သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, May 4, 2016

က​လေးငယ်​များနဲ့ သူတို့ရဲ့ သ​ဘောသဘာဝ



ဖြူစင်သော နှလုံးသားများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
     ပြန်သတိရမိ တွေးမိလို့ပါ ကလေးတွေဟာ ထူးဆန်းစွာ ခံစားတတ်တယ် စည်းကမ်းလိုက်နာတတ်တယ် ကွန့်မြူးတဲ့ စိတ်ကူးရှိတယ် ခွင့်လွှတ်နားလည်တတ်တယ် သည်းခံတတ်တယ် အမှားဝန်ခံတတ်တယ် ..........

ဥပမာပေါ့
       သူတို့တစ်တွေ မြင်းစီးတမ်း ဆော့ (ကစား) တဲ့အချိန်မှာ
ကလေးတစ်ယောက်ရဲ့ ခံစားမှုမှာ ထန်းလက်တွေကိုလည်း မြင်းအဖြစ် ခံစားတတ်တယ်

ဈေးဝယ်တန်း ဆော့ (ကစား) တဲ့အချိန်မှာ
သစ်ရွက်ခြောက်ကလေးတွေကိုလည်း ငါးခြောက်အဖြစ် သဲတွေကိုလည်း ဆန်အဖြစ် ရေကိုလည်း ဆီအဖြစ် စက္ကူ တွေကိုလည်း ပိုက်ဆံအဖြစ် ခံစားတတ်တယ်

  အဲ့ဒီလို ဆော့ (ကစား) နေတဲ့ အချိန်မှာ သူတို့လေးတွေရဲ့ မျက်နှာကို ကြည့်ပါ ဘယ်ကလေးမှ အထူးသရုပ်ဆောင်နေကြရတာမဟုတ်ဘူး မျက်နှာထားကလေးတွေကလည်း တည်တယ် မြင်စီးတဲ့ ကလေးငယ်ဟာ မြင်းစီးသမားတစ်ယောက်အသွင် မျက်နှာထားတည်ပြီး မြင်းရဲ့ ခွာသံကိုတောင် နှုတ်က စီးချက်ကျကျ လိုက်ရွတ်တယ် ဇက်ကျိုးသတ်တာတွေ မြင်းရပ်တာတွေ မောလို့ ရေတိုက်တာတွေ အဲ့ဒီလို အသေးစိတ်တွေကအစပေါ့
  ဈေးဝယ်ရာမှာလည်း ဆန်ဝယ်တယ်ဆိုပါတော့ ဒါလေးက ဘယ်ဈေးလည်းရှင် ဟင်များလိုက်တာတော် ဟိုဘက်ဆိုင်မှာ ဘယ်ဈေးပဲရှိတယ်တော့ နည်းနည်းလောက်လျော့ပါအုံး ဆိုင်ရှင်လုပ်တဲ့ ကလေးကလည်း ဘယ်ခေမတုံးဗျ မလုပ်ပါနဲ့ရှင် အရင်းကိုက ဘယ်လောက်ရှိပါတယ် ဒီဆန်တွေက အကောင်းစားတွေရှင် စမ်းယူသွားပါရှင် မကြိုက်ရင် နှစ်ဆပြန်ပေးပါ့မယ်
ဒီလို စကားတွေပြောနေချိန်မှာ သူတို့ရဲ့ မျက်နှာဟာ တယ်ကယ့် ဈေးဝယ်သူ ရောင်းသူတွေလိုပါပဲ တကူးတက ဟန်လုပ်နေရတာ မဟုတ်ပါဘူး
 
သူတို့ဟာ သဘာဝရဲ့ သဘောစရိုက် သဘာဝတွေကို ခံစားတတ်ပါတယ် စကားလုံးလှဖို့ ရွေးချယ်မသုံးဘူး စရိုက်နဲ့ လိုက်မယ့် စကားလုံးတွေပဲသုံးတာပါ

ဥပမာ
ဓားပြ တိုက်တမ်း ကစားတဲ့ ကလေးတွေဟာ အိမ်ရှင်ဘယ်မှာလဲ ထွက်ခဲ့စမ်း ရှိတာအကုန်ထုတ် စတဲ့ ဓားပြ တစ်ယောက်ရဲ့ စကား စရိုက် အသွင်အမူအရာ အားလုံးကို ထပ်တူ ဟန်ပြုလုပ် ကြပါတယ် ဘယ်သူမှ မေတ္တာသဘောနဲ့ ချစ်စွာသော အိမ်ရှင်လေးရယ် မင်းရဲ့ အိမ်တခါးသော့လေးကို ဖွင့်လိုက်ပါနော် မဖွင့်ရင် ဟော့်ဒီ မဟူရာ သေနတ်ထဲက ငွေရောင် ခဲပွင့်လေးတွေက မင်းရဲ့ နှဖူးမှာ ပတ္တမြားရောင် သွေးစလေးတွေ နေမင်းလို ဖြားစင်းသွားလိမ့်မယ် လို့ ဓားပြတစ်ယောက်ရဲ့ စရိုက်နဲ့ မညီ ထပ်တူမကျတဲ့ စကားလုံးတွေ မျက်နှာစပ်ဖြဲဖြဲတွေ ဘယ်ကလေးမှ မလုပ်ပါဘူး
ဒါက သူတို့လေးတွေရဲ့ ဇာတ်ကောင် စရိုက် သဘောသဘာဝအပေါ် ခံစားမှုပါ

ဘောလုံးကန်ကြတဲ့ အချိန်မှာ ဖိနပ်နှစ်ဖက်ချပြီး ဂိုးအဖြစ်သတ်မှတ်တယ် ဘယ်ကလေးမှ အဲ့ဒီ ဖိနပ်နှစ်ဖက်ကြားထဲ မဝင်တဲ့ ဘောလုံးကို ဂိုးလို့မအော်ဘူး ဘယ်နေရာရောက်ရင် အောက်တယ်လို့ သူတို့သတ်မှတ်တယ် သတ်မှတ်ထားတဲ့ စည်းအပြင်ရောက်ရင် ဘယ်ကလေးမှ ထပ်မကန်တော့ဘူး ဂိုးဖမ်းတဲ့ ကလေးရဲ့ လွဲချော်မှုကြောင့် ဂိုးသွားတယ် ဆိုပါစို့ ဝိုင်းပြောကြရင် ဂိုသမားကလေးက နောက်မဖြစ်ရပါဘူးကွာ မင်းကလဲ ဒီလိုပြောပြီး ဆက်ကန်ကြတယ် ဝေဖန်ခံနိုင်တယ်ပေါ့

သူတို့ဟာ အဖြေမရှိတဲ့ မေးခွန်းတွေမေးတတ်တယ်
သူတို့ဟာ လူကြီးတွေရဲ့ အသိအမှတ်ပြုမှုကို ခံချင်ကြတယ်
သူတို့ဟာ နွေးထွေးမှုကို လိုခြင်ကြတယ်
သူတို့ဟာ လွတ်လပ်မှုကို မြတ်နိုးတတ်တယ်
သူတို့ဟာ အရာရာကို စူးစမ်းချင်တယ်
သူတို့ဟာ တာမြစ်ထားတာလေးတွေကို စမ်းသပ်ကြည့်ချင်ကြတယ်
သူတို့ဟာ...............
သူတို့ဟာ................
သူတို်ဟာ.................

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...