Https://www.youtube.com/@thantunlayinde
.
၅၁
Guest : Nichkhun [2PM], Kim Min Jung
Site : Pattaya (Thailand)
။
အမှန်တော့ ဒီအထိရေးခဲ့သမျှက အညွှန်းမဟုတ်ဘဲ အချက်အလက်စုဆောင်းတာမျိုးပါ
ကင်းဝန်မင်းကြီး'ရဲ့ ခရီးသွားမှတ်တမ်းလိုပေါ့
တမူးတပဲကစ လှိုင်းလေလူးလွန့်သည်အဆုံး တွေ့မြင်ထိသိသမျှကို နောင်အချက်အလက်သိုမှီးလိုသူတို့အတွက် အထောက်အပံ့ကောင်းများဖြစ်နိုင်ရဲ့လို့လေ
ကဲစအောင်
မနေ့ကအနိုင်ရအသင်းကို ဆုငွေပေးအပ်ရာရေကူးကန်ကနေစတင်လို့ပြသခဲ့ပြီး အိပ်ဆက်အနားယူအပြီးမှာ ထိုငွေထုတ်တွေကို လျှို့ဝှက်ခိုးယူဖို့ တစုံတယောက်ကကြံနေပါတယ်
ဒီလိုနဲ့ပေါ့ ဒီအပိုင်းအတွက် တပွဲတည်းသာကစားမယ့်မစ်ရှင်တည်နေရာ အင်းလေးကန်သာသို့သွားရာလမ်းမှာ 😄 နောက်တာနော ပတ္တယား'သွားရာကားပေါ်မှာ
ယာဉ်အကူဝန်ထမ်းက ထိုင်းဘာသာစကားနဲ့ မစ်ရှင်ပေးခဲ့ပေမယ့် မိခင်ဘာသာစကားမို့ နစ်ခွန်း'မှလွဲလို့ ကျန်သူတို့မှာ ယောင်နန 😁
မသိလို့မေးတယ်ဆိုမှ နှုတ်ခွန်းဆက်တဲ့သဘောပါလို့ လှီးလွှဲအဖြေစကားနဲ့ ခွန်း'ရဲ့ ကျီစယ်ကလူပေးလိုက်တဲ့ဆေးခါး 😀
ဝါးမြိုမိသူက ပထမ 🦗
နောက် ကင်မင်ဂျောင်
အစောပိုင်းမစ်ရှင်အသေးကျရှုံးသူတို့အတွက် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ အားနည်းချက်ကြီးမားခဲ့တဲ့နာမည်ကတ်
တဦးချင်းပြိုင်ပွဲ တနေရာစီကနေစတင်လာခဲ့ရာက ငွေထုတ်သူခိုးရှာရမတဲ့
သိတယ်မို့လား ကိုပွားကြီးတို့တအုပ်ကတော့ ဝေဖန်ရင်းလေကန်ရင်း ထင်မြက်ချက်အမှားတွေနဲ့ ကမောက်ကမကစားပွဲဆင်နွှဲနေကြရင်းက ဗြုန်းဆိုအထုတ်ခံလိုက်ရတဲ့ 🦒
သူ့မလည်းRM သမိုင်းမှာ ပထမနာမည်ကတ်ခွာခံရသူလည်းဖြစ်ရုံမက ပထမဆုံးနိုင်ငံခြားခရီးစဉ်လည်း ခွာခံရသူအဖြစ် ထပ်ဆင့်မော်ကွန်းဝင်ခဲ့ ပိုပြီးထူးခြားတာက ခွာခဲ့ကြသူတွေက တနင်္လာစုံတွဲ
တောက်လျှောက်ထင်မြင်ချက်အလွဲတွေနဲ့ ကောက်ချက်ဆွဲမိနေတဲ့ ဆားပုလင်းနှံကောင် 😄
နောက်ဆုံးမှာတော့ ဈေးကွက်သဘောတရားနဲ့ ပုံရိပ်အနေအထားယှဉ်ပြိုင်ခဲ့ရပြီး ဈေးကွက်အတွက်အလေးပိုပေးခဲ့တဲ့ PD
ကိုယ်လည်းကြည်နေရင်းစဉ်းစားမိတယ်
ဘယ်လိုအဆုံးသတ်မလဲ RM ရဲ့ပုံရိပ်အရဆိုရင် အစစ်အမှန်ကိုပိုအလေးပေးတာမို့ 🐯 ကရှုံးဖွယ်ရာမရှိ
ဒိ့အပြင် ယှဉ်ပြိုင်ဖက်ကိုအားနဲ့မာန်နဲ့ အပြတ်အသတ် ဖြိုခွဲအနိုင်ယူသွားမှာ
ဒါဆိုရင် ကစားရာဌာနက ထိုင်းမြေ
သူ့မြေသူ့ပရိတ်သတ်ရှေ့မှာ
စဉ်းစားသာကြည့် ဈေးကွက်အလားအလာကို
ဒီတော့ ထိုင်းမြေမှာထိုင်းမင်းသားလေးကို မဖြစ်မနေ အနိုင်ပေးဖို့ရွေးချယ်လိုက်တယ်
ဒီနေရာမှာ တမင်အလျှော့ပေးလို့ရှုံးခြင်းသဘောဆိုရင် RM ရဲ့အရည်အသွေးအတွက်လည်းထိခိုက်နိုင်တာမို့ ကင်မင်ဂျောင်'ကိုပါ နောက်ဆုံးအထိဆွဲခေါ်လို့
၂ ယောက် ၁ ယောက်အနေအထားနဲ့ တိုက်ခိုက်ရင်းယှဉ်ပြိုင်ရင်းနဲ့မှ လှလှပပအဆုံးသတ်ခဲ့
ဒါကိုက ဈေးကွက်ဆန်တဲ့အနုပညာပါပဲ
.
.
🌹အထူးအချက်
အပိုင်း ၄၂ ပြီးနောက် တပိုင်းလုံးစာအတွက် ဒုတိယအကြိမ်မြောက် တဦးချင်းပြိုင်ပွဲ
RM သမိုင်းမှာ ပထမနာမည်ကတ်ခွာခံရသူလည်းဖြစ်ရုံမက ပထမဆုံးနိုင်ငံခြားခရီးစဉ်လည်း ခွာခံရသူအဖြစ် ထပ်ဆင့်မော်ကွန်းဝင်ခဲ့တဲ့ 🦒
ပိုပြီးထူးခြားတာက ခွာခဲ့ကြသူတွေက တနင်္လာစုံတွဲ
တပိုင်းလုံးစာအတွက် ပထမဆုံး အများနဲ့တယောက်ယှဉ်ပြိုင်ခဲ့တဲ့ ငတက်ပြား🐯
.
.
.
ကြည့်ရန်
Https://t.me/rmkolayinde
.
Photo album
https://t.me/rmkolayinde/1463
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
။
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
No comments:
Post a Comment