သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, December 21, 2023

ရှင်းလင်းချက်



 ရှင်းလင်းချက်

___________

ပြဿဒါးဆိုတာ 

အမေ ငယ်ငယ်က ရှင်းခိုင်းတဲ့

ယောက်လုံးပေါ်က ချည်မျှင်တွေလောက် 

ရှင်းရခက်လို့လား။


ပန်းမဝင်ခင်တော့ နွမ်းချင်လို့ မရဘူး။


တတောက်တောက်ကျတဲ့ ချွေးစက်ထဲ

အသက်ကလေး မပါသေးသမျှတော့

အိမ်မက်တွေတိုင်း

ရူးသွပ်ခွင့် လိုင်စင်ရှိတယ်။


ခြေချင်းဝတ်နာရင်

ဒူးနာတာ မေ့သွားမှာပါ။


တဝဲဝဲလွှင့်တဲ့ အလံလေးပေါ်က

အဖြူရောင် ကဗ္ဗလာထက်

နီနီစက်စက်နေဝန်းနီဟာ

ငါ့တို့ သွေးကြောမျှင်တွေ


မစိုမခြောက် ကောင်းကင်ထဲက

တအိအိတိမ်တွေ

တစိစိ နင်းခြေ ဖြတ်သန်းသွား။

ငါက ပျံသန်းရမယ့်

ငှက်တကောင်ပဲ။

တမိုးလုံး ခြိမ့်လဲ

သိမျ့သိမျ့ဝဲရုံပ။


မယုံရင် ကြည့်ကြပေါ့။

ဘဝတခုလုံး ရက်တာတောင်

အကွက်မပေါ်ချင်တဲ့ သိက္ခာတရားကို

ထူးထွေတောင့်တမနေဘူး။

လာချင်လာ။

မလာချင်နေ။

နေဝင်ရင် လထွက်မှာပဲ

ဒါ အခက်အခက်အခဲမှ မဟုပ်ခဲ့တာ။


ရိုးရိုးလေး။

ဘာသိဘာသာ 

တွေးရင်း

ငေးရင်

ဆွေးရင်

အလင်းတွေ ဆွေခဲ့ကြ။

အလှတွေ မွမွကြဲ။

သွေးရဲ ညနေခင်းလေး

ငါ့ခေါင်းပေါ်က ကျော်သွားပြီ။


ဇော်တင် (အင်းတဲ)

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး

  ဆုပ်ကိုင်ပြီးရင်လက်လွှတ်ရိုးထုံးစံမရှိတဲ့ အာကြီး . ခုဘောလုံးပရိတ်သတ်တွေ ဆင်ပျံကြီးရယ်လို့ ခေါ်ဝေါ်ကြတဲ့ အာဆင်နယ်က ကိုယ်တွေဘောပွဲအရူးအမူး ခ...