သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, October 30, 2018

ဗလငါးတန်


°°°°°°°°°°°°°°°°

သကြ်န် ဝါဆို နဲ့ သီတင်းကျွတ်လဆိုတဲ့ အခါကြီးသုံးခါမှာ လူကြီးသူ​မတွေကို ကန်တော့ကြတယ်

ကန်တော့စဥ်တိုင်းမှာ ကျန်းမာဖို့ ချမ်းသာဖို့အပြင် ဗလငါးတန်နဲ့ ပြည့်စုံစေဖို့ ဆုပေးမြဲဖြစ်ပါတယ်

မစိမ်းတဲ့စကားလုံးဖြစ်ပေမယ့် အဓိပ္ပာယ်ကို ထိထိမိမိခံစားနားမလည်ခဲ့ရိုးအမှန်ပါ

ကိုယ်ခန္ဓာတုတ်ခိုင်သူတွေကို ဗလကြီးလို့ခေါ်ဝေါ်ကြတော့ ကာယပိုင်းနဲ့ သက်ဆိုင်တဲ့ စကားရပ်တစ်ခုလို့ပဲ မှတ်ယူခဲ့ဖူးတယ်ဗျ

စာလာပေလာအတိုင်း ဟုတ်ကောင်းမှဟုတ်နိုင်ပေမယ့် အရေးပါမှုကိုချိန်ဆပြီ ကျွန်တော်ကတော့ ဒီအစဥ်အတိုင်းပဲသဘောကျမိတယ်

ဘောဂဗလ=ပစ္စည်းဥစ္စာပြည့်စုံမှု
မိတ္တဗလ=မိတ်ကောင်းဆွေကောင်းပြည့်စုံမှု
ကာယဗလ=အားခွန်ဗလကြီးမှု ကျန်းမာကြံ့ခိုင်မှု
ဉာဏဗလ=ဉာဏ်ပညာပြည့်စုံမှု
စာရိတ္တဗလ=ကိုယ်ကျင့်တရားကောင်းမွန်မှု

ဘဝမှာအဆင်ပြေစွာ လျှောက်လှမ်းနိုင်ဖို့ ပစ္စည်းဥစ္စာပြည့်စုံဖို့ မုချလိုအပ်ပါတယ် ဒါ့အပြင် မိတ်ကောင်းဆွေကောင်းရှိပါမှ ပေါများပါမှ ဖြစ်မှာပါ

ကျန်းမာကြံ့ခိုင်ဖို့ အထူးလိုအပ်ပေမယ့် အားခွန်ဗလအတွက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာဟာ အတိုင်းအတာတစ်ခုထိသာ ဖြစ်နိုင်ပါလိမ့်မယ် လူတစ်ယောက်ဟာ ဆင်တစ်ကောင်ထက်ပိုပြီး အားကြီးဖို့မှမလွယ်တာ ငှက်တစ်ကောင်ထက်ပိုပြီး ပျံသန်းနိုင်ဖို့မှမလွယ်တာ ငါးတစ်ကောင်ထက်ပိုပြီး ရေကူးနိုင်ဖို့မှမလွယ်တာ

ဉာဏ်ပညာပြည့်စုံရင်တော့ အားကြီးပါတယ်ဆိုတဲ့ဆင်ထက်ပိုပြီး ဝန်ဆောင်နိုင်တဲ့ စက်ကရိယာတွေကို တီထွင်နိုင်မယ်မဟုတ်လား

အထက်ကအရာအားလုံးပြည့်စုံပေမယ့် စာရိတ္တဗလဆိုတဲ့ ကိုယ်ကျင့်တရား ချို့ယွင်းခဲ့မယ်ဆိုရင်တော့ တစ်ခြမ်းစောင်းဘဝမှာပဲ ရှင်သန်နေရမှာမဟုတ်လား

ပညာနဲ့သီလဟာ အပြန်အလှန်အမှီသဟဲပြုနေမှသင့်တော်တယ်လေ

လောကမှာ ပညာတတ်လူမိုက်တွေရဲ့ ဒါဏ်ကို ကိုယ်ကျင့်တရားကောင်းတဲ့နုံအသူတွေ ခံစားနေရတာသိပ်များလွန်းနေတယ်မဟုတ်လား

ဗလငါးတန်နဲ့ပြည့်စုံနိုင်ပါစေကြောင်း ဆန္ဒပြုရင်း.....

