သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, December 21, 2023

ဘာကြောင့်ဆုတောင်းသင့်တာလဲ..?


 ဘာကြောင့်ဆုတောင်းသင့်တာလဲ..?

..

သူတော်ကောင်းတွေ ဆုတောင်းတယ်ဆိုတာက target ထားတာမျိုးပါ 

ဒါဖြစ်ချင်တယ် ဒီလုပ်ရခြင်းက အဲ့ဒါဖြစ်ဖို့အတွက် အကြောင်းအထောက်အပံ့ဖြစ်ပါစေပေါ့


ဆုမတောင်းလည်း ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမှာပါပဲ

ဒါပေမယ့် ကိုယ်လိုချင်တာဟုတ်ချင်မှဟုတ်မယ်ပေါ့


ဥပမာ ကိုယ့်မိဖကို စာမေးပွဲအောင်ရင် ဘာဝယ်ပေးပါလို့ ကိုယ်က ဆုတောင်း(ပြောပြ)ထားရင် သူတို့က တတ်နိုင်သမျှ အဲ့ဒါဝယ်ပေးဖို့ ကျိုးစားမှာပေါ့


ကိုယ်ကပြောမထားရင် သူတို့ပေးတာက ပိုကောင်းချင်ကောင်းလိမ့်မယ် ဒါပေမယ့်ကိုယ်လိုချင်တဲ့အရာ မဟုတ်တော့ ရသည့်တိုင် ဆန္ဒပြည့်တယ်လို့ မဆိုနိုင်ဘူးပေါ့


နောက်ထပ်ထင်ရှားတဲ့ ဥပမာပြရရင်

သူငယ်ချင်းနဲ့ ရှော့ပင်းထွက်တယ် ဟိုအင်္ကျီလေးက လှလိုက်တာနော်လို့

ပြောလိုက်တယ်ပေါ့


နောက်များမကြာမီ ကိုယ့်မွေးနေ့အရောက်မှာ 

အဲ့ဒီသူငယ်ချင်းက သူတတ်နိုင်ရင် အဲ့ဒါလေးပေးဖို့ စဥ်းစားလိမ့်မယ်

မတတ်နိုင်ရင်တောင်မှ အဲ့ဒါနဲ့နီးစပ်တာ အဆင်တူပြီး ပိုသက်သာတာမျိုးပေါ့


ကိုယ်က ကိုယ့်ဆန္ဒကိုဖော်ပြမထားရင် သူက 

ဘောင်းဘီလည်းဖြစ်ချင်ဖြစ်မယ် 

ရေမွှေးလည်းဖြစ်ခြင်ဖြစ်မယ် သူစိတ်ကူးရသလိုပေးမှာပဲမဟုတ်လား


အဲ့ဒီကမှနောက်တဆင့် ကိုယ်က ကိုယ့်ဆန္ဒကို 

ပိုပြီးတိတိကျကျလေးဖော်ပြထားမယ်ဆိုရင်


ဥပမာ အဲ့ဒီအင်္ကျီလေးက ပန်းရောင်ကြီးမို့ လှပေမယ့် နည်းနည်းတမျိုးဖြစ်နေတာ

မီးခိုးရောင်လေးများဖြစ်ရင် ပိုလှမှာလို့ ကိုယ့်ဆန္ဒကိုပြသထားမယ်ဆိုရင်


သူငယ်ချင်းက ရနိုင်ရင် မီးခိုးရောင်ကိုဦးစာပေးရှာမှာပေါ့


နှုတ်နည်းရင် ဒါမှမဟုတ် ကိုယ့်ဆန္ဒကိုပြသမထားရင်

ပြဒါန်းမထားရင် (ဆုတောင်းမထားရင်ပေါ့)

ရသည့်တိုင် ပိုကောင်းတာကိုရပါစေအုံး ကိုယ့်ဆန္ဒပြည့်တယ်လို့ ဆိုနိုင်မယ်မထင်ဘူး


ကိုယ်သဘောကျတဲ့ (ခုပြောလိုတဲ့) ဆုတောင်းတယ်ဆိုတာဒါမျိုးပါ

ဆုပန်တယ်ဆိုတဲ့စကားလုံးက ပိုသင့်တော်မယ်ထင်တယ်


ကိုယ်လည်းအရင်က ဆုတောင်းတာလုံးလုံးမလုပ်ဘူး မကြိုက်ဘူး

ဘယ်လောက်တောင်လည်းဆိုရင် ဩကာသကန်တော့ချိုးထဲက ဆုတောင်းကို ကျော်ဖတ်တဲ့အထိ


လုပ်မှဖြစ်တာ တောင်းတိုင်းမှမရတာ အတ္တဟိအတ္တတောနာထောတဲ့ 

ဘုရားကိုယ်တိုင်ဟောထားသားပဲ ကိုယ်ကျိုးစားမှကိုယ်ဖြစ်မှာ ဆုတောင်းတာကအလကားပဲ

စသည်ဖြင့်အတွေးနဲ့ပေါ့


ဒါပေမယ့် သုမေဓါရသေ့ကစလို့ ဘုရားလောင်းရဲ့ဘဝဖြစ်စဥ်မှာ အခြားရဟန္တာကြီးတွေရဲ့ ဘဝဖြစ်စဥ်မှာ ဆုတောင်းတာလေးတွေ တွေ့ဖူးဖတ်ဖူးတော့


