သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, August 21, 2020

အရိပ်အယောင်

လက်ချောင်းတွေက စကားပြောနေတယ်

မျက်လုံးနဲ့ နားထောင်မှ ကြားနိုင်မှာပါ


အသံတွေလည်းကြားနေတယ်

အဲ့ဒီအသံဟာ ကိုယ့်အနီးအပါးကလားဆိုတော့ မဟုတ်ဘူး


ဝေးကွာရာအရပ်က ရင်နှီးသူတို့နဲ့ ပြောဆိုနေကြတာတော့မှန်တယ် 

သူတို့ရဲ့ အသံလည်းဟုတ်တယ် သူတို့နဲ့ ပြောနေသလားဆိုတော့ မဟုတ်ပြန်ဘူး


သူတို့နဲ့မြင်တွေ့ကြားသိပြီး သာကြောင်းမာကြောင်း နှုတ်ဆက်နိုင်တယ်

ဒါပေမယ့် ကိုယ်မြင်တွေ့နေရတာ သူတို့လားဆိုတော့ မဟုတ်ဘူး

မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးလို့လည်း မဆိုနိုင်ဘူး 


အရိပ်အယောင်တွေမဟုတ်လား....


သန်းထွန်းလေး အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

မမင်းဖြူမှန်မှန်ပြော

  YouTube မှာ နားစဉ်ရန်နှိုပ်ပါ Telegram မှာ နားစဉ်ရန်နှိုပ်ပါ . https://t.me/kolone1/1353 . https://youtu.be/tSWeR-GRqig?si=9zU6EpSmKtVG6mc...