သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, December 8, 2020

ပျော်ရွှင်ခြင်း ပျော်ရွှင်နိုင်ခြင်း


ကိုယ်ဝါသနာအရ​သော်၄င်း အ​​ခြေအ​နေအရ​သော်၄င်း ရွေးချယ်ပြီးသား အသက်​မွေးဝမ်း​ကြောင်းပြုရာ အလုပ်ကို ဝတ်​ကျေတန်း​ကျေမျိုးမဟုတ်ဘဲ လေး​လေးစားစား ကျိုးကျိုးစားစား လုပ်သူ​တွေကို အင်မတန်သ​ဘောကျတယ်ဗျ


အချို့ရှိတတ်တယ်ဗျ လုပ်သာလုပ်​နေရတယ် စိတ်မပါတာမျိုး ငါ့အလုပ်က တက်လမ်းမရှိဘူး ဘာဖြစ်ညာဖြစ်တယ် ပြောသံကြားရင် သူ့အတွက် စိတ်မ​ကောင်းဖြစ်မိတယ် 


အမှန်​တော့ သူနဲ့နီးစပ်ရာ အသိုင်းအဝိုင်းမှာ အဲ့ဒီလုပ်ငန်းနဲ့ပဲ ထွန်း​ပေါက်​အောင် ပြုလုပ်နိုင်သူမရှိ​သေးလို့ အားကျစရာ နည်းယူစရာ ပုဂ္ဂိုလ်မ​တွေ့လို့ပါ ကိုယ်ကိုယ်တိုင် လမ်းသစ်​ဖောက်ဖို့ကလည်း လုံ​လောက်တဲ့ စိတ်ခံယူချက် မရှိ​သေးလို့ပါ


ဒီ​တော့ ကိုယ့်လက်ထဲက အရာထက် တစ်စွန်းတစ်စသာမြင်ရတဲ့ အခြားသူလက်တွင်းကအရာကို ပို​ကောင်းလိမ့်မယ့်လို့ ယူဆလာကြ​တာ​ပေါ့


တကယ်​တော့  

ပညာရှင်ကလည်း ပညာရှင်အ​လျှောက် 

အောင်မြင်သူကလည်း အောင်မြင်သူအ​လျှောက် 

ချမ်းသာသူကလည်း ချမ်းသာသူအ​လျှောက်  

အားလုံး ကိုယ့်အထွာနဲ့ကိုယ် ကျိုးစား​နေကြရတာ ရုန်းကန်​နေကြရတာ သတိမထာမိကြဘူးလို့ ထင်တယ်


ဒါ​ကြောင့် ကိုယ်​လျှောက်လှမ်းရာ အလုပ်ကို လေး​လေးစားစား ကျိုးကျိုးစားစားလုပ်သူ​တွေကို တကယ့်ကို သ​ဘောကျမိပါတယ် 


သူတို့ကမှ တကယ့်​ပျော်ရွှင်နိုင်သူ​တွေမဟုတ်လား...


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

သေလွန်ပြီးနောက်အတွေးများ ((အနောက်တိုင်းသရဲကားတွေက အ‌ရှေ့တိုင်းသားတို့အဖို့ ဘာကြောင့် ကြောက်စရာမကောင်းလဲဆိုတော့....))

သေလွန်ပြီးနောက်အတွေးများ ((အနောက်တိုင်းသရဲကားတွေက အ‌ရှေ့တိုင်းသားတို့အဖို့ ဘာကြောင့် ကြောက်စရာမကောင်းလဲဆိုတော့....)) ။ ကျွန်တော်တို့အ‌ရှေ့တိ...