ဆုတောင်းပြည့်ဖို့ရာ
..........................
ကျွန်တော်တို့ရဲ့ လူမှုဘဝယဥ်ကျေးမှုမှာ ဆုတောင်းဆုယူမှုက
လေးလေးနက်နက်ကို စိမ့်ဝင်စီးဆင်းနေတယ်လို့ ပြောရမလိုပဲဗျ
နေရာဒေသ လူမျိုးဘာသာမရွေးဆိုပါတော့
စာမေးပွဲအောင်ဖို့ စီးပွားရေးအဆင်ပြေဖို့ ရာထူးတက်ဖို့
ချစ်ရေးချစ်ရာအဆင်ပြေဖို့
စသည့် ပုဂ္ဂလခံစားချက်အားလျှော်စွာ ခေါင်းစဥ်တွေအမျိုးမျိုးနဲ့ပေါ့
ဆုတောင်းသူတို့ရဲ့ ဆန္ဒတွေက အမျိုးမျိုးပြားသည့်အလျှောက်ပဲ
ဆုတောင်းခံအရာတွေကိုလည်းအမျိုးမျိုးသောအမည်နာမတွေနဲ့
ပြောင်းလည်းပြစ်ခဲ့ကြပါတယ်
ယခင်က မြတ်စွာဘုရားကို ရည်းစူးသည့်အလျှောက်
ဘာစေတီ ညာစေတီ ဘာဆင်းတုတော် ညာဆင်းတုတော် စသည်ဖြင့်သာ
အမည်နာမများရှိခဲ့ပေမယ့်
နောက်ပိုင်းမှာ အမည်နာမနောက်မှာ
ဆုတောင်းပြည့်တို့ ဆန္ဒတော်ပြည့်တို့ အလိုတော်ပြည့်တို့
စတဲ့ ဝိသေသနတွေပါ ထည့်သွင်း မှည့်ခေါ်လာကြတယ်
မြတ်ဗုဒ္ဓနည်းကျ ဆုတောင်းပြည့်ဖိုဆိုရင်
ဆုတောင်းခံအရာထက် ဆုတောင်းသူရဲ့ သန္တန်မှာရှိနေတဲ့
သဒ္ဓါ သီလ သုတ စာဂ ပညာ ဆိုတဲ့ အချက်ငါးချက်နဲ့ ပြည့်စုံရမယ်
ဆိုလိုတာက ဆုတောင်းခံက ရွှေတိဂုံဖြစ်ဖို့ ကျိုက်ထီးရိုးဖြစ်ဖို့ထက်
ဆုတောင်းသူရဲ့ သန္တန်မှာရှိတဲ့ စိတ်ဆန္ဒကသာ ပိုပြီးအရေးကြီးတယ်လို့ ဆိုတာပါ
ဘုရားက ရှင်သာရိပုတ္တရာကို လှူတာက
ရှင်သာရိပုတ္တရာက ဘုရားကို လှူတာထက်ပိုမြတ်ပါတယ်
ဘာကြောင့်လည်းဆိုတော့ လှူသူဘုရားက ဒါနအကျိုးကိုပိုပြည့်ပြည့်စုံစုံသိပြီး
ကိုယ်ကျင့်တရားလည်းပို စင်ကြယ်လို့ပါ
ဒီလိုဆိုလိုက်တော့ ဘုန်းကြီးစာနဲနဲဆန်နေတယ်ဗျ
အလှူခံမှာဟစ်တဲ့ ဂေါပကလေသံကြီးလိုဖြစ်နေတယ်မဟုတ်လား
နားလည်ဖို့ဝေးနေတယ် ကိုယ်နဲ့မဆိုင်တာမျိုး
ဘုန်းကြီးကျောင်း စာအုပ်ဗီယိုထဲက လက်လေးလုံးလောက်ရှိတဲ့
ငါတို့နားမလည်တဲ့ စာအုပ်ထဲက အက္ခရာတွေလို့သာ မှတ်ယူစရာရှိတယ်ဗျ
ဒီတော့ ဒီစကားတွေကို ကျွန်တော်တို့နဲ့နီးစပ်နိုင်သမျှ နီးစပ်ဖို့
ကျွန်တော်တို့ဘဝထဲကို ဆွဲသွင်းကြည့်ကြရအောင်လား
သဒ္ဓါဆိုတာက ယုံကြည်မှုပါ
ဒါလုပ်ရင် ဒါရဲ့အကျိုးကို မုချခံစားရမယ်ဆိုတဲ့ အသိပေါ့
တနည်းအားဖြင့် ကံကံ၏အကျိုးကို ယုံကြည်ခြင်း
သီလဆိုတာက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းပါ
ဒီနေရာမှာ သီလဆိုတာ အခုဆောက်တည် မချိုးမဖောက်သမျှ
ပြည့်စုံနေတယ်လို့ပဲ ပြောရမှာပါ
အတိတ်ကပြုလုပ်ပြီးခဲ့သမျှနဲ့ မဆိုင်ပါဘူး
သုတဆိုတာက မှန်ကန်တဲ့ တရားဒေသနာတော်တွေကို ကြားနာဖူးသူလို့ ဆိုလိုတာပါ
ကံ ကံ၏အကျိုးကို ယုံကြည်ဖို့အတွက်
ဒီဒေသနာကို နာကြားလေ့လာဘူးဖို့ လိုတယ်မဟုတ်လား
စာဂဆိုတာက စွန့်လွှတ်မှုပါ
ကိုယ့်ဘက်က တခုခုကို စွန့်လွှတ်လှူဒါန်းမှုပြုလုပ်ပြီးပေါ့
ငွေရယ် ပစ္စည်းဥစ္စာရယ်လို့မဟုတ်ပါဘူး
ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကစလို့ပေါ့
ပညာဆိုတာက ဝေဖန်သုံးသတ်နိုင်စွမ်းပါ
လှူဟာအလကားစွန့်ပစ်တာမဟုတ်ဘူး ဒီရဲ့အကျိုးဆိုတာရှိတယ်လို့သိတဲ့ အသိစိတ်ပါ
ဒီငါးချက်ပြည့်စုံရင် မုချပြည့်စုံမယ်လို့လည်း မြတ်ဘုရားက အာမခံခဲ့ပါတယ်
သာသနာတော်မှာလည်း ဆုတောင်းသူတွေအများအပြားရှိပါတယ်
ဒါပေမယ့် သူတို့နဲ့ကျွန်တော်တို့မတူတဲ့အချက်က
ကျွန်တော်တို့ရဲ့ ဆုတောင်းမှုက လောဘနဲ့ယှဥ်ပြီး
သူတို့ရဲ့ ဆုတောင်းမှုက ဆန္ဒပြုတာသက်သက်ဖြစ်တာကြောင့်ပါ
ဒါကြောင့်ဆုတောင်းပါ
ကိုယ့်ကိုယ်ကိုလည်း ပြည့်စုံအောင်ဖြည့်စည်းပါအုံးလို့ ဆန္ဒပြုရင်း....
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
koloneypoe.blogspot.com
No comments:
Post a Comment