၂၂၃
နေ့စဥ်လှုပ်ရှားရုန်းကန်နေရတဲ့ ဝန်ထမ်းတို့အတွက် အထူးအစီအစဥ်
https://t.me/kolonelypoe/72
....
Rmပရိတ်သတ်တို့ မဖြစ်မနေကြည့်သင့်တဲ့ အပိုင်းလို့ဆိုပါရစေ.
ကြည့်ပြီးသားဆိုရင်လည်း နောက်တစ်ခေါက်ပြန်ကြည့်ဖို့ တိုက်တွန်းပါရစေ...
ဒီအခါမှာ မတူညီတဲ့ အတွေးရှုဒေါင့်တစ်ခုရလာမှာကို မုချအာမခံပါတယ်
ရှိပြီးသားအပိုင်းတွေကိုပဲ ပြန်တင်ပေးတာကတော့
အမှတ်မဲ့ဖြစ်နိုင်တာကြောင့် ထူးခြားတဲ့ ခံစားချက်ကလေးတွေကို
ညွှန်းဆိုချင်တာရယ်ကြောင့်ပါ
ဒီအပိုင်းက သာမန်ငယ်ရွယ်တဲ့ လှပတဲ့ နာမည်ကြီးတဲ့ အနုပညာရှင်တွေကိုဖိတ်ပြီး သူတို့ရဲ့ပုံရိပ်ကို အသုံးပြုပြီး ဖန်တီးထားတဲ့ပြိုင်ပွဲမျိုးမဟုတ်ပါဘူး
pd တွေရဲ့ အတွေးအမြင်ကွန့်မြူးမှုကနေ
ဖြစ်ပေါ်လာတယ်လို့ ယူဆရမယ်ထင်တယ်
သာမန်ပြိုင်ပွဲတစ်ခု သဏ္ဍာန်မျိုးမဟုတ်ဘဲ
ဘဝရဲ့ယှဥ်သန်ရပ်တည်မှုတွေနဲ့ ဖန်တီးထားတာမို့ပါ
အချိန်မှန် အလုပ်သွားအလုပ်ပြန်နေရသူတွေရဲ့ ပင်ပမ်းဆင်းရဲမှုတွေ
လုပ်ငန်းခွင်မှာ အထက်အရာရှိနဲ့ အဆင်ပြေပြေနေနိုင်ဖို့ ကျိုးစားရတာတွေ
လာရောက်အလုပ်အပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးရတာ စတာတွေကို
အခြေခံပြီး ပြိုင်ပွဲတွေကို ပြုလုပ်ဖန်တီးထားတာပါ
(ဂင်ဂျုံဂု လာတော့ အဖွဲ့ဝင်တို့ရဲ့ နှောက်ယှက်မှုက လူမှုဝန်းကျင်မှာ ကိုယ့်ထက်သာသယောင်ရှိသူကို အနှောက်အယှက်ပေးလိုတဲ့ လူ့သဘာဝကို ဟာသပုံစံနဲ့ ပရိတ်သတ်ကို သတိပေးတာ ပညာပေးတာ သရုပ်ပြနေတာလို့တောင် ယူဆစရာရှိတယ်)
ဘဝမှာ ကိုယ်က ဘယ်လောက်ပဲ ကျိုးစားရုန်းကန်နေပါစေ အဆင်မပြေမှု အခိုက်အတန့်ဆိုတာ ရှိစမြဲမဟုတ်လား
ဒါကြောင့် ဒီကစားပွဲကိုနောက်ဆုံးမှာ ကံတရားနဲ့ဘဲ အဆုံးသတ်ထားတယ်
ကပ်ကြေး စက္ကူ ကျောက်တုံးနဲ့ပေါ့
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
..
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
==============================
ကြာနီကန်ဆရာတော် ဦးဇဋိ
https://www.facebook.com/profile.php?id=6155389125140
ကဗျာ ဆောင်းပ
https://www.facebook.com/thanhtunlay.inde.0979987122
ဂီတစာဆိုမောင်ကြေးမုံ
https://www.facebook.com/profile.php?id=61550245496227&mibextid=9R9
_______
သန်းထွန်းလေး ☆ အင်းတဲရွာ
G-mail - Koloneypoe@gmail.com
Blog -Http://koloneypoe.blogspot.co
Youtube -https://youtube.com/@thantunlayind
Facebook -https://www.facebook.com/ThanTunLayANKGold09799871227
================================ em _pXO7ါး3လ==
No comments:
Post a Comment