ဆုန်းဂျီဟို Song Ji Hyo 송지효
(မဖြစ်နိုင်ဘူးတဲ့လား)
စတူဒီယိုပြင်ပရိုက်ကွင်းတွေဟာ ခက်ခဲလွန်းတယ် ပင်ပန်းလွန်းတယ်
မိန်းကလေးတွေ အမြဲလုပ်နိုင်ဖို့မဖြစ်နိုင်ဘူးလို့ ယူဆမိနေလား
ဒီထဲကမှ ခွန်အားတွေနဲ့ ယှဥ်ပြိုင်ရတဲ့ ရသစုံအစီအစဥ်တွေမှာ
မိတ်ကပ်လက်တသစ်လောက်လိမ်းလို့
ငိုဟယ်ရီဟယ်လွမ်းဟယ်ဆွေးဟယ်လောက်နဲ့ ကြင်လည်နေတဲ့
မင်းသမီးတွေအတွက် စစ်တလင်းလိုဖြစ်စေတာမို့
အမြဲတမ်းတင်ဆက်နိုင်ဖို့ မဖြစ်နိုင်ဖူးလို့ ယူဆနေလား
သမိုင်းမှာ ဒီတာဝန်ကို ၁၀နှစ်ကျော်အောင် ကျေပွန်ရုံမက
နေရာတစ်ခုအခိုင်အမာတည်ဆောက်ရင်း
အကောင်းဆုံး လုပ်ဆောင်နေသူ အမျိုးသမီးတယောက်အကြောင်းက
မှတ်တမ်းတင်ဖို့လိုမယ်ထင်တယ်
သူမနာမည်အရင်းက
ချောင်ဆောင်းအင်
အနုပညာလောကမှာ လှုပ်ရှားရှင်သန်နေတဲ့နာမည်ကတော့
ဆုန်းဂျီဟျို
မြန်မာမှာတော့ ဟျိုအသံထွက်က အသုံးပြုတာနည်းတော့
လူတွေပါးစပ်ဖြားမှာမရင်းနှီးဘူး အသံထွက်ဖို့လည်း
ခက်ခဲတယ်မဟုတ်လား ဒီတော့ သူမနာမည်ကို မြန်မာမှုပြုလိုက်တယ်
ဆုန်းဂျီဟို ဆိုပြီးပေါ့
ရသစုံရှိုးလောကမှာ နာမည်အပြင် နာမဝိသေသနတွေဟာလည်း
အင်မတန်အရေးပါတယ် တော်ရုံအရည်အချင်းနဲ့လည်း
ပရိတ်သတ်အကြားရေပန်းစားနေအောင် မှတ်မိနေအောင်
အမှတ်တမဲ့ကြားမိရင်တောင် မြင်ယောင်နေအောင်
တည်ဆောက်ဖို့လည်းမလွယ်ဘူး
သူမရဲ့နာမဝိသေသနကတော့
အူတူတူ တဲ့
သဘောကတော့ တုံ့ပြန်မှုနှေးတယ် ရုတ်တရက်မေးလိုက်ရင်
ကြောင်သွားတာ ဘာလုပ်ရမှန်းမသိတာမျိုးပါ
ဒါကတော်တာမတော်တာနဲ့မဆိုင်ဘဲ အမူအကျင့်နဲ့ဆိုင်တာမျိုးပါ
အချို့ကျောင်းသားတွေတွေ့ဖူးမှာပေါ့
စာကို ကကြီး ကနေ အ အထိ အဆုံးအထိဆိုခိုင်းရင်
ခရားရေလွှတ်တတွတ်တွတ်ရွတ်ဆိုနိုင်ပေမယ့်
လ နောက်က ဘာလဲလို့ ဆရာကဖြတ်မေးလိုက်ရင်
ရုတ်ရက်ကြောင်သွားပြီး ဘာဖြေလို့ဖြေရမှန်းမသိဖြစ်သွားတာမျိုးပေါ့
(သူမနဲ့လုံးဝဆန့်ကျင်ဖက် ပုံစံကတော့ လီ(အီ)ဂွမ်ဆူ ပါ
သူက တင်္ခနုပ္ပတ္တိဉာဏ် အားကောင်းတယ်
နှုတ်အရရော ခန္ဓာကိုယ်အမူအရာမှာပါ အားကောင်းတာ)
ဘာကြောင့်ဒီလိုပြောရလည်းဆိုတော့ EP 48 မှာ
သူမကိုမျက်စိပိတ်ထားပြီး အဖွဲ့ဝင်တွေရဲ့ မျက်နှာသွင်ပြင်ကို
လက်နဲ့စမ်းသပ်ပြီး အဖြေထုတ်ခိုင်းရာမှာ သူမဖြေရှင်းပုံ
အလွန်အသေးစိတ်ကျပြီး အသေးအဖွဲ့လို့ထင်မှတ်ထားတာလေးတွေကအစ
