သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 2, 2023

ချောင်းဟန့်ခြင်းအနုပညာ

 


ချောင်းဟန့်ခြင်းအနုပညာ

**************

လောကမှာ ချောင်းအမျိုးမျိုးရှိတယ်ဗျ


ဇာတ်သဘင်ကြည့်ဖူးတဲ့သူတွေသိမှာပါ 

သရုပ်ဆောင်သူဟာ နောက်ခံတိုက်ပိတ်ကားရဲ့ရှေ့ 

ဆိုဖာကုလားထိုင်မှာထိုင်ပြီး 

သတင်းစာမဖတ်ခင် ဆိုးတဲ့ချောင်းမျိုးပေါ့ 


ဟိတ်ဟန်အပြည့်နဲ့ ရင်ခေါင်းကနေပြီး အားအင်ယူကာ 

ငါသူဌေးဆိုတဲ့အသိ တိုက်ထဲမှာနေတဲ့ ဟန်မျိုးနဲ့ ဆိုးချလိုက်တာ 


**အဟိန်း ** တဲ့ တိုက်ရဲ့ ပဲ့တင်သံနဲ့ ဟိန်းထွက်လာသလိုမျိုးပေါ့ 

ဇာတ်ထဲမှာတော့ သဌေးချောင်း လို့ခေါ်တယ်ဗျ 


*အဟွတ် အဟွတ် အဟွတ်* ဒါကတော့

ပန်းနာရင်ကျပ်ချောင်း တနည်း

ရောဂါကြောင့် ဆိုးတဲ့ချောင်းမျိုးပေါ့


*အဟမ်း* ဆိုတာက မိန့်ခွန်းမပြောမီ ကြားနေကျ  

ခံတွင်းရှင်းချောင်း စသည်ဖြင့်ပေါ့ 


ဒါတွေက ဆိုးတဲ့ချောင်းဖြစ်တဲ့အတွက် သိပ်တော့ အရေးမပါပါဘူး


ထားပါတော့ ကျွန်တော်ပြောချင်တာ အဲ့ဒီချောင်းမဟုတ်ဘူးဗျ 

ကြားခဲ့ဖူးတဲ့ အသိပေးချောင်းဟန့်သံလေး တခုအကြောင်းပါ 


သူငယ်ချင်းတယောက်ကို စာသင်ဖို့အတွက် လိုက်ပို့ရင်းကြားမိတဲ့

ချောင်းဟန့်သံလေး တခုအကြောင်းပါ


၂၀၁၅ . ၆ လပိုင်းလောက်က ဖြစ်မယ်ထင်တယ် 

နေရာကတော့ ပဲခူးမြို့ရဲ့ ရိပ်သာတခုမှာပါ 


သူငယ်ချင်းဆိုပေမယ့် သူကကိုယ်တွေနဲ့ တန်ဖိုးခြင်းမတူ 

မြင့်မြတ်တဲ့ အနွယ်ဝင် အကျင့်နဲ့ပြည့်စုံသူပေါ့


သူ့နာမည်က ဇာဂရိယ ကိုယ်တွေက 

မောင်ဇာ ဗိုလ်ဇာ အမျိုးမျိုးခေါ်တာပါပဲ


အဲ့ဒီနေ့က သူ့ဆီက ကြားခဲ့ရတာပါ


အဲ့ဒီရိပ်သာမှာ တပါးတကျောင်းပုံစံမျိုး သီတင်းသုံးကြတယ်ဗျ 

ကျွန်တော်တို့ရဲ့ ဦးတည်ရာက လုံးချင်းတိုက်တခုရဲ့ ဒုတိယထပ်ပါ 


မြေညီ လှေကားထစ် အတက်မှာပဲ 

သူငယ်ချင်းဆီက အမှတ်မထင် ကြားမိတာပါ 

မတိုးမကျယ် အတန်ငယ်လွင်ပြီး အာသီးရဲ့နောက်က 

ကြွက်သားကနေ အားယူပြီး  ပီပီသသ ဟန့်သံမျိုးပါ 


ကျွန်တော်သတိထားမိတယ်ဗျ သူဟာ ကွမ်းစားတတ်ပေမယ့် 

ကွမ်း သီးလို့ ဆိုးတာမျိုးတော့ မဟုတ်ဘူး 

မနက်ကတည်းက ရန်ကုန်ကနေ ပဲခူးကို 

လာရာလမ်းတလျှောက်မှာလည်း ဆိုးတာမျိုး မရှိခဲ့ဘူး 


ဒီအခန်း တက်မှပဲ ရုတ်တရက် ထဆိုးတာဆိုတော့ 

နေသူကို ရည်ရွယ်တဲ့သဘောပေါ့ 


လူ့သဘောအရ တယောက်တည်းနေချိန်မှာ 

ကာယအားဖြင့်လည်း အမျိုးမျိုး အဖုံဖုံ နေနေနိုင်တယ် 

ဝစီအားဖြင့်လည်း ရေရွတ် နေနိုင်တယ် 

မနောအားဖြင့်လည်း ရောက်မိရောက်ရာ စေစားနေတတ်တယ်မဟုတ်လား 


သူ့ရဲ့ ချောင်းဟန့်သံကြောင့် 

သတိကပ်ပြီး ပြင်ဆင်နေနိုင်ဖို့ ရည်ရွယ်ဟန်တူတယ်ဗျ 


Human rights ဆိုတာက ကျွန်တော်သိပ်နားမလည်ဘူးဗျ 

စာအုပ်ဆောင်းပါးတွေမှာလည်း 

ကျွန်တော် ထိထိမိမိ နားမလည်ခဲ့ဖူး ဖတ်သာဖတ်ခဲ့တာ


