သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, January 4, 2024

ကမလီ Kamali from Nadukkaveri (2021)


 ကမလီ

Kamali from Nadukkaveri (2021)

https://t.me/koloneypoei/111

...

ကလေးတယောက်ကို ကြီးလာရင်မင်းဘာလုပ်မလဲလို့မေး

ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စသည့်ဖြင့် 

သူ့စိတ်ထဲအားကျစရာလို့ထင်တဲ့အရာတွေကို ဖြေပါလိမ့်မယ်


ဒါပေမယ့် မင်းဘာလုပ်ချင်လဲ ဘာဝါသနာပါလဲလို့မေးလိုက်ရင်

အများစုက ဝေဝါးသွားပါလိမ့်မယ်


အင်မတန်ထက်သန်တဲ့စိတ်နဲ့ ဝါသနာနဲ့ရည်ရွယ်ရာကို 

ပြတ်ပြတ်သားသားရှေးရှုဦးတည်ပြီးသား ထူးခြားသူအနည်းငယ်ကလွဲလိုပေါ့


ကလေးအများစုက အရည်အချင်းအားဖြင့် သိပ်မကွာခြားပါဘူး

စာရွက်အလွတ်တခုလိုပါပဲ မိဘ အပတ်ဝန်းကျင်နဲ့ မြင်တွေဖူးတဲ့ စာအုပ် ရုပ်သံဗီဒီယိုတွေရဲ့

ရေးခြစ်မှုကနေ သူ့ရည်ရွယ်ရာကို ပြဒါန်းပေးတာပါ

ဝါသနာကို မရှာဖြစ်တော့တဲ့အထိပေါ့


ဒီကားရဲ့မင်းသမီးလေးက သူလိုကိုယ်လို တောရပ်ဇနပုဒ်က

သာမန်ညောင်းည တက္ကသိုလ်ဝင်တန်းကျောင်းသူကောင်မလေး


သူကိုယ်တိုင် ဘာဝါသနာပါလဲ မသိဘူး

ဘာဖြစ်ခြင်လဲ ထူးထူးခြားခြားမရှိဘူး

ညံ့တဲ့မထဲလည်းမပါသလို တော်အောင်လည်းတကူးတကထူးထွေ မလုပ်ဖြစ်ဘူး

အလိုက်သင့်နေထိုင်နေတဲ့ အလယ်အလတ် ပျမ်းမျှဉာဏ်ရည် ကျိုးစားမှုလောက်သာပေါ့


ဒါပေမယ့် တနေ့မှာ တီဗီကလာနေတဲ့ တနိုင်ငံလုံးမှာ ပထမဆုရသူကောင်လေးကို

သဘောအကျကြီးကျလို့ သူနဲ့ဆုံတွေ့နိုင်ဖို့ တကျောင်းတည်းအတူတက်နိုင်ဖို့က

သူ့ရည်မှန်းချက်ဖြစ်သွားတယ်


ဒီမှာသူ့သူငယ်ချင်းကိုလည်း သွားသတိထားမိတယ်

သူမကိုလည်းကျိုးစားဖို့ပြောတော့ ကိုယ်တိုင်စားဖို့ထက် စားချင်သူတွေစာလောင်သူတွေအတွက်

