သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, January 1, 2024

လေအိုး ဖာသီမာ Sesham Mike-il Fathima (2023)


 လေအိုး ဖာသီမာ

Sesham Mike-il Fathima (2023)

https://t.me/koloneypoei/1725

..

ဟုတ်တယ် သူမနာမည်က ဖာသီမာ


ငယ်ငယ်ကတည်းက မိုက်ခဲလို့ဆိုရလောက်အောင်

ရပ်ကွက်ဘောလုံးပွဲတွေမှာ အစ်ကိုဖြစ်သူနဲ့လိုက်ပါဂိုးပေါက်စောင့်ရင်း 

တပါတည်း အစီစဥ်တင်ဆက်သူတယောက်လို့ တတွတ်တွတ်ရေရွတ်နေသူမို့


အားလုံးကခေါ်တာ လေအိုးဖာသီမာ


ခရစ်ကတ်ကစားနည်းထွန်းကားရာ အိန္ဒိယမှာ 

ထူးထူးခြားခြား ဘောလုံးအားကစားကိုရူးသွပ်သူတယောက်


ဒီလိုနဲ့ တောရပ်ဇနပုဒ်ကနေ ဝါသနာပါရာနောက်လိုက်လို့

အိမ်မက်ကိုအမိဖမ်းမယ့်သူ


လွယ်လွယ်နဲ့ရရအောင်

အမေ့အိပ်ထဲက ပိုက်ဆံမှမဟုတ်တာ


လဲကျတိုင်းတွန်းချတိုင်းမှာ သူမတုံ့ပြန်ပုံက တည်ငြိမ်တယ်

ရင်ဆိုင်ပုံက ပေါ့ပါးတယ်

ဒါပေမယ့်တွေးဆပုံကလေးနက်တယ်


အခြားအိန္ဒိယကားတွေလို အရမ်းဒရမ်မာချိုးတာလည်းမရှိသလို 

လက်စားချေဘာညာလောက်နဲ့လည်း 

ဘဝရဲ့ရည်မှန်းချက်ကို အတိမ်းအစောင်းမခံဘူး


နောက်ဆုံးအနေနဲ့ ဂျန်ဗီကပူးရ် ရဲ့ လေသူရဲကားထဲက 

သူ့သူငယ်ချင်းစကားငှားသုံးရရင်


** ရွယ်တူကောင်မလေးတွေ 

အချစ်နောက်လိုက်နေကြချိန် 

အိမ်မက်နောက်လိုက်တာ သမီးဘာမှားလို့လဲ... **


ပြန်ပြောပါရစေ သူမနာမည်က ဖာသီမာ

လေအိုးမလေးပေါ့


ဒီဇာတ်ရုပ်ကိုရှင်သန်လှုပ်ရှားစေတာက

*ကလျာဏီ ပရီယာဒါလျှံ* ဖြစ်ပါတယ်


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

================================

ကြာနီကန်ဆရာတော် ဦးဇဋိလ

https://www.facebook.com/profile.php?id=61553891251403


ကဗျာ ဆောင်းပါး

https://www.facebook.com/thanhtunlay.inde.09799871227


ဂီတစာဆိုမောင်ကြေးမုံ

https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO

________

သန်းထွန်းလေး ☆ အင်းတဲရွာ 

G-mail      - Koloneypoe@gmail.com 

Blog         -Http://koloneypoe.blogspot.com

Youtube    -https://youtube.com/@thantunlayinde

Facebook  -https://www.facebook.com/ThanTunLayANKGold09799871227 

================================

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...