သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, July 5, 2025

Running Man episode 55


Running Man episode 55

Https://www.youtube.com/@thantunlayinde 

.

၅၅

Guest : Ji Yeon [T-ara], Suzy [Miss A], Luna [f(x)], Sulli [f(x)]. 

Location : Wootdali Culture Village

.

.

ဖိတ်ကြားထားတာက ငယ်ငယ်ရွယ်ရွယ်အဖွဲ့စုံက

အမျိုးသမီးအဆိုတော်လေးတွေဆိုတော့ 

အံ့အားတသင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်လို့


သဘောကောင်းလှချည်လားလို့ အ‌ဖွဲ့သားတို့ရေရွတ်မိကြသည်အထိ သဘောကျသွားကြသည်အထိ 🥰


ဒီလိုကောင်းမွန်တဲ့ဆုလဒ်နဲ့အတူ အင်မတန်ပင်ပန်းတဲ့မစ်ရှင်ကြီးကပါ တပါတည်းကပ်ပါလာမှာမသိကြသေးခင်ကာလအထိပေါ့ 😀


မိန်းကလေး ငါးယောက် ယောက်ျားလေးခြောက်ယောက်မို့ ဘက်ပဲ့နေတဲ့တယောက်က မစ်ရှင်ပြီး‌ချိန်မှာ ရှုံးနိမ့်တဲ့စုံတွဲထဲကတယောက်နဲ့ တွဲဖက်ခွင့်ရမှာမို့စောင့်ဆိုင်း


ပထမဆုံးမစ်ရှင်က တွဲဖက်မိန်းကလေးကို ကျောပိုးလို့ခဲတံသုံးချောင်းဝယ်ကာ သတ်မှတ်နေရာသို့သွားလို့ ၁၅စက္ကန့်အတွင်းချွန်ရမှာ 


မစ်ရှင်ကတကယ့်မလွယ်ကျောမို့ 

နောက်ပိုင်း PD တို့ အချိန်တိုးပေးရသည်အထိ


ဒီမှာတော့ ‌ပင်ပန်းနေ‌တဲ့တွဲဖက်ကို တန်ပြန်ကျောပိုးလို့ သတ်မှတ်နေရာဆီအရောက်သွားခဲ့တဲ့ အားကိုးချင်စရာ ကျားကျားယားယားမိန်းမသား တနင်္လာကောင်မလေး 😄


အရင်ဆုံးအောင်မြင်တဲ့နှစ်ဖွဲ့က ကိုယ်ပိုင်ကားနဲ့နောက်မစ်ရှင်နေရာသို့သွားရောက်ခွင့်ရခဲ့ပြီး ရှုံးနိမ့်သူများကတော့ အများစီးကားနဲ့အတူ မဲနှိုက်ရွေးချယ်လို့ ဘယ်ပဲ့နေသူနဲ့ပြန်တွဲဖက်


ဒီမှာ တွဲဖက်နဲ့ဖဲ့ထွက်ရမယ့်အရေးအတွက် 

🐵 လေးရဲ့စကားက 


အချစ်ဆိုတာဒီလိုပဲလား အတူရှိနေချိန် ပင်ပန်းရတယ် 

ခွဲခွာချိန်ကျ နာကျင်ခံစားရပြန်ရော'တဲ့


ဒုတိယပွဲမှာတော့ စားသောက်ဆိုမှာ ကြိမ်နှုန်းဖမ်းစက်ကိုခါးမှာတပ်လို့ မှာစားထားတဲ့စားစရာရဲ့ဈေးနှုန်းအတိုင်းရအောင် က ကြရမှာ


ဒီမှတဆင့်နောက်ဆုံးကစားမယ့်နေရာမှာတော့ စုံ‌တွဲတွေကို စက္ကူလက်ပတ်လေးဝတ်စေလို့ 


စောစောကပဲ့ထွက်လို့အထီးကျန်ခဲ့ရတဲ့ တနင်္လာကောင်လေးရဲ့ စုံတွဲတွေအပေါ်နာကျဥ်းကာ လက်တုံ့ပြန်ကလဲ့စားချေမယ့်

(ခွဲမယ့်ရန်)ကို ရှောင်ရှားကြရမှာ 


သူ့အတွက်သတ်မှတ်ချိန်က တနာရီ


ပြောက်နေတာကြာပြီဖြစ်တဲ့ 

ထိတ်လန့်ဖွယ် မုဆိုးရဲ့အမှတ်တံဆိပ်ခြူကိုဖိနပ်မှာတပ်လို့ 

စုံတွဲတွေရဲ့ တွဲဆက်ထားတာ မေတ္တာစက္ကူကြိုးကို ဖြတ်ရမှာ


အမြဲသစ္စာဖောက်ခံနေရတဲ့ 🐯 ရဲ့ 

လက်စားချေသတင်းပေးမှုနဲ့အတူ


ကစားပွဲအပြီးမှာတော့ ထိုနေရာမှာပဲ အနားယူလို့ 

မအိပ်စက်ခင်မှာ ပန်းလက္ဖက်ရည်သောက်ခဲ့ကြ


နောက်တနေ့မှာရိုက်ကူးမယ့် နောက်အပိုင်းအတွက် အဖွင့်ကိုကြိုတင်ပြသခဲ့ပြီး 


ပန်းလက္ဖက်ရည်အစွမ်းနဲ့ ပျိုမြစ်နုနယ်အလှသွေးကြွယ်နေကြတဲ့ မိန်းမငယ်လေးတွေက ကျားကျားယားယား မိန်းမကြမ်းတို့အဖြစ်ပြောင်းလဲ 😄


PD တို့ရဲ့အကြမ်းစားဆေးထိုးမှု စတင်ပြီဖြစ်ကြောင်း အသိပေးခဲ့ရင်း 


အဖွဲ့သားတို့ရဲ့ ယမန်နေ့ကအပြုံးတွေကွယ်ပြောက်

ထွေးမရမျိုမရ ဒုက္ခနဲ့လှလှတွေ့လို့ အီလယ်လယ်မျက်နှာထားကြီးနဲ့ယခုအပိုင်းကို အဆုံးသတ်ခဲ့ပါတယ် 😁

.

.

🌹အထူးအချက် 

ပထမဆုံး မိန်းမငယ်များစွာလာရောက်

ပထမဆုံးအဖွဲ့မရသူ ဂျီဆော့ဂျင်း


ဂယ်ရီ'ကို ကျောပိုးသယ်ဆောင်ခဲ့တဲ့ ဆုန်းဂျီဟျို

ကျားကြီးရဲ့လက်စားခြေမှု


ယခုအပိုင်းမှာ အင်မတန်သဘောကောင်းလို့ ဧည့်သည်ငယ်ငယ်ရွယ်ရွယ်မိန်းမပျိုလေးများကိုဖိတ်အပြီး

နောက်အပိုင်းမှာတော့ အကြီးစားဆေးထိုးခဲ့တဲ့ PDများ

.

.

ကြည့်ရန်

Https://t.me/rmkolayinde 

.

Photo album  

https://t.me/rmkolayinde/1503

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်































































































































































































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆရာလေးကိုကြည်နိုင်

 ဆရာလေးကိုကြည်နိုင် Https://www.youtube.com/@thantunlayinde  . ဆရာလေးအကြောင်းကို ပြည့်ပြည့်စုံစုံတင်ပြထားတာက ရွာကျောင်းကခေါင်းလောင်းသံ'ဆ...