သန်းထွန်းလေး (အင်းတဲရွာ)

ဗလငါးတန္
°°°°°°°°°°°°°°°°

သၾက္န္ ဝါဆို နဲ႕ သီတင္းကြၽတ္လဆိုတဲ့ အခါႀကီးသုံးခါမွာ လူႀကီးသူ​မေတြကို ကန္ေတာ့ၾကတယ္

ကန္ေတာ့စဥ္တိုင္းမွာ က်န္းမာဖို႔ ခ်မ္းသာဖို႔အျပင္ ဗလငါးတန္နဲ႕ ျပည့္စုံေစဖို႔ ဆုေပးၿမဲျဖစ္ပါတယ္

မစိမ္းတဲ့စကားလုံးျဖစ္ေပမယ့္ အဓိပၸာယ္ကို ထိထိမိမိခံစားနားမလည္ခဲ့ရိုးအမွန္ပါ

ကိုယ္ခႏၶာတုတ္ခိုင္သူေတြကို ဗလႀကီးလို႔ေခၚေဝၚၾကေတာ့ ကာယပိုင္းနဲ႕ သက္ဆိုင္တဲ့ စကားရပ္တစ္ခုလို႔ပဲ မွတ္ယူခဲ့ဖူးတယ္ဗ်

စာလာေပလာအတိုင္း ဟုတ္ေကာင္းမွဟုတ္နိုင္ေပမယ့္ အေရးပါမႈကိုခ်ိန္ဆၿပီ ကြၽန္ေတာ္ကေတာ့ ဒီအစဥ္အတိုင္းပဲသေဘာက်မိတယ္

ေဘာဂဗလ=ပစၥည္းဥစၥာျပည့္စုံမႈ
မိတၱဗလ=မိတ္ေကာင္းေဆြေကာင္းျပည့္စုံမႈ
ကာယဗလ=အားခြန္ဗလႀကီးမႈ က်န္းမာႀကံ့ခိုင္မႈ
ဉာဏဗလ=ဉာဏ္ပညာျပည့္စုံမႈ
စာရိတၱဗလ=ကိုယ္က်င့္တရားေကာင္းမြန္မႈ

ဘဝမွာအဆင္ေျပစြာ ေလွ်ာက္လွမ္းနိုင္ဖို႔ ပစၥည္းဥစၥာျပည့္စုံဖို႔ မုခ်လိဳအပ္ပါတယ္ ဒါ့အျပင္ မိတ္ေကာင္းေဆြေကာင္းရွိပါမွ ေပါမ်ားပါမွ ျဖစ္မွာပါ

က်န္းမာႀကံ့ခိုင္ဖို႔ အထူးလိုအပ္ေပမယ့္ အားခြန္ဗလအတြက္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ခႏၶာဟာ အတိုင္းအတာတစ္ခုထိသာ ျဖစ္နိုင္ပါလိမ့္မယ္ လူတစ္ေယာက္ဟာ ဆင္တစ္ေကာင္ထက္ပိုၿပီး အားႀကီးဖို႔မွမလြယ္တာ ငွက္တစ္ေကာင္ထက္ပိုၿပီး ပ်ံသန္းနိုင္ဖို႔မွမလြယ္တာ ငါးတစ္ေကာင္ထက္ပိုၿပီး ေရကူးနိုင္ဖို႔မွမလြယ္တာ

ဉာဏ္ပညာျပည့္စုံရင္ေတာ့ အားႀကီးပါတယ္ဆိုတဲ့ဆင္ထက္ပိုၿပီး ဝန္ေဆာင္နိုင္တဲ့ စက္ကရိယာေတြကို တီထြင္နိုင္မယ္မဟုတ္လား

အထက္ကအရာအားလုံးျပည့္စုံေပမယ့္ စာရိတၱဗလဆိုတဲ့ ကိုယ္က်င့္တရား ခ်ိဳ႕ယြင္းခဲ့မယ္ဆိုရင္ေတာ့ တစ္ျခမ္းေစာင္းဘဝမွာပဲ ရွင္သန္ေနရမွာမဟုတ္လား

ပညာနဲ႕သီလဟာ အျပန္အလွန္အမွီသဟဲျပဳေနမွသင့္ေတာ္တယ္ေလ

ေလာကမွာ ပညာတတ္လူမိုက္ေတြရဲ႕ ဒါဏ္ကို ကိုယ္က်င့္တရားေကာင္းတဲ့ႏုံအသူေတြ ခံစားေနရတာသိပ္မ်ားလြန္းေနတယ္မဟုတ္လား

ဗလငါးတန္နဲ႕ျပည့္စုံနိုင္ပါေစေၾကာင္း ဆႏၵျပဳရင္း.....

သန္းထြန္းေလး (အင္းတဲ႐ြာ)


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...