သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 16, 2023

စကားပြောဆိုရာဝယ်

 


စကားပြောဆိုရာဝယ်

********


ဒေသနာတော်တွေမှာ စကားပြောဆိုခြင်းနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြသမှုလေးတွေရှိတယ် 


စကားခြောက်ခွန်း လူ၌ထွန်း

လေးခွန်းကိုပယ် နှစ်ခွန်းတည်


ကျွန်တော်တို့နှုတ်ထက်မှာ မစိမ်းတဲ့လင်္ကာလေးဆိုပေမယ့် အဓိပ္ပါယ်ကောက်လွဲမှားနေတာမျိုးလည်း ရှိနိုင်တယ်လေ



အရင်က စကားပြောချင်တိုင်း မပြောရဘူး ခြောက်ခါလောက်ပြောချင်မှ နှစ်ခါလောက်သာ ပြောရတယ် စကားနည်းရန်စဲသဘောလို့ ထင်ခဲ့တာ


စကားမပြောပဲ ဝစီပိတ်ဘာညာ ကျင့်တာတွေကို မြတ်စွာဘုရားက သူအကျင့်စဉ်လို့ ပြစ်တင်တော်မူတယ်


တကယ့်ဆိုလိုရင်းအဓိပ္ပါယ် စကားခြောက်ခွန်းဆိုတာက


၁ မှန်သည် အကျိုးရှိ နှစ်သက်သည်

၂ မှန်သည် အကျိုးရှိ မနှစ်သက်

၃ မှန်သည် အကျိုးမရှိ မနှစ်သက်

၄ မှားသည် အကျိုးရှိ နှစ်သက်သည်

၅ မှားသည် အကျိုးမရှိ နှစ်သက်သည်

၆ မှားသည် အကျိုးမရှိ မနှစ်သက်


၁ နဲ့ ၂ ဖြစ်တဲ့

မှန်ပြီးအကျိုးရှိတဲ့စကားဆိုရင် နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ပြောသင့်သည့်အချိန်မှာ ပြောသင့်တယ်လို့ဆိုတယ် 


ဒီနေရာမှာ ပြောသင့်သည့်အချိန်ဆိုတဲ့ ကာလလေးသတ်မှတ်ထားတာကိုတော့ သတိချပ်ဖို့လိုတယ် 


တချို့မှာ ငါကသူ့အတွက်ကောင်းစေချင်လို့ ပြောတာကို နားမလည်ဘူး စသည်ဖြင့်ဖြစ်နေတာတွေက အချိန်ဆိုတဲ့ ကာလလေးလိုအပ်နေလို့ ဖြစ်တာပါ 


လူမှုဝန်းကျင်မှာ စကားပြောဆိုမှုကနေ ရှုပ်နေတဲ့ပြဿနာလေးတွေကနေ ကင်းဝေးပါစေကြောင်း ဆန္ဒပြုရင်း..


သန်းထွန်းလေး ☆ အင်းတဲရွာ

Https://youtube.com/@thantunlayinde 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဒီဇမ္ဗူငါလိုလူရှိသလားဟေ့

  ဒီဇမ္ဗူငါလိုလူရှိသလားဟေ့ . လောကသတ္တဝါတွေထဲမှာ လူသာလျှင် အမြင့်မြတ်ဆုံးရယ်လို့ တွေးတတ်ခေါ်တတ် စဉ်းစားတတ်စကတည်းက လူသားတို့လက်မထောင်ခဲ့ကြ ကမ္...