ဒီလို ကိုယ့်ကိုယ်ကိုဘဝကို အမြင့်ဆုံးအဆင့်ထိကျိုးစားထုဆစ်နေကြသူတွေတောင် ဆုတောင်းတာမျိုး (ဆုပန်) ရှိတော့ ဆုတောင်းတာက ပုံစံမကျမှားနေတာဟုတ်မှဟုတ်ပါလေစလို့ ပြန်တွေးရင်


ဒီလိုတော့ဖြစ်တန်ကောင်းတယ်လို့ တွေးမိတာကိုပြန်ပြောပြတာနော်

မုချအမှန်လို့လည်း မယူဆစေချင်ပါဘူး


ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ပိုင်းခြားပြီး ဝေဖန်သုံးသပ်ကြည့်ပါအုံး

လက္ခံနိုင်မှ လက်ခံပေါ့ ရှုထောင့်အသစ်တခုရရင်လည်း လက်တို့အုံးနော် 😃

.....


ဒါပေမယ့် ပုံမှန်သူလိုငါလိုလူတွေရဲ့ ဆုတောင်းကတော့ လောဘနဲ့ယှဥ်ပါတယ်


ရှင်ဒေဝဒတ်လိုပေါ့


ဘုရားရဲ့ အဂ္ဂသာဝရာထူးတခုခုကို သူလိုချင်တယ်

ဒီတော့ဘုရားမှာတောင်းတယ်


ဘုရားက မဟုတ်ဘူး ငါပေးလို့မရဘူး

သာရိပုတ္တရာကိုလည်း ငါက ပထမအဂ္ဂသာဝဖြစ်စေဆိုပြီး ဆုပေးလို့သူဖြစ်တာမဟုတ်ဘူး


သူကိုယ်တိုင်က ဒီနေရာရဖို့ ကမ္ဘာတသိန်းတိုင်အောင်ပါရမီဖြည့်လာတာ

သင်ယူလာတာပေါ့


ငါက သူ့အရည်အချင်းနဲ့ထိုက်တန်တဲ့ နေရာတခုသမုတ်ပေးရုံပဲလိုပြောတာ


ဒါပေမယ့် ရှင်ဒေဝဒတ်က သူကအာဏာပိုင်ပဲ

သူပေးရတာကို မပေးချင်လို့တမင်ကပ်တယ်ဆိုပြီး 

ငါလည်းသူတို့လိုဖြစ်အောင် သူတို့လိုကျိုးစာဖြည့်ကျင့်မယ်လို စိတ်မထားပဲ အလွယ်လိုချင်ပြီး

ပုထုဇဥ်အတွေးနဲ့ ရန်ငြိုးဖြစ်တာပါ


သာမန်လူတွေမှာလည်း ဒီအတိုင်းပါပဲ

ရလိုစိတ်အရမ်းပြင်းထန်ပေမယ့် လုံလောက်တဲ့အားထုတ်မှုမျိုးမလုပ်တော့


ခိုးတာတို့ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ရင်းနှီးပြီး

စာရိတ္တပျက်စီးသွားတာတို့ ဖြစ်သွားတတ်တယ်


...


သန်းထွန်းလေး ☆ အင်းတဲရွာ


ငါကတော့ ဆန္ဒပြည့်တာများတယ်


ငါဘာကြိုက်တတ်လည်း ငါသူငယ်ချင်းတွေအားလုံးသိတယ်

လိုချင်တာရှိရင် ဒဲ့ပြောလိုက်တာပဲ


ပေးချင်ရင်တော့ဟိုဟာပေး ဒီဟာတော့ လုံးလုံးကိုမကြိုက်တာ 

မင်းပေးလည်း ရှပ်ရုံပဲ စသည်ဖြင့်ပေါ့ 😄


မင်းဆီက ကျောက်သင်ပုန်းရတာမျိုးလေ

အင်မတန်သဘောကျတာ ကြိုက်လွန်းလို့ကိုမှာတာ

ရတော့လည်း မြင်တိုင်သဘောကျ


ကိုယ့်ပေးချင်ရင်လည်း ဒဲ့မေးလိုက်တာပဲ

ဘာကြောင့်လည်းဆိူတော့ တခါတလေ လက်ဆောင်ဆိုပေသည့် 

မကောင်းတတ်လို့ လက္ခံပြီး ကိုယ်သိအောင်သုံးပြပေရပေမယ့်

သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်သွားတာမျိုးလည်း ရှိတတ်တာကိုး


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဒီဇမ္ဗူငါလိုလူရှိသလားဟေ့

  ဒီဇမ္ဗူငါလိုလူရှိသလားဟေ့ . လောကသတ္တဝါတွေထဲမှာ လူသာလျှင် အမြင့်မြတ်ဆုံးရယ်လို့ တွေးတတ်ခေါ်တတ် စဉ်းစားတတ်စကတည်းက လူသားတို့လက်မထောင်ခဲ့ကြ ကမ္...