သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, January 4, 2024

မွေ့


 မွေ့...

သူ့ချည်းသက်သက် ဖွင့်ဆိုရရင် နှစ်သက်ရာပေါ့


သူနဲ့အတွဲများတာက သိမ်..

သိမ်မွေ့ပေါ့ 

ဒါကို 

၁။နူးညံ့တာ 

၂။ဖြေရှင်းရခက်ခဲတာ ဆိုတဲ့ အစွန်းနှစ်ဖက်ဖွင့်ဆိုချက်ရှိတယ်


ထပ်ဆင့်တွဲကပ်တတ်တဲ့ စကားစုဆိုရင် ယဥ်ကျေးသိမ်မွေ့ ပေါ့

နှစ်သက်ဖွယ်အမူအရာ ပြေပြစ်သောစကား


ဘဝမှာ စကားပြောယဉ်ကျေးသူတွေ

အမူအရာ သိမ်မွေ့သူတွေ မကြာမကြာဆိုသလို တွေ့ဖူးတယ်ဗျ


အရေးအသားယဥ်ကျေးတာကိုတော့ ပထမဆုံးဆိုသလို 

မှတ်မှတ်ထင်ထင်သဘောအကျကြီးကျခဲ့တာက


ခုနေထိုင်ရာ အရပ်ကိုသွားရာမှာ လမ်းကြောင်းနှစ်ခုရှိတယ်

တခုက မိတ္ထီလာကနေ အမြန်လမ်းပေါ်တက် မန္တလေးနှာပေါက်ကနေတလမ်း


နောက်တခုက အမြန်လမ်းကိုကန့်လန့်ဖြတ်ချလို့ 

ပခုက္ကူ ရေစကြိုဖက်ကနေ ပြန်ဖြတ်ဝင်တဲ့လမ်း


ရှေးယခင်ကတည်းက သာသနာအရာ စာပေအရာအထင်ကရတွေ

ကျင်လည်ခဲ့ရာဆိုတာ ကြားသိခဲ့ဖူးတော့ ဒီမြေကို ခြေချဖူးချင်ခဲ့တာ

ပြီးတော့ ရေစကြိုထန်းသီးမုန့်ဆိုတာ 

ငယ်ငယ်က မြိုတက်သူရှိမှ ပွဲလမ်းရှိမှ မြင်ဖူးစားဖူးတာကို


တခါသား ရေစကြိုဖက်ကအဖြတ် ထမင်းဆိုင်နားခိုက်

ထုံးစံအတိုင်း တပိုးတပါးဖြေရှင်းကြတယ်ပေါ့


ဒီမှာ ထမင်းဆိုင်က အများသုံးအိမ်သာမှာကပ်ထားတဲ့စာကိုဖတ်မိရင်း

သဘောအကျကြီးကျ ဝေါဟာရကြွယ် ယဥ်ကျေးလိုက်ပုံက ခုချိန်ထိ

တွေးမိတိုင်း ဘဝင်တကျပြုံးမိသည်အထိ


အခြားအရပ်တွေမှာ သင်တို့တွေ့ဖူးမှာပါ

ကျား မ ၊ အမျိုးသာ အမျိုးသမီး ၊ lady gentlemen ၊ boy girl

စသည်ဖြင့်ပေါ့


ဒီမှာရေးထားတာက ^^ ကိုကို မမ ^^  တဲ့ 

လှလိုက်တိုက်ဗျာ ကိုယ့်ခေါ်နေသလို


အများသုံးဆိုတော့ သန့်ရှင်းလှတယ်မဟုတ်ပေမယ့်

အဲ့ဒီရောက်တိုင်း အဲ့အိမ်သာသွားဖြစ်အောင်သွားတယ် 

ရေစကြိုသားတို့ရဲ့ ဝေါဟာရအသုံးယဉ်ကျေးတာကို သဘောကျလွန်းလို့


ကိုယ်အမူအရာနဲ့နှုတ်ထွက်စကားယဥ်ကျေးတာကိုတော့ 

ကိုယ်အသက်မွေးဝမ်းပြုရာအရပ်မှာတွေးဖူးတယ်


စတွေ့တွေ့ခြင်းတော့ နောက်နေသလိုပါပဲ

ကိုယ်တွေကခတ်ရိုင်းရိုင်းဆိုတော့ 😄


ယဥ်ကျေးတဲ့ အသုံးအနှုံးကနားဝင်ချောလွန်းနေတာရယ်


သူတို့က ပင်းတယ က 

ရေမြေကြောင့်လား ဒေသကြောင့်လားသေချာချင်လို့ 

ပင်းတယသားတွေနဲ့ စကားလိုက်ပြောကြည့်ပေမယ့် ဒီလိုမဟုတ်ပြန်


သူတို့ကိုက စကားပြောနဲ့ ကိုယ်အမူအရာ ယဉ်ကျေးတာ

တောင်ကြီးရွှေလောကကသူတွေဆိုရင် သိပါလိမ့်မယ်


ကိုဖိုးဇော် (ရွှေမင်းသား) ၊ ကိုဖြိုး တို့ပါ

သူတို့အတွက် သိမ်မွေ့ဆိုတဲ့စကားပါတွဲသုံးမှ ပြည့်စုံမယ်ထင်တယ်


ဘာကြောင့်လည်းဆိုတော့ ကိုယ်နှုတ်အမူအရာယဉ်ကျေးတာအပြင်

တဖက်နားအဝင်ချောအောင် သိမ်မွေ့တဲ့ လေယူလေသိမ်းနဲ့

လေးလေးစားစားပီပီသသ ပြောတတ်တာမို့ပါ


ကိုဖြိုး လက်ရေးမမြင်ဖူးသေးပေမယ့်

ကိုဖိုးဇော် (ရွှေမင်းသား) ဆိုရင် လုပ်တာကရွှေထည်

အနုပညာဆန်လောက်အောင် သေသပ်ညီညာတဲ့လက်ရေး 

လိုက်ဖက်သဟလို့ မြင်တွေစက အံ့ဩမိတဲ့အထိ


အသက်မွေးဝမ်းကြောင်းပညာကလည်း ဒီမြို့မှာ ထိပ်တန်းအလွှာထဲကတယောက်

သူ့မြင်မှပဲ ဘဝမှာပြီးပြည့်စုံသူတွေလည်းရှိသကိုးလို့ လက်ခံမိတော့တာရယ်


ရှင်သန်ဖြတ်သန်းခဲ့သမျှ မွေ့စရာ

နှစ်သက်သဘောကျခဲ့တာတွေပေါ့...


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

================================

ကြာနီကန်ဆရာတော် ဦးဇဋိလ

https://www.facebook.com/profile.php?id=61553891251403


ကဗျာ ဆောင်းပါး

https://www.facebook.com/thanhtunlay.inde.09799871227


ဂီတစာဆိုမောင်ကြေးမုံ

https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO

________

သန်းထွန်းလေး ☆ အင်းတဲရွာ 

G-mail      - Koloneypoe@gmail.com 

Blog         -Http://koloneypoe.blogspot.com

Youtube    -https://youtube.com/@thantunlayinde

Facebook  -https://www.facebook.com/ThanTunLayANKGold09799871227 

================================

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...