ဂရုတစိုက်ရှိသူမှန်း အင်မတန်သိသာတယ်
RM ရဲ့ မူလအခင်းအကျင်းမှာ ပင်တိုင်အမျိုးသမီးတယောက်ထည့်ဖို့
မရည်ရွယ်ခဲ့ဘူး ဘာကြောင့်လည်းဆိုတော့ ဒီအစီအစဥ်က စတူဒီယိုတွင်း
ရိုက်ကူးဖို့ထက် ယှဥ်ပြိုင်မှုပုံစံဖက် ပိုအလေးပြုတာကြောင့်ပါ
ဒါကြောင့်တော်ရုံဇွဲနဲ့ လုပ်နိုင်ဖို့မလွယ်သလို မိန်းကလေးတွေ အထူးသဖြင့်
မင်းသမီးတွေအတွက် မလွယ်ကူဘူး မဖြစ်နိုင်ဘူးလို့ ယူဆခဲ့တာကြောင့်ပါ
EP 2 မှာ သူမကိုဧည့်သည်အဖြစ်ဖိတ်ကြားရင်းက အဖွဲ့ဝင်တွေနဲ့
သဟဇာတဖြစ်မှု လိုက်ရောညီတွေလှုပ်ရှားနိုင်မှုနဲ့
ထူးခြားတဲ့ပင်ကိုယ်စရိုက်တွေကြောင့် စမ်းသပ်အသုံးပြုရင်ကနေ
ပင်တိုင်တယောက်အဖြစ် တနေရာအခိုင်အမာရယူခဲ့တာဖြစ်ပါတယ်
(ရွေးမယ်ရွေးလိုက်တော့လည်း ရသစုံရှိုးတွေနဲ့ သိပ်မရင်းနှီးတဲ့အပြင်
ရသစုံလောကမှာ ကိုယ်ပိုင်ပုံရိပ်တောင် အခိုင်အမာ မတည်ဆောက်ရသေးတဲ့
သူတယောက်မို့ သံသယမျက်လုံးတွေ မဖြစ်နိုင်ပါဘူးဆိုတဲ့ ပြောစကားတွေ
ဘယ်လောက်တောင်များလိုက်မလည်း တွေးကြည့်နိုင်ပါတယ်
အဲ့ဒီတုန်းက ရသစုံလောကမှာက နှုတ်အားဖြင့် သွက်ရင်သွက်
ဒါမှမဟုတ် လှုပ်ရှားမှုတွေ အကတွေကို ပိုအသားပေးတာမဟုတ်လား)
သူမအတွက် လမ်းရယ်လို့တောင်မမြင်သာတဲ့ နယ်မြေအသစ်မှာ
စိန်ခေါ်ရင်ဆိုင်ပုံက ရဲရင့်တယ် ပြတ်သားတယ် ဖြစ်နိုင်ပါ့မလားရယ်လို့
ကိုယ့်ကိုယ်ကို သံသယရှိဟန်ကို အစောပိုင်း EP တွေကအစ မတွေခဲ့ရဘူး
သူစိမ်းတွေကြားမှာ နေသားကျဖို့ ထူးထွေတောင် မပြင်ဆင်လိုက်ရဘူးလို့
ထင်ရတဲ့အထိကို သဟာဇာတဖြစ်အောင် နေနိုင်တာအံ့သြဖို့ကောင်းတယ်
EP 43 မှာ တစ်နှစ်နီးပါး အတူတကွရိုက်ကူးတင်ဆက်မှုတွေ
လုပ်လာခဲ့သည့်တိုင် လုပ်ငန်းခွင်မှာ ရင်းနှီးတဲ့ပုံစံရှိပေမယ့်
တကယ့်မိသားစုပုံစံ နွေးထွေးတဲ့ဆက်ဆံရေးမျိုး
မထူထောင်နိုင်သေးကြောင်း မရှိသေးကြောင်း သူမကိုယ်တိုင် ဖွင့်ဟထားတယ်
RM ဟာ ကာလရှည်ရပ်တည်လာတဲ့ အစီအစဥ်တရပ်ဖြစ်လာတာနဲ့အမျှ
အဖွဲ့ဝင်တွေမှာ နာမဝိသေသနတွေအပြင် ကိုယ်ပိုင်အသံတွေ
သံစဥ်တွေရှိလာတဲ့အထိ တည်ဆောက်လာနိုင်တာအားလုံးအသိပါ
ဥပမာအားဖြင့် အထင်ရှားဆုံးအသံကတော့
ဂင်ဂျုံဂု ပေါ်လာရင် စပါတာ ဆိုတဲ့ အားမာန်ပါပါ ဟစ်ကြွေးသံလိုမျိုး
