို့ ရေလယ်က အသက်ကယ်ဘောကွင်းကိုသွားယူဖို့ RM ဒင်္ဂါးနဲ့ ရေယာဉ်ငှားရမှာဖြစ်ပြီး
ငွေသုံးနိုင်သလောက် ကောင်းကောင်းမွန်မွန်သွားခွင့်ရမှာ
မစ်ရှင်ကတော့ ဘောကွင်းကို လေထုတ်လို့ အိတ်အတွင်းပြန်လည်သိမ်းစည်းရမှာ
နောက်မစ်ရှင်ကတော့ မြေမှုန့်တွေကို ခြေနဲ့ထိူကော်လို့ ၉၀၀ ဂရမ်ကျော်အောင်သယ်ယူရမှာ
ထိုမှတဆင့် နောက်ဆုံးမစ်ရှင်အနေနဲ့ ဂျယ်ဂျူအပြည်ပြည်ဆိုင်ရာအစည်းအဝေးခန်းမသို့ သွားရောက်လို့ အလံတိုင်ကိုဆွဲနှုတ်နိုင်တဲ့အသင်းက အနိုင်ရရှိမှာ
ဒီနေရာမှာ လေကိုခွင်းလို့ လျှင်မြန်တဲ့အရှိန်နဲ့ အားလုံးကိုကျော်ဖြတ်ပြေးလို့ ပန်းတိုင်ကိုအရင်ရောက်ပေမယ့် အလံတိုင်နှုတ်ဖို့သတိမရတဲ့ 🐵 ကြောင့် ရှုံးသွားတဲ့ အဝါအသင်း 😀
ဒီတခါအနိုင်ရအသင်းအတွက် အထူလက်ဆောင်ကတော့ ရွှေလက်စွပ်မဟုတ်ဘဲ နွားနက်သားနဲ့ ညစာတည်ခင်းဧည့်ခံ
.
.
🌹အထူးအချက်
ဒုတိယအကြိမ်လာရောက်ခဲ့တဲ့ ချာတေးဟွန် (၁၀/၅၇/၅၈)
ပထမဆုံးမစ်ရှင်စမယ့်နေရာက နိုင်ငံတွင်းဖြစ်ပေမယ့် လေယာဉ်နဲ့သွားရောက်ခဲ့ရခြင်း
မွေးလတူ မွေးရက်နီးတဲ့ ယူဂျယ်ဆော့နဲ့ ဂျီဟျို'အတွက်
ပထမဆုံး မွေးနေ့ပွဲကျင်ပ
ဘာမှန်းမသိတဲ့ အဖွင့်မိတ်ဆက်မစ်ရှင်အထူးအဆန်း
RM ရွှေဒင်္ဂါးစတင်အသုံးပြု
ပထမဆုံး အားနည်းချက်ရှိတဲ့ကား
ပထမဆုံး အနိုင်ရအသင်းအတွက် အစားအသောက်တည်ခင်းဧည့်ခံခြင်း
အပိုင်း ၄၀ ပြီးကတည်းကပြောက်နေတဲ့ ကင်ဂျုံကု'ရဲ့မန်နေဂျာ ခါဂျင်း'ကို ပြန်တွေ့ခဲ့ရ သူကအစောပိုင်း FD ဂိုဒုံဝမ်'ကို မသုံးသေးခင်ကာလမှာ တောက်လျှောက်ဆိုသလို အားဖြည့်သူအဖြစ်ပါဝင်ခဲ့တာပါ
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
Photo album
https://t.me/rmkolayinde/1572
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
No comments:
Post a Comment