သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, November 13, 2018

မပြောကြေး


®®®®®®

မိန်းမောတွေဝေတတ်သူတွေအကြားမှာ
ကျိုးစားမှုအကြောင်း မပြောကြေး

လိုချင်တက်မက်မှုတို့ ဆူဝေသူတွေအကြားမှာ
မျှ​​ဝေမှုအကြောင်း မပြောကြေး

စိတ်ထင်ရာကို ငြင်းခုံသူတွေအကြားမှာ
အမှန်တရားအကြောင်း မပြောကြေး

သွေးသားဆန္ဒတို့ ဆူဝေသူတွေအကြားမှာ
ချစ်ခြင်းမေတ္တာအကြောင်း မပြောကြေး

လွဲမှားတဲ့ ယစ်မှုးသာယာသူတွေအကြားမှာ
စောင့်ထိမ်းမှုကိုယ်ကျင့်တရားအကြောင်း မပြောကြေး 

®®®®®®®®®®®®®®®®®®®

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

လက်ျာ (လက်ယာ = လက္ယာ)

 လက်ျာ (လက်ယာ = လက္ယာ) . ဒီစာလုံးပေါင်းသတ်ပုံလေးက မြန်မာ့လွတ်လပ်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာကိုအကြောင...