သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, May 12, 2016

ကဆုန်​လပြည်​့​နေ့ * ဗုဒ္ဓ​နေ့




********************
   ကဆုန်​လပြည်​့​နေ့ဟာ ဗုဒ္ဓဘာသာဝင်​ မြန်​မာလူမျိုး တို့အတွက်​ အ​လေးအမြတ်​ထားရာ ​နေ့ထူး​နေ့မြတ်​တစ်​ပါးပါ
   ဗုဒ္ဓ အ​လောင်​းလျာ သိဒ္ဓတၳမင်​းသား ဖွား​တော်​မူတဲ့​နေ့ ဖွားဖက်​​တော်​ ငါး​ယောက်​နဲ့အတူ ​လောကကို အလင်​း​ဆောင်​ဖို့ ​ရောက်​လာတဲ့​နေ့ဟာ မဟာသက္ကရာဇ်​ ၆၈ ခုနှစ်​ ကဆုန်​လပြည်​့ ​သောကြာ​နေ့ နံနက်​ခင်​းပါ
    သစ္စာတရား ရှာ​ဖွေဖို့ ကြင်​ယာ​တော်​ ယ​သော်​ဓရာ နဲ့တကွ သား​တော်​ ရာဟုလာ ခမည်​း​တော်​ မိ​ထွေး​တော်​ နဲ့ ကပ္ပိလဝတ်​ ထီးနန်​းကို ပယ်​ခွာစွန်​့ခဲ့တာလည်​း မဟာသက္ကရာဇ်​ ၉၇ ခုနှစ်​ ကဆုန်​လပြည်​့​ တနင်္လာ​နေ့ပါ
     သုဇာတာ သ​ဌေးသမီးရဲ့ ဃနာနို့ဆွမ်​းကို ​နေရဉ္စရာမြစ်​ကမ်​းနား ၄၉ လုတ်​ ဘုန်​း​ပေး​တော်​မူပြီး ယ​နေ့ သစ္စာ​လေးပါး မြတ်​တရားကို သိသူ ဧကန်​ဖြစ်​မည်​ဆိုပါက ​ရေဆန်​ကိုတက်​​စေလို့ သစ္စာအဓိဋ္ဌာန်​ပြု သုဒ္ဓိယငစင်​ လှူတဲ့ မြက်​ရှစ်​ဆုပ်​ကို ဖွားဖက်​​တော်​ မဟာ​ဗောဓိပင်​ ​ခြေရင်​းမှာ ဖြန်​့ခင်​းလျှက်​ ​နေမဝင်​ခင်​မှာပဲ မာန်​နတ်​ရဲ့ ​နှောက်​ယှက်​မှု​တွေကို​အောင်​ ညဉ်​့ဦးယံမှာ ပု​ဗေ္ဗနိဝါသဉာဏ်​​တော်​ရ သန်​း​ခေါင်​ယံအချိန်​မှာ ဒိဗ္ဗစက္ခုဉာဏ်​​တော်​ရ မဟာသက္ကရာဇ်​ ၁၀၃ ခုနှစ်​ ကဆုန်​လပြည်​့​နေ့ ဗုဒ္ဓဟူး​နေ့ မိုး​သောက်​ယံမှာ​တော့ ပဋိစ္စသမုပ္ပါဒ်​ ကို အနု​လောမ ပဋိ​လောမဖြင်​့ ဆင်​ခြင်​​တော်​မှု၍ အာသဝက္ခဉာဏ်​ အသာဓာရဏဉာဏ်​​တော်​ ရ​တော်​မူ၍ အလုံးစုံ​သော ဗုဒ္ဓဂုဏ်​​တော်​​တွေနဲ့ ပြည်​့စုံ​တော်​မူ​သော​နေ့မို့ ဗုဒ္ဓ​နေ့ လို့မည်​တွင်​ခဲ့ပါတယ်​
ဒါ့​ကြောင်​့ပဲ ကဆုန်​လပြည်​့​နေ့မှာ ဗုဒ္ဓရဲ့ သစ္စာတရား သိရာ မဟာ​ဗောဓိပင်​ကို ဗုဒ္ဓ ဓမ္မ အဓွန်​ ့ရှည်​ ပြန်​့ပွားစည်​ပင်​​စေရန်​ ရည်​သန်​ပြီး ​ညောင်​​ရေသွန်​း​လောင်​းကြတာ ဖြစ်​မယ်​ထင်​ပါတယ်​
      မဟာသက္ကရာဇ်​ ၁၄၈ ကဆုန်​လပြည်​့​နေ့ အင်္ဂါ​နေ့ မိုး​သောက်​ယံ အ​ရှေ့တစ်​ဝှမ်​း ကမ္ဗလာ​ရောင်​နီသန်​းတဲ့ အချိန်​မှာ ​အိုနာ​သေ မကင်​းတဲ့ ခန္ဓာဝန်​ ထမ်​းရတဲ့ ဒုက္ခကို မပြီးအတိုင်​ စွန်​့လွှတ်​ပယ်​ခွာရာ
ရွှေပြည်​နိဗ္ဗာန်​သို့ အ​ရောက်​လှမ်​း​သော​နေ့ပဲ ဖြစ်​ပါတယ်​
    ဒီလို အ​လောင်​းလျာရဲ့ လူဘဝ အစ သစ္စာတရား ရှာ​ဖွေရာအစ သစ္စာ​လေးပါး သိမြင်​ရာ ​လောကသုံးပါးအလင်​း​ဆောင်​သူရဲ့ သိမြင်​ခဲ့ခြင်​းအစ ​ရွှေပြည်​နိဗ္ဗာန်​ လှမ်​းဝင်​ခြင်​းရဲ့ အစ ကဆုန်​လပြည်​့​နေ့ဟာ
ဗုဒ္ဓ​နေ့ ဆိုတဲ့ ဂုဏ်​ပုဒ်​အပြင်​
စတင်​ခြင်​း​နေ့ လို့လည်​း မှတ်​ယူသင်​့ပါ​ကြောင်​း .............
 
  သန်​းထွန်​း​လေး
အင်​းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...