သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, June 23, 2025

Running man ep 48


Running man ep 48

Https://www.youtube.com/@thantunlayinde 

.

၄၈

Guest : No Guest 

Site : The National Museum of Korea

.

.

နန်တော်ရာမှာကစားမယ့်ဒီပွဲမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဖွဲ့လိုက်ကစားနည်းနဲ့ ပြိုင်ပွဲကိုဖွင့်တယ်


အဖွဲ့လိုက်ကစားမယ်ကစားကြတော့လည်း ကစားရနေရာတွေစီအသွား ဒေသရဲ့ရှေးရိုးရာစီတန်းလှည့်လည်ပွဲများနည်းတူး တယောက်လက်တယောက်တွဲယှက်ထားရမတဲ့


ပထမပွဲကတော့ ဉာဏ်စမ်းမေးခွန်း 

ဒုတိယပွဲမှာတော့ ဆုန်းဂျီဟျို'ကို မျက်လုံးပိတ် နားကြပ်တပ်လို့ အဖွဲ့သားတို့ရဲ့ မျက်နှာကိုစမ်းသပ်လို့ မှန်ကန်အောင်ခန့်မှန်းစေတယ်


ဒီမှာသူမဖြေရှင်းပုံက အလွန်အသေးစိတ်ကျပြီး အသေးအဖွဲ့လို့ထင်မှတ်ထားတာလေးတွေကအစ ဂရုတစိုက်ရှိသူမှန်း အင်မတန်သိသာတယ် 


အမှတ်တမဲ့မှန်သွားတာမျိုးမဟုတ်ဘူးနော် ဘယ်သူက ဘယ်လိုပုံစံဘယ်လိုအသွင်အပြင်ရှိပါတယ်ဆိုတာ ကျကျနနကိုရှင်းပြသွားတာ


ဒီပွဲမှာအနိုင်ရတဲ့ပစ္စည်းတွေယူကြစဉ်အတွင်း ဆိုင်ကယ်ဦးထုတ်ကြီးဆွဲဆောင်းမိလို့ တပိုင်းလုံးမချွတ်ရတဲ့ 🦗


နောက်ပွဲမှာတော့ တယောက်ချင်းစီက ဆင်ပုံစံကွေးညွှတ်နှာခေါင်းကိုင်လို့ ပတ်ချာလှည့်စေပြီး သတ်မှတ်စည်းအတွင်း စုစည်းရမှာ ဒီပွဲအနိုင်ရလဒ်အတွက် ရန်းနင်းဘောတွေ ပြီးတော့ အပိုင်း ၁ တုန်းကသုံးခဲ့တဲ့ လျှို့ဝှက်ကုဒ်ဗူး


နောက်ဆုံးပွဲအတွက်တည်နေရာကတော့ အင်ချွမ်းမှား

ဒါကြောင့်တမေ့တမောကားစီးခဲ့ကြရပြီး အပိုင်း ၄၂ ပြီးနောက် ဒုတိယမြောက် အဖွဲ့သားတို့ရဲ့ တဦးချင်းပြိုင်ပွဲစပါတယ်


ဒီမှာမှ အစောပိုင်းအနိုင်ရလို့ပေးခဲ့တဲ့ အိတ်တွေက နောက်ဆုံးမစ်ရှင်အတွက် အရေးပါတဲ့ သဲလွန်စဖြစ်ပြီး ပေးခဲ့တဲ့ပစ္စည်းတွေကတော့ လှည့်စားဖို့သက်သက်ပါ


ဒါတွေကြောင့်ပဲ အိတ်ပိုင်ရှင်တို့မှာအာရုံလွဲလို့ 

သိကားသိ၏ သို့သော်ဘယ်ဆီမှန်းမသိ 😁 ဖြစ်ခဲ့ရ


PD တို့က တကယ်ကိုသဲလွန်စကိုလွယ်လွယ်မပေးပဲ့ သေသေချာချာဖွက်ထားခဲ့ပေမယ့် တနင်္လာကောင်လေးနဲ့အတူရှာဖွေရှင်း အိတ်အတွင်းကသဲလွန်စကိုတွေ့လို့ အလစ်သုတ်ထွက်ပြေးသွားတဲ့ 😺မလေး


ထောင်တွင်းမှာဆိုရင် ပြောစမှတ်ပြုစရာစကားတခွန်းရှိတယ်

နံရံတိုင်းမှာနားတွေရှိတယ်တဲ့ 


ဒီလိုပဲ သဲလွန်စပိုင်ရှင်တို့ လျှို့ဝှက်စုဝေးဖလှယ်ရာတိုင်းမှာလည်း 🐯 ရှိနေပါတယ် 😁 သူက သားရဲတတွေသားကောင်လိုက်သလို တောက်လျှောက်ကိုအနံ့ခံနေတာရယ် 


ဒီလိုနဲ့ပေါ့ နောက်ဆုံး အဆုံးအဖြတ်ပြုရာအခန်းကိုရှာဖွင့်လို့ ဖိနပ်ခံပေါ်နင်းကာ အောင်ပါစေ'လို့ သုံးကြိမ်အော်နိုင်သူကအနိုင်

.

.

🌹အထူးအချက် 

အပိုင်း ၄၂ ပြီးနောက် ဒုတိယမြောက် တဦးချင်းပြိုင်ပွဲ

ခက်ခဲတဲ့သဲလွန်စ

စုံထောက်ဆန်ဆန်ပထမဆုံးကစားပွဲ


ဆုန်းဂျီဟျို' တဦးတည်းအနိုင်ရတဲ့ ပထမဆုံးအပိုင်း

တပိုင်းလုံးစာအတွက် တဦးတည်းပထမဆုံးအနိုင်ရသူလည်းဖြစ်


.

ကြည့်ရန်

Https://t.me/rmkolayinde  

.

Photo album 

https://t.me/rmkolayinde/1262

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်

တော့မည်

.

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်









































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Running man episode 50

Running man episode 50 Https://www.youtube.com/@thantunlayinde  . ၅၀ Guest : Nichkhun [2PM], Kim Min Jung.  Site : Thailand, Bangkok Suvarna...