ပံ့ပိုးရတာ ကူညီရတာပဲပျော်တယ်တဲ့


လူအမျိုးမျိုးစိတ်အထွေထွေပေါ့

ဒါကြောင့်ပဲ ငယ်စဥ်ကအတူတူကျောင်းတက် အတူတူအရိုက်ခံရသူသူငယ်ချင်းတွေ

ကြီးလာတော့ ဖြစ်တည်မှုကွဲပြားသွားကြတာနေမှာ


ဒီလိုနဲ့ ပျမ်းမျှအားထုတ်မှုနဲ့ကောင်မလေးက ပြင်းထန်တဲ့တွန်းအားကြောင့်

ထက်သန်တဲ့အားထုတ်မှုတွေနဲ့ကျိုးစားရာမှာ ရည်ရွယ်ရာက ရုပ်လုံးပေါ်လာတယ်

တကျောင်းတည်းအတူတက်ဖို့ဖြစ်လာတယ်ပေါ့


သူမရဲ့ရည်မှန်းချက်ကိုက ကောင်လေးနဲ့တကျောင်းတည်းတက် 

နီးစပ်ဖို့ သူသတိထားမိလာအောင်ပြုလုပ်ဖို့မဟုတ်လား


ဒီတော့ ကျောင်းစာမှာမလိုက်နိုင်ဖြစ်လာချိန် အခန်းတူကောင်မလေးရဲ့ဖွသတင်းနဲ့အတူ

တကျောင်းလုံးက သူ့မြင်ရင်ကွက်ကြည်ကွက်ကြည့်

မင်းသားလေးရှာဖို့ရောက်လာတဲ့ စင်ဒရဲလားဖြစ် နာမည်ပေးသမုတ်ကြတယ်


ဒီအထိတော့ သိပ်မတုန်လှုပ်

သူနှစ်သက်တဲ့ကောင်လေးက အဲ့ဒီဟာသကောင်က ငါမဟုတ်ဖို့မျှော်လင့်တယ်တဲ့


ဒီပြောစကားနားနဲ့စပ်စပ်အကြားမှာ သူမတုန်လှုပ်သွားတယ်

လမ်းဆုံးပေမယ့် ကမ်းမတွေ့သူရဲ့အဖြစ်မျိုး


ဒီတော့အဲ့ဒီအရပ်ကနေ လွတ်မြောက်ဖို့ ဇာတိအရပ်ဆီထွက်ပြေးလာတယ်


အခန်းတွင်းအောင်းနေတဲ့သူမက်ုလာအကြည့် အဖေဖြစ်သူရဲ့ပြောစကားက

ငါသမီးက ပြဿနာကို ဝေဖန်ပိုင်းခြားဖြေရှင်းနိုင်တဲ့ ဉာဏ်ရည်ရှိတယ်

ရဲရင့်သူဖြစ်တယ် အခက်အခဲရှိရင်ပြောမှာပါ မပူပါနဲ့ 

ကျောင်းမှာပင်ပန်းလာလို့နေမှာပါတဲ့


ဒါက သူမကို ယုံကြည်သူတွေရဲ့ ယုံကြည်မှု​ကို   

လွဲမှားတဲ့ရည်မှန်းချက်ကြောင့် ပျက်စီးစေတော့ထိုက်တန်ရဲ့လားလို့

ကိုယ့်ကိုကို သံသယဝင်မိချင်းအစပဲ


နောက်တနေ့မှာ သူငယ်ချင်းရဲ့ပယောဂနဲ့ 

သူမကို အဆင်မြင့်တန်းတက်ခွင့်ရအောင် ကူညီလမ်းပြတဲ့ဆရာရောက်လာတယ်


ဆရာ့အိမ်နံရံက ဘွဲ့ဒီဂရီ အထိန်းအမှတ်ပုံရိပ်တွေအစား

သူမပုံလေးချိတ်ထားတာတွေလို့ ငေးနေခိုက်မှာ 

အမျိုးသမီးတယောက်က လာပြောတယ် 


နင်က ဆရာ့ရဲ့စစ်မှန်တဲ့ အောင်မြင်မှုပဲတဲ့ ဒီစကားဆရာအမြဲပြောတတ်တယ်

သူ့လက်အောက်က ကျောင်းသားအရာအထောင် အောင်မြင်ခဲ့ဖူးပေမယ့်

ဒီလိုတပည့်မျိုး ဒီလိုအားထုတ်မှုမျိုးနဲ့ကျိုးစားသူမျိုးကို 

လမ်းပြကူညီတာမျိုးလုပ်ခွင့်ရတာ လုပ်ခဲ့ရတာ ဂုဏ်အယူဆုံးပဲတဲ့


နှလုံးဆိုင်ကို ဆုတ်ယူဖမ်းကိုလိုက်တဲ့အထိ သူမမင်သက်သွားတယ် အံ့ဩသွားတယ် 

သူမရဲ့ရည်ရွယ်ချက်က ဟာသဖြစ်နေပေမယ့် 

သူမရဲ့အားထုတ်မှုက သူမအသိုင်အဝိုင်း သူ့မကိုယုံကြည်သူတွေအတွက် 

အဲ့ဒီလောက်တောင်လေးနက်တာလား အရေးပါတာလား 

အတွေးများစွာနဲ့ပေါ့


ဒီကနေပဲ ဘဝရဲ့ရည်ရွယ်ရာကို ပြောင်းလဲလို့

ရည်မှန်းချက်အတွက် ခရီးဆက်ဖို့ အရှုံးပေးလို့ စွန့်ခွာထွက်ပြေးခဲ့ရာဆီ

ဦးလှည့်ရင်ဆိုင်ရင်း.....


မှားခဲ့တဲ့ရည်ရွယ်ရာနဲ့ မပြီးပြတ်သေးတဲ့ အနာဂါတ်ပန်ချီကို ပြန်လည်ရေးခြစ်ဖို့

အတိတ်ဆီပြန်လာရာမှာ ပစ္စုပ္ပန်စိတ်သက်သက်မို့

ထိုးခဲ့တဲ့ဓါးကိုလည်း ခွင့်လွှတ်စွာရှေ့ဆက်ခဲ့တယ်


မှားခဲ့သည်ဆိုစေအုံး ရည်ရွယ်ရာက ပြဿနာမဟုတ်တော့

မှားယွင်းတဲ့ကိုယ်စိတ်ကို မျောလွင့်မနေစေဖို့ ထိမ်းချုပ်မောင်းနှင်ခဲ့တယ်


ဒီလိုနဲ့ သူမအနာဂါတ်က 

တွန်းအားကိုတည်လို့ ရည်ရွယ်ရာကိုပြောင်းလဲပဲ့ကိုင်းရင်း


ဆောင်းဦးစ မနက်ခင်းလိုလည်း နှင်းမဝေ

နွေလယ်ကျ နေ့ခင်းတွေလိုလည်း မြူခိုးမထွေ

မိုးကျပြီးစ အချိန်တွေလို ပြတ်ပြတ်သားသားလင်းလင်းထင်းထင်း


ပြောဖို့မေ့နေတယ် သူမနာမည်က ^ကမလီ ^

နာဒူကာဗေရီ ရွာသူလေးပေါ့...


သက်ဝင်လှုက်ရှားလာစေတာက 

အာနန္ဒီ (Anandhi) ဖြစ်ပါတယ်


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

================================

ကြာနီကန်ဆရာတော် ဦးဇဋိလ

https://www.facebook.com/profile.php?id=61553891251403


ကဗျာ ဆောင်းပါး

https://www.facebook.com/thanhtunlay.inde.09799871227


ဂီတစာဆိုမောင်ကြေးမုံ

https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO

________

သန်းထွန်းလေး ☆ အင်းတဲရွာ 

G-mail      - Koloneypoe@gmail.com 

Blog         -Http://koloneypoe.blogspot.com

Youtube    -https://youtube.com/@thantunlayinde

Facebook  -https://www.facebook.com/ThanTunLayANKGold09799871227 

================================

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...