သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, November 5, 2018

အမျက် သိုမဟုတ် ကောဒ

¿¿¿¿¿¿¿

တိုက်ရိုက်ဖွင့်ရင်တော့ အမျက်ပေါ့

ဒေါသလို ထင်ရှား​တဲ့ အမှတ်အသားမရှိပေမယ့် အားလုံးမှာ မသိမသာစွဲကပ်နေနိုင်တာမျိုးမဟုတ်လား

အကြောင်းတစ်ခုကြောင့် စိတ်မှာမျက်သွားခဲ့ရင် ပြင်ဖို့ဖျက်ဖို့ ခက်တတ်တယ်
လက်သည်းကြားဆူးဝင်သလိုပေါ့ လှုပ်မရနှုတ်မရ မျက်တက်မျက်တက် အောင့်သက်သက်နဲ့ အတော်ခံရခက်တာမျိုးပေါ့

သာမန်ဖြစ်ရပ်တွေမှာတောင် ငြိုငြိုငြင်ငြင် အပြစ်တင်မိရက်သားဖြစ်သွားတတ်တယ်  လွယ်လွယ်ကူကူပဲဆိုပါတော့

သူ့ဘဝသူ့အ​ကြောင်း ဝင်ရောက်တွေးကြည့်ပေးဖို့ကို မဖြစ်နိုင်တော့တဲ့အထိပေါ့

ပြင်ပြင်းထန်ထန်ပေါက်ကွဲတတ်တဲ့ သဘာဝမရှိပေမယ့် ကာလရှည်ကြာ နစ်မြုပ်တတ်ပြီး ဆွဲနှုပ်ထုတ်ပြစ်ဖို့ခက်တဲ့ ကောဒကို သတိပြုမိဖို့ ဆန္ဒပြုရင်း....

သန်းထွန်းလေး (အင်းတဲရွာ)
 (အင်းတဲရွာ)


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အာနိုးလှမိုး

ခါမှာသူ့ကို လှမိုး'လို့ပဲ ခေါ်တတ်တယ် လူပုံကတောင့်တောင့်တင်းတင်း ထောင်ထောင်မောင်းမောင်းမို့ အာနိုး'ဆိုတဲ့ဝေါဟာရက ဝိသေသနသက်သက်တပ်ထားတာ...