သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, October 7, 2018

နားစဥ်ခံစားခြင်း


°°°°°°°°°°°°°°°°
တစ်ချိန်က တော်တော်လေးနှစ်နှစ်သက်သက် နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေ နားမထောင်ဖြစ်တာကြာတော့ ပြန်နားစဉ်ဖြစ်တယ်

အဲ့ဒီအချိန် အဲ့ဒီကာလက ဘာကြောင့် နှစ်သက်ခဲ့လည်း ပြန်သတိမရတော့ပေမယ့် အခုအချိန်နားထောင်လိုက်တော့ တွေးစရာတွေ များလာပြန်တယ်

တေးရေးဆရာဟာ ဒီအကြောင်းဒီိသံစဉ်ကို ဒီအဓိပ္ပါယ်အတွက်ပဲ ရေးစပ်ခဲ့တာမျိုးမဟုတ်ဘဲ ပိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ခံစားတွေးခေါ်နိုင်ဖို့ ရည်​ရွယ်​ချက်​မျိုးတွေ ခံစားမိလာတယ်

လူမှုဘဝမှာ ရှင်သန်ရင်း အခက်အခဲ ဒုက္ခဝေဒနာ ဒါဏ်ရာလေးများ ခံစားလိုက်ရမှဖြင့် တွေ့တဲ့သူတိုင်း ရင်ဖွင့်ပြောဆိုရတာအမော နှစ်သိမ့်စကားလေးများ ကြားလိုက်ရမှဖြင့် ဝေဒနာလေးများ ပြောက်ကင်းသွားသလိုလို

တကယ်တော့ ဒါဏ်ရာဖြစ်လာရင် ကုသပေးနိုင်မယ့်သူနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာမှ တကယ့်ကို ပြောက်ကင်းစေနိုင်မှာမဟုတ်လား လူတိုင်းကို ဆရာဝန်လို့ ထင်မှတ်မိနေတာကလည်း ကိုယ့်ဥပဒါဏ်ပဲ ဖြစ်မှာပါ

ဒီခေတ်အခါ social network တွေ ခေတ်စားလာတော့ မဖြစ်စလောက် ဒါဏ်ရာကလေးတွေကအစ status တင်ပြီး ဖောက်ခွဲမိနေကြတယ် ဖောက်ခွဲတယ်ဆိုကတည်း အားလုံးထိခိုက်နစ်နာစေတယ်ဆိုတာ သတိမမူမိဘူးလေ

ကိုယ့်စိတ်တိုင်းကျ နေဖို့ ဘယ်သူ့မှာမှ တာဝန်ရှိတာမှ မဟုတ်တာ သူလည်း သူ့လူမှုဝန်ကျင် သူ့ဘဝနဲ့သူ

ကိုယ်အခက်အခဲကြုံနေချိန် ကူညီဖို့လည်း ဘယ်သူမှာမှ တာဝန်ရှိနေတာမှ မဟုတ်တာ သူလည်း သူ့အခက်အခဲနဲ့သူ

ငါ့မကူညီရကောင်းလား ငါ့နားမလည်ရကောင်းလားဆိုပြီး ငါအစွဲနဲ့ လိုက်လက်ညှိးထိုးဖို့ သင့်လျှော်ပါ့မလားပေါ့

ဒီအချိန်တိုင်း အဆိုတော် မိုးမိုးရဲ့ ဥပေက္ခာဆိုတဲ့ သီချင်းလေးကို ပြန်တွေးနေမိတယ်ဗျ

ကမ္ဘာမြေပြင်ပေါ် ငါရောက်ရှိလာပေမယ့် ကမ္ဘာမြေပြင်ကလည်း ငါ့ကိုဂရုစိုက်ဖို့ မအားဘူးလေ အပြစ်ဆိုနေစရာမှမဟုတ်တာပဲ ဒီကမ္ဘာမြေမှာ

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

စန်ဂျနာ စန္ဂီ (Sanjana Sanghi) Kadak Singh (2023) movie's

  စန်ဂျနာ စန္ဂီ (Sanjana Sanghi) ... Dil Bechara (2020) https://t.me/kolayinde1/843 Rashtra Kavach Om (2022) https://t.me/kolayinde1/852 Kad...