သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, March 9, 2021

သီတဂူဆရာတော်ဆိုတာ


သီတဂူဆရာတော်ဆိုတာ

အရင်ကတော့ သပိတ်အိုင်တောရမှာ သတင်းသုံးလို့ သပိတ်အိုင်ဆရာတော်လို့လည်းခေါ်တယ်


၈၈ ဝန်းကျင် ရေးအခင်းကာလကပေါ့ နိုင်ငံအနှံ့ မင်းကျင့်တရားဆယ်ပါးအကြောင်း တရားလိုက်ဟောလို့ စစ်အာဏာရှင်တွေရဲ့ အငြှိုးတကြီး လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရတယ်


အဲ့ဒီအချိန်က သာသနာမှာ နေလတစ်ဆူဖြစ်တဲ့ မင်းကွန်းဆရာတော်က မင်းတို့ သပိတ်အိုင်ကိုဖမ်းချင်ရင် ငါ့အတွက်ပါ ဝတ်စုံတစ်စုံပိုယူခဲ့ဆိုပြီး ပြောလိုက်မှပဲ သူတို့ရန်က လွတ်ခဲ့ရတာပါ


ဒါတောင် နောက်ပိုင်း သူ့တို့အနှောက်အယှက်ထပ်ကြုံလို့ နိုင်ငံရပ်ခြားကို ဆရာတော်ကြီးက ကြီးမှူးပြီး စေလွှတ်ခဲ့တယ်လို့ဆိုတယ်


သီတဂူဆရာတော်ရဲ့ ‌မွေးသက္ကရာဇ်က

၂၃. ၂.၁၉၃၇ ဖြစ်ပါတယ်

ဘာကြောင့်မွေးသက္ကရာဇ်ကို ပြရလဲဆိုတော့ ခုအချိန် အသက် ၈၄နှစ်အရွယ် ပုဂ္ဂိုလ်တစ်ယောက်ဆီက ဘာတွေများ လယ်လောက်များများ လိုချင်နေကြသေးတာလဲ ဒါတောင် သာသနာရေး လူမှုရေးကိစ္စအဝဝမှာ လစ်ဟင်းတာရှိခဲ့သလား 


နာဂစ်ကာလကော ကိုးကွယ်ရာ ဘာသာမတူသည်ထားအုံး တောင်တန်းဒေသ‌‌တွေမှာပါ ဘာတွေလုပ်နေလည်း ‌လုပ်ခဲ့လည်း လေ့လာပါအုံး


လုပ်ခဲ့လုပ်ဆဲလုပ်နေမြဲပါပဲ

တရားဝင် page မှာကော အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တဲ့ စာ‌တွေ ဒေသနာတွေ ဓမ္မတွေ နေ့တိုင်း ထုတ်ပြန်နေတာပဲ မဝေဖန်ခင် အပုတ်မချခင် နည်းနည်းလောက်ဖြစ်ဖြစ် ဝင်လေ့လာကြည့်ပါအုံး ဖတ်ကြည့်ပါအုံး ‌တွေးခေါ်ကြည့်ပါအုံး သုံးသပ်ကြည့်ပါအုံး


သာသနာရဲ့ ထိပ်တန်းအလွှာက ဆရာတော်တစ်ပါးက အရပ်စကားနဲ့ 

အပုလေး အပုလေးတို့လို

ဆောင်ပုဒ်မျိုး စကားရပ်မျိုး ထုတ်ပြန်ပါ့မလား 


သီတဂူနဲ့ စစ်ကိုင်းတောင်ရိုး ကမ္ဘာ့အဝှမ်း ဗုဒ္ဓဘာသာ သာသနာပြုလမ်းစဉ်တွေဟာ ယခုသီတဂူဆရာတော်လက်ထက်မှာ ဘယ်လောက်တိုးတက်ဝေစီခဲ့သလဲဆိုတာ Facebook က သူပြောကိုယ်ပြော အခြေအမြစ်သတင်းတုလောက်မဟုတ်ဘဲ ထဲထဲဝင်ဝင် လေ့လာကြည့်ပါအုံး 


သူ့အကျိုးသက်သက်ဆိုရင် တရားတစ်ပွဲဟော သိန်းရာချီရနေသူတစ်ယောက်က ဒါတွေလုပ်နေဖို့ လိုလို့လား ကျောင်းပြန်တံခါးပိတ် နှပ်နေယုံပါပဲ


တရားဟောတာ အလုပ်တစ်ခုလို့ ဆိုပါစို့ ဓမ္မပူဇာငွေက လုပ်အားခလို့ဆိုပါစို့ သူဟောလို့ သူလုပ်လို့ရတဲ့ပိုက်ဆံ သူ့ဖာသာ တစ်ကိုယ်တည်းကောင်းစားရေး သုံးနိုင်ခွင့်ရှိတာပဲ 


သင်ကော သင့်ရဲ့လုပ်အားခကို အားလုံးနဲ့ မျှဝေသုံးဖူးလား 

ရပ်အကျိုးရွာအကျိုးအတွက် အိတ်သွန်ဖာမှောက် အသုံးချဖူးလား 

ဝေးပါသေးတယ် ဆယ်ပုံတစ်ပုံလောက် အသုံးပြုပါတယ်ဆိုရင်ကို သင့်ကို လေးလေးစားစားချီးကျူးမိမှာပါ 


ထားတော့ မိဘအတွက် ဇနီးအတွက် သားသမီးအတွက် လမ်းအတွက် ရပ်ကွက်အတွက် ရပ်ရွာအတွက် မြို့အတွက် တိုင်းပြည်အတွက် ဘာသာအတွက် သာသနာအတွက် ဘာတွေများ ဘယ်လောက်များများ စွမ်းဆောင်ခဲ့ပြီးပြီးလဲ တာဝန်ကျေခဲ့ပြီးပြီလဲ သာမန်ထက်ပိုတဲ့ အဆင့်တစ်ခုမှာ နေနိုင်အောင် စွမ်းဆောင်ပြီးပြီလား


သူစွမ်းနိုင်တုန်းက နိုင်ငံအနှံ့ခြေရာထပ်လို့ သင်အခုလုပ်နေပါတယ်ဆိုတာထက် အဆရာထောင်မက စွမ်းဆောင်ခဲ့ပြီးပြီ သင်ကော မြို့တစ်ပတ်ပြည့်အောင် လျှောက်ပြီးပြီလား


ကိုယ်ထွက်ရမယ့်အလှည့်ရောက်မှ ဘယ်သူဘယ်ဝါကဘယ်လိုဆိုပြီး လက်ညှိုးထိုးနေတာ ရှက်ဖို့ကောင်းပါတယ်  


သန်းထွန်းလေး ⭐ အင်းတဲရွာ

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...