ရှေးအခါက ကုန်သည်တစ်စု ကုန်သွယ်ဖို့ လှည့်လည်ရင်း ကန္တာရတစ်ခုကို ရောက်ရှိလာခဲ့ကြတယ်
တစ်ခုသောညမှာ တွင်းတစ်တွင်းကိုတွေ့ကြတယ်
တွင်းထဲကို ငုံ့ကြည့်ကြပြန်တော့ အပေါ်ကလရောင်နဲ့ အထဲမှာ လိုးလိုးလက်လက်ပျိုးပျိုးပျက်ပျက် အရာတွေကိုတွေ့တယ်
ဒီတော့ အဖိုးတန်ရတနာတွေ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်
ဒီတော့တစ်ယောက်က စဆင်းပြီး စနည်းနာတယ် ခဏကြာတော့ ထိုလူက ဟေ့လူတွေဆင်းမလာကျနဲ့ တွင်းထဲက ရတနာတွေမဟုတ်ဘူး အဆိပ်ပြင်းတဲ့ မြွေတွေ ပျိုးပျိုးပျက်ပျက် အရောင်ထွက်နေတာက ရတနာတွေရဲ့ အရောင်မဟုတ်ဘူး သူတို့ရဲ့ မျက်လုံးတွေ သိပ်အန္တရာယ်များတယ် ဒီအနားမှာမနေကြနဲ့ ဝေးဝေးကို မြန်မြန်သွားကြတော့လို့ လှမ်းအော်ပြောတယ်
ဒါပေမယ့် အပေါ်က လူတွေက မယုံဘူး
ဒီကောင် ရတနာတွေအားလုံး သူတစ်ယောက်တည်းအပိုင်စီးချင်လို့ ညာနေတာဖြစ်မှာပါဆိုပြီး နောက်တစ်ယောက်က ထပ်ပြီးဆင်းပြန်တယ်
အဲ့ဒီတစ်ယောက်ကလည်း ရှေ့ကလူအတိုင်း အော်ပြန်တယ်
အပေါ်ကလူတွေက ဒီနှစ်ယောက် ညှိပြီး သူတို့သာစီးစိမ်ခံချင်လို့ ငါတို့ကို လှည့်စားတာနေမှာ ငါတို့မြင်နေရသားပဲ အရောင်တစ်လက်လက်နဲ့ ရတနာတွေကို
ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ဆင်းရင်းက အားလုံး မြွေတွေရှိတဲ့ တွင်းထဲမှာ ဒုက္ခအတိနဲ့ ဘဝဆုံးသွားကြတယ်
အိမ်ထောင်ရေးဆိုတာ ဒီလိုပါပဲ
ရှေ့က လူတွေက ဟေ့ကောင်တွေ မယူကြနဲ့ အိမ်ထောင်ရေးဆိုတာ မင်းတို့ထင်သလို မဟုတ်ဘူးနော် သိပ်ဒုက္ခများတာ သားရဲတွင်းထဲ ခုန်ချရသလိုပဲ ပကတိထောင်ကမှ လွတ်ရက်ရှိသေးတယ် အိမ်ထောင်က တစ်သက်လုံးလွတ်ရက်မရှိဘူးနော် စသည်ဖြင့်ပြောကြတာပဲ
ဒါပေမယ့် နောက်လူတွေက ဘယ်ယုံမလဲ သူကဖြင့်ယူပြီး ငါ့တို့ကျ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောမယ်သာပြောတာပါကွာ သူကယူပြီးမှကိုး
အဲ့ဒီလိုတွေးပြီး ယူဖြစ်ကြ
ကိုယ့်တွေ့ကြုံပြီး နောက်လူကိုလည်း ရှေ့လူစကားအတိုင်းပြန် ပြောပြကြတယ်
ဒါမေယ့်မယ့် မယုံကြဘူး
ဒီလို မယုံမယုံနဲ့ တွင်းထဲကို ခုန်ခုန်ချနေကြတာ ဒီနေ့ထက်ထိပဲ
နောက်လည်း ခုန်းချကြအုံးမယ်မဟုတ်လား
ဆရာနန္ဒသိန်းဇံ စာအုပ်မှ
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
No comments:
Post a Comment