သံစဥ်အနေနဲ့က ယူဂျယ်ဆော့ နဲ့ စတက်ဘိုင်စတက် သံစဥ်တွေပေါ့
ပရိတ်သတ်တွေအနေနဲ့ ဖန်သားပြင်ကို ကြည့်မနေသည်ထားအုံး
အဖွဲ့ဝင်တွေရဲ့ အသံကိုမကြားရသည့်တိုင် အသံတွေ
သံစဥ်တွေကြားရရင်ကို ဘယ်သူပေါ်နေပြီ ဘယ်သူလာနေပြီ
ဘယ်သူပြေးနေတယ် ဘယ်သူညစ်ပတ်တော့မယ်ကအစ
တွေးသိနိုင်တဲ့အထိ ပုံရိပ်ကြီးမားလာပါတယ်
ဒီလိုရှိုးမျိုးမှာ ကိုယ်ပိုင်အသံတွေ သံစဥ်တွေ နာမဝိသေသနတွေကို
ရှင်သန်ခိုင်မြဲအောင် အမျိုးသမီးတယောက်အနေနဲ့
ပုံရိပ်တစ်ခုဖော်ဆောင်နိုင်ဖို့ ထမ်းပိုးခဲ့ရတဲ့
တာဝန်တွေကလည်း ပြောပြလို့ကုန်မယ်မထင်ဘူး
သူမဟာ....
ချစ်သူတွေအဖြစ်ကိုလည်း မကလက်ဖို့ တည်ငြိမ်မှုတွေနဲ့ ထိမ်းညှိပြတယ်
တည်ငြိမ်မှုကိုလည်း အိုဗာမဖြစ်ဖို့ ဂရုစိုက်မှုတွေနဲ့ ထိမ်းညှိပြတယ်
ပွင့်လင်းသူတွေထက်ပိုပြီး ဖော်ရွေမှုကိုပြခဲ့တယ်
သွက်လက်သူတွေထက်ပိုပြီး ထက်သန်မှုကိုပြခဲ့တယ်
ခွန်းအားရှိသူတွေထက်ပိုပြီး သန်မာမှုကိုပြခဲ့တယ်
အပြေးမြန်သူတွေထက်ပိုပြီး လျင်မြန်မှုတွေပြခဲ့တယ်
ဉာဏ်ကောင်းသူတွေထက်ပိုပြီး ထက်မြက်မှုကိုပြခဲ့တယ်
ကံကောင်းသူတွေထက်ပိုပြီး ကောင်းတဲ့ကံ(အလုပ်)တွေကို လုပ်ဆောင်နိုင်ခဲ့တယ်
ဒါတွေဟာ ပြောရလွယ်ပေမဲ့ ထိမ်းညှိလုပ်ဆောင်ဖို့က သိပ်ခက်ခဲတဲ့အရာတွေပါ
သင်တို့ကော ကိုယ်ကိုယ်ကို
ကျား မို့ မ မို့
ဆင်းရဲ လို့ ချမ်းသာလို့
အခွင့်သာလို့ မသာလို့ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့
အခွင့်အလမ်းတွေအပေါ်မှာ ဆင်ခြေမျိုးစုံနဲ့ ပယ်ချတတ်နေတုံးပဲလား
လမ်းရယ်လို့တောင် မမြင်နိုင်တဲ့နေရာကနေ
မဖြစ်နိုင်ဘူးတဲ့လားလို့ စိန်ခေါ်ရင်း ကျော်ဖြတ်ပြလိုက်စမ်းပါ
သင်နှစ်သက်အားကျတဲ့ ဆုန်းဂျီဟို လိုပေါ့
အတ္ထုပ္ပတ္တိ
https://en.m.wikipedia.org/wiki/Song_Ji-hyo
http://koloneypoe.blogspot.com/2021/09/blog-post_38.html
#အရေးတော်ပုံအောင်တော့မည်...
#runningman
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်





.jpeg)







.jpeg)
.jpeg)



.jpeg)



%20(1).png)
.jpeg)
.png)
.jpeg)

.jpeg)
.jpeg)
.jpeg)
.jpeg)

.jpg)

.jpg)



.jpeg)


.jpg)

.jpg)
.jpg)





.jpeg)

.png)
.jpeg)
.jpg)
.jpeg)
.jpeg)
.jpg)
No comments:
Post a Comment