သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, May 7, 2016

ဇော်တင် အင်းတဲရွာ ၏ ကဗျာများ



ဒီတမိုးနှောင့်
^^^^^^^^^^^^^^^^^^^
မနက်အိပ်ယာနိုးရင်တောင်
ကောင်းကင်ကို တချက်မော့ကြည့်ပြီးမှ
မျက်နှာသစ်တဲ့ရွာကလေး. . . . . . .။

အပါယ်လားချင် လားပါစေ
မဲစာရွက်ပေါ်
" မိုးလေ၀သ ညီညွတ်ပါစေ" ဆိုတာသာ ရေးထားခဲ့တယ်တဲ့။
ကောင်းဗျာ. . . .

ဗျို့ . . . . .
ခင်များကက်ဆက်ကြီး ပိတ်လိုက်ပါတော့လား။
အဲ့ဒီ ကိုရင်သိန်းတန်ရဲ့
" မိုးရေ တက်ရေ တဖွေးဖွေး . . . .
. . . . . . . . . . . . . ." ဆိုတာကြီးက
ကျုပ်တို့ကို လှောင်နေသလိုကြီးဗျာ။

ဘကြီးညိုရဲ့
"ကြောင့်ကျခပ်သိမ်း ကင်းေ၀းကြပါစေ"ဆိုတဲ့
မေတ္တာဓာတ်တွေလေ
လွှမ်းပါတ်ကမ်ဘာတည်ခဲ့ပြီလားတော့မသိ
ရွာကလေးကတော့ သက်ပြင်းပူပူကြီးတွေချ
ငူငူကြီး ငိုင်နေရပြီ။

လို၍မရသော ဆင်းရဲခြင်းတွေ
အုံနဲ့ကျင်းနဲ့ အထုပ်လိုက် အထည်လိုက်
နက္ခတ်မှားတဲ့ ရာသီခွင်တွေချည်း
ကန်ထရိုက်စွဲနေမိတယ်။

ကြည့်ပါလားဗျာ . . . .
ရင်ဘတ်ဟောင်းလောင်းနဲ့ ခရောင်းယာသားမှာ
ရေဆာတိုင်း အာခံတွင်း ပြင်းပြင်းဟခဲ့တာ
လက်တနှိုက် ပက်ကြားအက်တွေ . . . .
အဲ့ဒါတွေ ရွာကလေးက မချိ့တာဗျ။

အသုံးလုံးသာ သင်ခဲ့ရတဲ့ ရွာကလေးအတွက်
ဂေဟဗေဒစနစ်နဲ့ ဇလဗေဒကြားက ဆက်သွယ်ချက်ဟာ
၀မ်းတထွာနဲ့ သမုဒ္ဒရာကြီးရဲ့ကြားက
နှိုင်းရသီအိုရီထက်
ဘယ်တန်ဖိုးကြီးမလဲဗျာ။

သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုးတွေ။
အခုတော့ . . . .
ရှိတန်ဆာ မရှိ၀မ်းစာဆိုပဲ။
အရိတ်သင်းခံလိုက်ရတဲ့ တောင်တန်းကြီး
ကတုံးပြောင်ပြောင်မှာ အပူတွေကန်ထွက်နေရဲ့။

ဒီလိုပါပဲ . . . .
အင်းကောကြီးမှာလဲ ကြာဖြူတွေ မေ၀နိုင်ရှာတော။့
ရွာကလေးကတော့
လောဘတ၀က် ထင်းတ၀က် သယ်တိုက်လာတဲ့
လှည်းကလေးပေါ်မှာ
ချွေးဒီးဒီးနဲ့ ရေဆာနေရှာပြီ။ ။

                      WP

ရှေ့ရေးနောက်ရေး အရေးရေးထက် ၀မ်းရေးခက်၏။
အင်းတဲသားဗျ။ မိုးမရွာ ထင်းခုတ်ရောင်းတတ်တယ်။

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...