ဒါပေမယ့် အဲ့ဒီနေ့က ကျွန်တော် နှလုံးသားကစွဲစွဲမိမိနားလည်လိုက်တယ်

ကျွန်တော်တို့ဟာ သတင်းစာတွေ တယ်လီဗေးရှင်းတွေကနေ 

လူ့ခွင့်အရေး ဘာညာဘာညာ အော်နေကြပေမယ့် 

တကယ် ထိထိမိမိနားလည်ဖို့ ခက်ပါတယ် 


ဒါဟာ အော်စရာမလိုတဲ့ လူ့အခွင့်အရေးနဲ့ လူသားရဲ့ 

လွတ်လပ်ခွင့်ကိုလေးစားတဲ့ အကောင်းဆုံးပြရုပ် မဟုတ်ပါလား


Confession

••••••••••••••


မြန်မာ့သမိုင်းမှာ အစောဆုံးစေတီရဲ့ ရင်ပြင်မှာ 

ကျွန်တော် ထိနမိတ္တ ဝင်နေတယ် 

ဒါကိုသူကသိပေမယ့် ဟာသအနေနဲ့တောင် 

နောက်ပြောင်တာမျိုးမလုပ်ဘူးဗျ 


ရှက်ပြီး နောင်မလုပ်တော့တာမျိုးမဖြစ်အောင် 

အမှန်ဖြစ်ပေမယ့် အကျိုးမဲ့ စကားမို့ထင်တယ်


ကျွန်တော်ကလည်း ဒါမျိုး သုံးခါဖြစ်ဖူးတယ် 


နှစ်ကြိမ်က ဗဟန်းရဲ့ ဆဋ္ဌဗုဒ္ဓ ရုပ်ပွားတော်ရှေ့မှာ

တကြိမ်မှာ သူငယ်ချင်းအစ်ကို ဇနီးမောင်နှံနဲ့ မိတာ

နောက်တကြိမ်မှာတော့ ဘယ်သူမှ မသိပေမယ့် 

ကိုယ့်ကိုယ်ကို ပြန်ရှက်တာဗျ 


အဲ့ဒါအဆိုးဆုံးပဲ


ရှက်လိုက်တာမှ လွန်ရော့ဗျာ

သူများ နောက်ပြောင်မှာကိုထက် 

ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ထိုင်တာဆိုတော့ 


ဗုဒ္ဓကို လိမ်သလိုဖြစ်နေတယ်လို့ ယူဆတာကြောင့်ပါ 


ဒါ့ကို နည်းလမ်းမှားနဲ့ ဖြေရှင်းမိတယ် 

အဲ့ဒီကို မသွားဖြစ်တော့တာ လအတန်ကြာအထိပဲ 


&&&&&&&&&&&&&&&


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

================================

YouTube 

ကြာနီကန်ဆရာတော် ဦးဇဋိလ ၏ တရားတော်များ အစအဆုံး

https://youtube.com/playlist?list=PL4y-MgGOyRIUbA4v7shdA-P7yBCVX_mDh


ကြာနီကန်ဆရာတော် ဦးဇဋိလ ၏ တရားတော်အပိုင်းအစများ

https://youtube.com/playlist?list=PL4y-MgGOyRIXiBHFBQpwB4xh5ofBFTlmA


ကြာနီကန်ဆရာတော် ဦးဇဋိလ Facebook page

https://www.facebook.com/profile.php?id=61553891251403&mibextid=ZbWKwL


ဆက်စပ် Facebook page 

ကဗျာ ဆောင်းပါး

https://www.facebook.com/thanhtunlay.inde.09799871227


ဂီတစာဆိုမောင်ကြေးမုံ

https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO

________

သန်းထွန်းလေး ☆ အင်းတဲရွာ  

G-mail      - Koloneypoe@gmail.com 

Blog         -Http://koloneypoe.blogspot.com

Youtube    -https://youtube.com/@thantunlayinde

Facebook  -https://www.facebook.com/ThanTunLayANKGold09799871227 

================================

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဒီဇမ္ဗူငါလိုလူရှိသလားဟေ့

  ဒီဇမ္ဗူငါလိုလူရှိသလားဟေ့ . လောကသတ္တဝါတွေထဲမှာ လူသာလျှင် အမြင့်မြတ်ဆုံးရယ်လို့ တွေးတတ်ခေါ်တတ် စဉ်းစားတတ်စကတည်းက လူသားတို့လက်မထောင်ခဲ့ကြ ကမ္...